ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ် ကစားသမား တဦးဖြစ်တဲ့ လင်ဒယ်လော့ဖ်က နည်းပြဟောင်းဖြစ်သူမော်ရင်ဟိုကို အမှတ်ရနေတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။ဒါ့အပြင်အဆိုပါ ပေါ်တူဂီသားကြီးကို ပေးဆပ်ရမယ့်ကျေးဇူးကြွေးတွေရှိနေသေးတယ်လို့ သူကဆိုပါတယ်။

လင်ဒယ်လော့ဖ်ဟာ နည်းပြဟောင်း မော်ရင်ဟို လက်ထက်မှာ ပြိုင်ပွဲစုံ စုစုပေါင်း ၄၅ ပွဲ ပါဝင် ကစားခွင့်ရထားခဲ့ ပြီး ဥရောပ စူပါဖလား ဖိုင်နယ်နဲ့ FA ဖလား ဖိုင်နယ် တို့လို ပွဲကြီးတွေပါ ပါဝင်ခဲ့တာဖြစ်ပါတယ်။လင်ဒယ်လော့ဖ်ဟာ မကြာသေးမီက ချီးမြှင့်ခဲ့တဲ့ ဆွီဒင်တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရယူခဲ့အပြီးမှာ မော်ရင်ဟိုကို အမှတ်ရလွမ်းဆွတ်နေတယ်လို့ ဆိုတာလာဖြစ်ပါတယ်။

လင်ဒယ်လော့ဖ်ဟာ ဒီဆုကို နှစ်ရာသီဆက် အဖြစ် ဆက်တိုက် ဆွတ်ခူးခဲ့တာဖြစ်ပြီး သူ့ရဲ့ ကစားသမား ဘဝအပေါ် မော်ရင်ဟိုက အဓိက လွှမ်းမိုး နေခဲ့တယ်လို့ ထုတ်ပြောသွားခဲ့တာလည်းဖြစ်ပါတယ်။Aftonbladed နဲ့ အင်တာဗျူးမှာ လင်ဒယ်လော့ဖ်က –

” သူ ( မော်ရင်ဟို ) ဟာ ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲ က တဦးအပါအဝင် ဖြစ်ပါတယ်။သူ့အနေနဲ့ အသင်းကြီးတွေထဲ က တသင်းသင်းကို ကိုင်တွယ်ခွင့်ရမယ် လို့လည်း ကျွန်တော်ထင်ပါတယ်။ဘောလုံး အားကစားနဲ့ ပတ်သက်ပြီး ကျွန်တော်သူ့ကို သတိရနေမိပါတယ်။

သူဟာ နည်းပြကောင်းတယောက်ဖြစ်သလို လူကောင်းသူကောင်း တယောက်လည်းဖြစ်ပါတယ်။ကျွန်တော့်အပေါ်ကိုလည်းသူက ကျေးဇူးကြွေးတွေ အများကြီးရှိပါတယ်။သူဟာ ဒီအသင်းမှာ ကျွန်တော့်ကို အခွင့်အရေး ပေးခဲ့သူလည်းဖြစ်ပါတယ်။

ကျွန်တော့်ကို အရာရာမှာ ထဲထဲ ဝင်ဝင်ဖြစ်အောင် ခေါ်ဆောင်လာပေးခဲ့သူလည်းဖြစ်ပါတယ်။ကျွန်တော်ဟာ သူ့မှာရှိတဲ့ အရာတိုင်းနဲ့ ကျွန်တော့်အတွက်သူလုပ်ဆောင်ထားတဲ့အရာတိုင်းကိုအသိအမှတ်ပြုပြီးလေးလည်းလေးစားပါတယ်။ဆူပူကြိမ်းမောင်းတာတွေကနေ ဖက်လဲတကင်းလုပ်တာတွေအထိပေါ့ဗျာ ” လို့ပြောခဲ့တာဖြစ်ပါတယ်။

လင်ဒယ်လော့ဖ်ဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာ အသင်းကနေ ရောက်လာခဲ့တာ ဖြစ်ပြီး ယူနိုက်တက် အသင်းရဲ့ အရေးပါဆုံး ကစားသမားတွေထဲကတဦးအဖြစ် တိုးတက်ကောင်းမွန်နေခဲ့ပြီဖြစ်သလိုပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ် ကစားသမားတွေထဲက တဦးဖြစ်နေခဲ့ပြီဖြစ်ပါတယ်။

နောက်ပိုင်း နှစ်တွေ အတွင်း ဆွီဒင် အသင်းအတွက် ပြသထား နိုင်ခဲ့ တဲ့ သူ့ရဲ့ ခြေ စွမ်း ကို လည်အသိအမှတ်ပြုထားခံခဲ့ရတာဖြစ်ပြီးနိုင်ငံရဲ့ တနှစ်တာအကောင်းဆုံး ကစားသမားဆုGuldenbollen ကို၂ နှစ်ဆက်အဖြစ်ဆွတ်ခူး နိုင်လိုက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေ အတွင်းမှာအဆိုပါ ဆုကိုလွှမ်းမိုးထားခဲ့တာကတော့ ဝါရင့် တိုက်စစ် မှူးကြီး တဦး ဖြစ်တဲ့ မိုဗစ်ဖြစ်ပြီး ၁၀နှစ်ဆက်တိုက်ဆွတ်ခူးထားနိုင်ခဲ့တာဖြစ်ပါတယ်။မိုဗစ်ကို ရပ်တန့်လိုက်တာကတော့ခရက်စ်နိုဒါ ခံစစ်မှူးဟောင်း ဂရန်ဗစ် ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ဒီဆုကိုရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မိုဗစ်အပြင် ဒီဆုကို ၂နှစ်ဆက်ရရှိတဲ့ တဦးတည်းသော ကစားသမားဖြစ်လာတဲ့ အပေါ် လင်ဒီလော့ဖ်က – ” အရမ်းပျော်ရွှင်နေပြီး ဂုဏ်ယူနေတာကိုရှင်းပြဖို့ တောင်ခက်ခဲပါတယ်။အခုဆိုရင် ပိုပြီးတောင် အလုပ်ကြိုးစားသွားရတော့မှာဖြစ်ပါတယ်။ကျွန်တော့်ကစားသမားဘဝမှာ နှစ်တွေအများကြီးကျန်သေးလို့ နိုင်ငံအသင်းအတွက် ပိုပြီးစွမ်းဆောင်ကောင်းစွမ်းဆောင်နိုင်ပါသေးတယ်။

ကစားသမား တဦးဟာ တွေးနေရုံနဲ့ မပြီးပါဘူး၊ အသင်းအတွက်အကောင်းဆုံးစွမ်းဆောင်ပေးဖို့လိုပါတယ်။သူတို့ဆီကနေ ဒီဆုကို ရရှိခဲ့တဲ့ အကြောင်းဖုန်းခေါ်ဆုခြင်းခံလိုက်ရတော့ကျွန်တော်အတော်လေးပျော်သွားပါတယ်။ဒီဆုကို ရလိုက်တာဟာ အများကြီး အဓိပ္ပါယ်တွေရှိနေပါတယ် “လို့ပြောခဲ့ပါတယ်။

SM