စကိုင်းစပေါ့ရဲ့ အစီအစဉ် တင်ဆက်သူ ပေါလ်မာဆွန်က မန်ချက်စတာစီးတီး အသင်း အနေနဲ့ နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုုံး ပြီးနောက် ချဲလ်ဆီး နဲ့ တွေ့ဆုံ ရမယ့် ပွဲစဉ်မှာ ပြသနာတွေ ကြံုရလိမ့်မယ်လို့ ပက်ဂွာဒီယိုလာ ရဲ့ အသင်းကို သတိပေး သွားခဲ့ ပါတယ်။ ချဲလ်ဆီး အသင်းဟာ လာမည့် နို၀င်ဘာ ၂၃ ရက်နေ့ အီတီဟတ် ကွင်းမှာ မန်စီးတီး ကို သွားရောက် ရင်ဆိုင် ရမှာ ဖြစ်ပြီး အဆင့် ၃ နေရာ ရောက်နေတဲ့ ဖရန့်လမ်းပတ် ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် title race ကနေ ပက်ဂွာဒီယိုလာ ရဲ့ အသင်းကို ဖယ်ထုတ်ပစ်ရန် ရည်မှန်း နေပါတယ်။

မန်စီးတီးဟာ တနင်္ဂနွေနေ့က အဓိက ပြိုင်ဘက် လီဗာပူးကို အန်ဖီးမှာ ၃ ဂိုး ၁ ဂိုးနဲ့ ရှံုးပြီး ချဲလ်ဆီးဟာ ပဲလေ့စ်ကို အနိုင်ကစား ခဲ့တာကြောင့် အမှတ်ပေးဇယား မှာ ချဲလ်ဆီးက မန်စီးတီးကို တစ်မှတ် အသာ ရနေပါတယ်။ ချဲလ်ဆီး အသင်းဟာ မန်စီးတီး ရဲ့ အမှတ်ပေးဖလား မျှော်လင့်ချက် ကို မှေးမှိန် သွားအောင် လုပ်ဖို့ အတွက် ပစ်မှတ် ထားနေသလို ဒီပွဲ မတိုင်မီ ပုံစံကောင်း ကလည်း ရရှိနေပြီး နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲဆက် အနိုင် ရထား ခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဖြစ်သူ မာဆွန် ကတော့ ချဲလ်ဆီးဟာ မန်စီးတီး ရဲ့ ယိုင်နဲ့နေတဲ့ ခံစစ်ပိုင်းကို နာကျင်မှု ပေးစွမ်း နိုင်တဲ့ စွမ်းရည် ရှိနေတယ်လို့ ယုံကြည် နေပါတယ်။

မာဆွန်က “ခင်ဗျားတို့ မှတ်ထား ရမှာက မန်စီးတီးဟာ တိုက်စစ် ကစားပုံ ကောင်းမွန် နေတဲ့ ချဲလ်ဆီး ကို အိမ်ကွင်းမှာ ကစား ရမှာပါ။ ပြီးတော့ ဒီအသင်းဟာ မန်စီးတီး နောက်တန်း ကို တမ်မီအေဗရာဟင် ၊ ခရစ်ရှန် ပူလီဆစ် ၊ မေဆင်မောင့် တို့ရဲ့ စွမ်းအား နဲ့ ပြသနာတွေ ပေးစွမ်း နိုင်ပါလိမ့်မယ်။ ဒါဟာ စီးတီး အတွက် ပြသနာ ရှိတဲ့ ပွဲစဉ် တစ်ပွဲပါ။ အကယ်လို့များ သူတို့ ဒီပွဲကို အနိုင် မရခဲ့ဘဲ လီဗာပူး က ခရစ်စတယ်ပဲလေ့စ်ကို နိုင်သွား ခဲ့မယ် ဆိုရင်….

ပြီးတော့ စီးတီးဟာ title contenders ထပ်မဖြစ်မီ (နယူးကာဆယ် (အဝေး) ၊ ဘန်လေ (အဝေး) ၊ မန်ယူနိုက်တက် (အိမ်ကွင်း) ၊ အာဆင်နယ် (အဝေး) ၊ လက်စတာ (အိမ်ကွင်း) နဲ့ ၀ုဖ် (အဝေး) စတဲ့ ပွဲကျပ်တွေကို ဖြတ်ကျော် ရမှာပါ။ ဒါဟာ ပွဲချောင် မနေပါဘူး။ ဒါပေမယ့် သူတို့ ဒီပွဲတွေ အားလုံး အနိုင်ရပြီး ခရစ်စမတ် ရောက်လာတဲ့ အခါ title race ထဲမှာ ရှိနေမယ် ဆိုရင် အခွင့်အရေး ဆတူလို့ ကျွန်တော် ပြောနိုင်မှာပါ။” လို့ ဆိုလိုက်ပါတယ်။

Title race နဲ့ ပက်သက်ပြီး မာဆွန် က “လီဗာပူးဟာ နောက်ဆုံး ၅၁ ပွဲမှာ ၁ ပွဲသာ ရှံုးနိမ့် ထားခဲ့ ပါတယ်။ ပြီးတော့ သူတို့ဟာ ဒီကာလ အတွင်း မန်စီးတီး နဲ့ ၃ကြိမ် ကစား ထားခဲ့ ပါတယ်။ ဒါ့ကြောင့် လီဗာပူးဟာ ရာသီကုန်ထိ ၄ ပွဲ ၅ ပွဲ ရှံုးမယ်လို့ ကျွန်တော် မမြင်မိ ပါဘူး။ ဒါ့ကြောင့် လီဗာပူး အပေါ်မှာပဲ မူတည် နေပြီလို့ ပြောတာပါ။ စီးတီး အနေနဲ့ လီဗာပူး တို့ ၃ ပွဲ ရှံုးတယ် ဆိုရင်တောင် သူတို့က ထပ်ပြီး ရှံုးလို့ မရပါဘူး။

ဒါ့ကြောင့် ကျွန်တော် ကတော့ လီဗာပူးတို့ ထိန်းချုပ် နိုင်ပြီလို့ ထင်ပါတယ်။ အကယ်လို့များ သူတို့ ဒီနှစ်မှာသာ ဖလား မရ ခဲ့ဘူး ဆိုရင် သူတို့ နောက်တစ်ကြိမ် ဘယ်တော့မှ ရမလဲ ဆိုတာ ကျွန်တော် မတွေးတက်တော့ ပါဘူး။ စီးတီး ရဲ့ လက်ရှိ ခံစစ် စွမ်းဆောင်ရည် နဲ့တော့ သူတို့ကို လိုက်မှီ နိုင်မယ်လို့ ကျွန်တော် မမြင် မိပါဘူး။

ပြီးတော့ လီဗာပူးဟာ အရမ်းကို ကောင်းလွန်း နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ လီဗာပူးကို အသင်းလေးတွေ အနိုင်ယူ နိုင်မယ်လို့လည်း ကျွန်တေ်ာ မထင်မိ ပါဘူး။ အကယ်၍ အနိုင်ယူ ချင်တယ် ဆို၇င်တောင် သူတို့ကို ၂ ဂိုး ၃ ဂိုးတော့ သွင်းရ ပါလိမ့်မယ်။ ကျွန်တော် ကတော့ ဒီလို ဖြစ်လာမယ်လို့ မထင်ပါဘူး။” လို့ ဆိုလိုက် ပါတယ်။

SM