ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ် ခံထားရသလို ၊ သူတို့ ခန့်အပ် ထားတဲ့ မန်နေဂျာ ကလည်း မန်နေဂျာ အတွေ့အကြုံ နုသေးတဲ့ ဂန္တဝင် ကွင်းလယ်လူ ဟောင်း ဖရန့် လမ်းပတ် ကို ၃နှစ် စာချုပ် နဲ့ ခေါ်ယူ ထားတာ ဖြစ်ပါတယ် ။

ဒါ့အပြင် လူငယ် အကယ်ဒမီ ထွက် ကစားသမား များစွာ နဲ့ ရှိရင်းစွဲ စီနီယာ ကစားသမား တွေကို ပေါင်းစပ် ထားတာကြောင့် ဒီ ရာသီ ချယ်လ်ဆီး အသင်း ကို အခု လက်ရှိ အနေအထား အထိ ရောက်လိမ့်မယ် လို့ ဘယ်သူ မှ မမျှော်မှန်း ထားခဲ့ကြတာ ဖြစ်ပါတယ် ။

 

အခု လက်ရှိ မှာ ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် အမှတ်ပေး ဇယား အဆင့် ၃ နေရာ မှာ ရပ်တည် နေပြီး ၊ ဇယားထိပ် က လီဗာပူး နဲ့ ရမှတ် ၈ မှတ် ကွာဟ နေကာ ၊ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို စိန်ခေါ်ဖို့ အနီးဆုံး နေရာ မှာ ရှိနေပါတယ် ။

အခုလို ရလဒ်ကောင်း တွေ ရရှိဖို့ အတွက် ၊ ဖရန့် လမ်းပတ် ဟာ လုပ်အား များစွာ စိုက်ထုတ် ရမှာ ဖြစ်သလို ၊ ကစားသမား တွေကိုလည်း စည်းစနစ် ကျကျ လမ်းညွှန်ပေးဖို့ လိုမယ် ဆိုတာ ယေဘူယျ အားဖြင့် ယူဆလို့ ရပါတယ် ။ ဒါ့အပြင် လမ်းပတ် ဟာ ကစားသမား ဘဝ ကတည်းက အလုပ် အရမ်း ကြိုးစားတဲ့သူ တဦး ဆိုတာ ၄င်းရဲ့ ဦးလေး ဖြစ်သူ ဟယ်ရီ ရက်ဒ်နပ် က မကြာခဏ ပြောခဲ့ဖူးပါတယ် ။

ထိုစဉ် က ကျင့်သုံး ခဲ့တဲ့ ပုံစံ အတိုင်း နည်းပြ ဘဝ မှာလည်း လမ်းပတ် ဟာ ချယ်လ်ဆီး အသင်းသား တွေကို ထပ်တူထပ်မျှ စေဖို့ တင်းကြပ် တဲ့ စည်းမျဉ်း စည်းကမ်း များစွာ ချမှတ် ထားပါတယ် ။ မနေ့ကပဲ ထို စည်းမျဉ်းစည်းကမ်း တွေနဲ့ ဒဏ်ကြေး သတ်မှတ်မှု အတိအကျ စာရွက်စာတမ်း တခု ထွက်ပေါ် လာခဲ့ပါတယ် ။ ထို စာတမ်း မှာ ဖော်ပြထားတဲ့ ဒဏ်ကြေး သတ်မှတ်မှု တွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် ။

………………………………………………………………………………………………………………………

စည်းကမ်း ဖောက်ဖျက်မှု ဒဏ်ကြေး

၁ ။ ပွဲကစားမယ့်နေ့ မှာ သတ်မှတ်ထားတဲ့ အချိန် အတွင်း ရောက်မလာမှု ပေါင် ၂၅၀၀
( သို့ ) အဝေးကွင်း ကစားရမယ့် ပွဲတွေမှာ ကွင်းထဲက ထွက််ခွာဖို့ အတွက်
အချိန်မှီ မရောက်ရှိမှု

၂ ။ လေကျင့်ရေး အစီအစဉ် တွေ ရောက်ရှိလာတာကို အသင်းသို့ အချိန်မှီ ပေါင် ၂၅၀၀
သတင်း မပို့မှု ( ၁၅ မိနစ် နောက်ကျတိုင်း ပေါင် ၂၅၀၀ ပေးဆောင်ရန် )

၃ ။ အသင်းလိုက် လေ့ကျင့်မှု မစတင်မီ gym သို့ ရောက်ရှိတာ နောက်ကျမှု ပေါင် ၁၀၀၀

၄ ။ အသင်း လေ့ကျင့်မှု မတိုင်မီ မန်နေဂျာ မှ သြဝါဒ ကြားနာမှု အစီအစဉ် ပေါင် ၂၅၀၀
အတွက် နောက်ကျမှု

၅ ။ အသင်း Meeting သို့ နောက်ကျမှ ရောက်ရှိလာခြင်း ( တမိနစ်လျှင် ပေါင်၅၀၀ )

၆ ။ အသင်းလိုက် လေ့ကျင့်ရေး စတင်ဖို့ နောက်ကျမှ ရောက်ရှိလာခြင်း ပေါင် ၂၀၀၀၀

၇ ။ အသင်းလိုက် နေ့လယ်စာ သုံးဆောင်နေစဉ် ( သို့ ) Meeting အချိန်တွင် ပေါင် ၁၀၀၀
ဖုန်းသံ မြည်မှု

၈ ။ လေ့ကျင့်ရေး ဝတ်စုံ ( သို့ ) ပွဲရှိတဲ့နေ့ အိမ်ကွင်း အဝေးကွင်း ဝတ်စုံ ပေါင် ၁၀၀၀
မှားယွင်းပြီး ယူဆောင်လာခြင်း

၉ ။ မန်နေဂျာ ( သို့ ) လက်ထောက် မန်နေဂျာ ကို ၄၈ နာရီ ကြို အသိမပေးပဲ ပေါင် ၅၀၀၀
ပွဲပြီး လေ့ကျင့်မှု အစီအစဉ် ပျက်ကွက်မှု

၁၀ ။ လှုမှုရေး အစီအစဉ် ၊ ကလပ် အသင်း ရဲ့ ပြင်ပ လှုပ်ရှားမှု အစီအစဉ် တွေ ပေါင် ၅၀၀၀
တွေကို ပျက်ကွက်ခြင်း ( သို့ ) ငြင်းပယ်ခြင်း

၁၁ ။ ဖျားနာခြင်း ( သို့ ) ဒဏ်ရာ ရနေခြင်း အတွက် အနားယူဖို့ ကလပ် ထံ ပေါင် ၁၀၀၀၀
သတင်း ပေးဖို့ ပျက်ကွက်ခြင်း ၊ လေ့ကျင့်မှု အတွက် ၁နာရီခွဲ ကြာမှ
ကလပ် ထံ သတင်းပို့ခြင်း

၁၂ ။ ဆေးစစ်ဖို့ ချိန်းဆိုချက် ကို နောက်ကျခြင်း ပေါင် ၂၅၀၀

( ထို အချက် တွေထဲက တခုခု ကျူးလွန်မိရင် ၁၄ ရက်အတွင်း သတ်မှတ်ထားတဲ့ ဒဏ်ကြေး ပေးဆောင်ရန် ၊ အကယ်၍ ၁၄ ရက်ထက် ကျော်လွန် ခဲ့ပါက ဒဏ်ကြေး ၂ဆ ပေးဆောင်ရန် )

ချယ်လ်ဆီး အသင်းသား အားလုံး လိုက်နာရမယ့် အတွင်း စည်းမျဉ်းစည်းကမ်းများ

* ခန္ဓာကိုယ် အချိုးအစား သတ်မှတ်ချက် ပြည့်မှီရမည် ၊ သတ်မှတ်ချက် အတွင်း မပြည့်မှီ ပါက ဒဏ်ငွေ ပေးဆောင်ရန် ။

* ကစားသမား တွေရဲ့ မိသားစုဝင် ( သို့ ) ဧည့်သည် တစုံတယောက် မှ ချယ်လ်ဆီး အသင်း ရဲ့ လေ့ကျင့်ရေး အစီအစဉ် တချို့ ကို ဝင်ရောက် ကြည့်ရှုလိုပါက ၂၄ နာရီ မတိုင်မီ မန်နေဂျာ ကို ကြိုတင် အသိပေးရန် ။

* တရားဝင် သတ်မှတ် ထားတဲ့ ဧရိယာ မှ အပ ကစားသမား တွေရဲ့ အေးဂျင့် တွေကို ဝင်ရောက်ခြင်း မပြုရန် ။

* လေ့ကျင့်မှု မစတင်မီ အသင်း မှ စီစဉ် ထားတဲ့ မနက်စာ ကို တနာရီ အလိုမှာ သုံးဆောင်ရန် ၊ လေ့ကျင့်ရေး အစီအစဉ် မတိုင်မီ အခြား အစားအစာ စားသုံးမှု မှ ရှောင်ကြဉ်ရန် ။

* လေ့ကျင့်ရေး အစီအစဉ် မရှိတဲ့ နေ့ တွေမှာ တနေရာရာ ကို ခရီးထွက်ခြင်း အတွက် ကလပ် အသင်း ရဲ့ စီမံခန့်ခွဲရေး အဖွဲ့ သို့ ကြိုတင် အသိပေးရန် ။

………………………………………………………………………………………………………………………

SPORTS MYANMAR