ကျွန်တော်တို့ အားလုံး လီယို မက်ဆီ ကို သိကြ ပါတယ် ။ သူ ဘယ်က လာတယ် ၊ ဘယ်မှာ ကစားတယ် ၊ ဘယ်လို ကစားတယ် ၊ ဘယ်လို ဂိုးတွေ သွင်းတယ် ၊ ဘာတွေ အောင်မြင် ထားတယ် ဆိုတာ တွေ အားလုံး ကို သိထား ကြပါတယ် ။ ဒီ လူ ဟာ ဘောလုံး သမိုင်းမှာ မြင်တွေ့ ရခဲ လှတဲ့ ကစား သမား တစ်ဦး ဆိုတာ ကိုလည်း လက်ခံ ထား ကြပါတယ် ။ အချို့ ကတော့ အချိန် ကာလ တစ်လျောက် အကောင်းဆုံးသော ကစား သမား ၊ အပြီးပြည့် စုံ ဆုံးသော ကစား သမား ဆိုတဲ့ ဂုဏ်ပုဒ် နဲ့ အမွှမ်းတင် ထားကြ ပါတယ် ။

ဒါပေမယ့် ဘယ်လောက်ပဲ ပြီးပြည့်စုံ ပါတယ် ဆိုတဲ့ သူပဲ ဖြစ်ဖြစ် အားနည်းချက် ဆိုတာ ရှိကြစမြဲပါ ။ လီယွန်နယ် မက်ဆီ ဟာ လည်း လူသား တစ်ဦး ဖြစ်တာ ကြောင့် အားသာချက် ၊ အားနည်းချက် တွေ ပိုင်ဆိုင် ထား မှာ အမှန် ပါပဲ ။

ပြီးခဲ့တဲ့ ရက်ပိုင်း က တွစ်တာ အသုံးပြု သူ တစ်ဦး ဟာ မက်ဆီ မလုပ်နိုင်သော အရာများ ( သို့ ) မက်ဆီ အဖို့ လုပ်ပြ ခဲသော အရာများ ဆိုတဲ့ ခေါင်းစဉ် နဲ့ အတူ မက်ဆီ ရဲ့ အားနည်းချက် တွေကို စာရင်း ပြုစု ဖော်ပြကာ Perfect Player လို့ သတ်မှတ် လို့ မရကြောင်း ဖော်ပြ လာခဲ့ ပါတယ် ။

ဒီ အထဲ မှာ weak foot နဲ့ ဂိုးသွင်းနိုင်မှု နည်းခြင်း ၊ Perfect hat-trick မရဖူးခြင်း ၊ ခေါင်းတိုက် ဂိုးသွင်းမှု အလွန် နည်းခြင်း ၊ အဝေးကစ် မကောင်းခြင်း ၊ နောက်ပြန် မဆင်းခြင်း ၊ ဖြတ်တင်ဘော မကောင်းခြင်း ၊ ဘောလုံး ကိုင် မထားနိုင်ခြင်း စတဲ့ အချက်တွေ အပြင် ကစားကွက် တစ်ခုတည်း မှာ သာ ကစားတတ်ခြင်း ဆိုတဲ့ အချက် လည်း ပါ၀င်လာခဲ့ ပါတယ် ။

အဆိုပါ လူ ဖော်ပြခဲ့တဲ့ အချက်တွေ ထဲ က ကစားကွက် တစ်မျိုး တည်းမှာသာ ကစားတတ် ခြင်း ဆိုတဲ့ အရာ ဟာ စိတ်ဝင်စား ဖို့ ကောင်းတဲ့ အဆို တစ်ခု ဖြစ်ခဲ့ ပါတယ် ။ ဒီ အဆိုဟာ မက်ဆီ ဘာကြောင့် အာဂျင်တီးနား မှာ အဆင်မပြေ တာလဲ ဆိုတဲ့ မေးခွန်း ရဲ့ အဖြေ ဖြစ်ကောင်း ဖြစ်လာ နိုင်သလို အခြား အသင်းတွေ ကို ပြောင်းရွှေ့ ဖို့ မစဉ်းစား ခြင်း ရဲ့ အဖြေလည်း ဖြစ်လာ နိုင် ပါတယ် ။

အားလုံး သိကြတဲ့ အတိုင်း မက်ဆီ ဟာ ဘာစီလိုနာ လူငယ် အကယ်ဒမီ ကနေ ပေါ်ထွက် လာပြီး အခု အချိန် အထိ ဘာစီလိုနာ မှာ ပဲ ကစားနေ သူ ဖြစ်ပါတယ် ။ ဒါကြောင့် ဘာစီလိုနာ ရဲ့ Tiki Taka ကစားကွက် နဲ့ တစ်ထပ်တည်း ကျ အောင် ရင်းနှီး ကျွမ်းဝင် နေမယ် ဆိုတာ သံသယ ဖြစ်စရာ မလို ပါဘူး ။

 

တီကီ တာကာ ကစားပုံ ဟာ ဘောလုံး ကို လက်ခံယူ မယ် ၊ ပေးမယ် ၊ နေရာယူ မယ် ၊ ပေးမယ် ၊ ရွေ့လျားမယ် ဆိုတဲ့ ပုံစံ ကို အခြေခံ ထားပါတယ် ။ ကစား သမားတွေ ဟာ ဘောလုံး ကို အကြာကြီး ကိုင်ထားလေ့ မရှိဘဲ ခြေထဲ ရောက်လာ တာနဲ့ အသင်းဖော် တွေ နဲ့ pass and play ကစားကွက် ကို ပုံဖော် ရင်း ရှေ့ ကို ချီတက် သွားတတ်ကြ ပါတယ် ။ ဒါဟာ မက်ဆီ အတွက် တရေးနိုး ထကန်ရင်တောင် အလွတ်ရနေတဲ့ ကစားပုံပါ ။

အာဂျင်တီးနား မှာတော့ ဒီလို မကစား ပါဘူး ။ နည်းပြ အပေါ်မူ တည်ပြီး ၄-၄-၂ ၊ ၄-၃-၃ ကစားကွက်တွေ ကို ခင်းကျင်း သလို တောင်ပံ တိုက်စစ် ၊ ကွင်းလယ် ကစားကွက် အသားပေး ပုံစံတွေ ပြောင်းလဲ ခဲ့ ပါတယ် ။ ဒီ အထဲ က တစ်ခုကမှ ဘာစီလိုနာ ရဲ့ တီကီတာကာ နဲ့ ဆင်တူခြင်း မရှိခဲ့ ပါဘူး ။ ဒါက မက်ဆီ ကို အခက်တွေ့ စေခဲ့ နိုင် ပါတယ် ။

တကယ်လို့ မက်ဆီ သာ စပိန် မှာ ကစားခဲ့ရင် အများကြီး အောင်မြင်မှာ ပါလို့ ဆိုသူတွေ ရှိခဲ့ကြ ပါတယ် ။ ဒါကလည်း စပိန် အသင်း က ဘာစီလိုနာ ကစား သမားတွေကို အခြေခံပြီး တီကီတာကာ ပုံစံ နဲ့ ကစား နေခဲ့ ချိန် တုန်းက သာ ဖြစ်နိုင် ပါလိမ့်မယ် ။ ၂၀၀၀ ၀န်းကျင် လောက်က စပိန် အသင်းမျိုး ၊ လက်ရှိ စပိန် အသင်းမျိုး တို့ မှာ မက်ဆီ ၀င် ကစားရင်လည်း အဆင်ပြေ နိုင်ဖို့ မလွယ်ကူ ပါဘူး ။

ဒါကြောင့် မက်ဆီ ဟာ ကစားပုံ ပြောင်းလဲ ပြီး မကစားနိုင်ဘူး လား ဆိုတဲ့ မေးခွန်း တစ်ခု ကို ဖြစ်လာစေခဲ့ ပါတယ် ။ လက်ရှိ အချိန် မှာ မက်ဆီ ရဲ့ လုပ်ခ လစာ ကို ပေးချေ နိုင်တဲ့ ကလပ် အသင်းတွေ ရှိ နေပါပြီ ။ မန်စီးတီး ၊ PSG တို့့ပါ ။ မန်ချက် စတာ ယူနိုက်တက် တောင် မက်ဆီ ကို လစာပေးနိုင် ပါတယ် ။ ဒါပေမယ့် ဒီ အသင်းတွေ မှာ မက်ဆီ အဆင်ပြေ မှာ မဟုတ်ပါဘူး ။ ဘာလို့လည်း ဆိုတော့ အဲ့ဒီ အသင်းတွေရဲ့ ကစားပုံဟာ မက်ဆီ အတွက် ကိုက်ညီ မှာ မဟုတ်လို့ပါပဲ ။

ဒါကို လက်ရှိ ဘာစီလိုနာ မှာ တင် ကွက်ကွက် ကွင်းကွင်း မြင်တွေ့ နိုင် ပါတယ် ။ ဇာဗီ ၊ အင်နီယေစတာ ၊ မာရှေယာနို ၊ ဒန်နီ အဲလ်ဗက် တို့ မရှိတော့ တဲ့ နောက် ၊ ဂျော်ဒီ အယ်ဘာ ဒဏ်ရာတွေ နဲ့ ရုန်းကန် လာရချိန် ၊ ဘက်စကွက် နဲ့ ပီကေး တို့ အကျဘက် ရောက်လာချိန် မှာ မက်ဆီ ဟာ တီကီတာကာ လိုမျိုး မကစားရတော့ ဘဲ pass and play ယောင်ယောင် ၊ wing attacking ယောင်ယောင် ကစားပုံတွေ အောက်မှာ ရုန်းကန် လာခဲ့ရ ပါတယ် ။

ဗယ်ဗာဒီ လက်ထက် မှာ ဘာစီလိုနာ ဟာ တီကီတာကာ မကစားတာကြောင့် မက်ဆီ တစ်ဦးတည်း ရုန်းကန် နေရတဲ့ ပွဲတွေ တဖြည်းဖြည်း များပြား လာခဲ့ပြီး အဆင်မပြေမှုတွေ ကလည်း ပိုလို့ တိုးပွားလာခဲ့ ပါတယ် ။ နောက်ပိုင်း ပွဲတွေ မှာ မက်ဆီ ဟာ ကစားကွက် ကနေထက် တည်ကန်ဘောတွ ကနေ ဂိုးတွေ ပိုသွင်းလာတာ ကိုလည်း မြင်တွေ့ ရ ပါတယ် ။ ဒီ ဥပမာ တွေက ဘာစီလိုနာ ရဲ့ ကစားပုံပြောင်းလဲ မှုဟာ မက်ဆီ အတွက် အခက်အခဲ ဖြစ်စေခဲ့တယ်လို့ ယူဆ လို့ရနိုင် ခဲ့ ပါတယ် ။

ဒါဟာ မက်ဆီ နဲ့ ဘာစီလိုနာ တို့ နောက်ပိုင်းနှစ် ဥရောပ စစ်မြေပြင်တွေ မှာ အောင်မြင်မှု နဲ့ ဝေးကွာလာရတဲ့ အကြောင်းအရင်း တွေ ထဲက တစ်ခု ပါပဲ ။ မက်ဆီ ကို မှီခို မယ်ဆိုရင်တော့ တီကီတာကာ ကို ပြန်အသက်သွင်း ဖို့ လိုပါတယ် ။ ဒီလိုမှ မဟုတ်ရင်တော့ မက်ဆီ မပါဘဲ ကစားနိုင်တဲ့ ကစားပုံ တစ်ခု ကို တည်ဆောက် ရတော့မှာ ပါ ။ ဒီ အတွက် ဝေဖန်ရေး မုန်တိုင်းတွေ ကို ခံနိုင်ဖို့တော့ လိုပါလိမ့်မယ် . . .

SPORTS MYANMAR