မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ လက်ထောက် နည်းပြ ဖြစ်သူ မိုက်ကယ် ကာရစ် က ပရိသတ် တစ်ဦး အနေ နဲ့ သူဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ လူငယ် ကစား သမား တွေကို စောင့်ကြည့် ရတာ ပျော်ရွှင် နှစ်သက် လှကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ကာရစ် က လက်ရှိ ယူနိုက်တက် အသင်း ဟာ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ အနေအထား တစ်ရပ် မှာ ရှိ နေတဲ့ အကြောင်း ၊ လက်ရှိ အရံခုံ ပေါ်မှာ ရှိနေ ကြတဲ့ လူငယ် ကစား သမား တွေ ဆက်လက် တိုးတက် ကောင်းမွန် လာဖို့ ကြိုးစား ရမှာ ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် ဘရိုက်တန် နဲ့ ပွဲစဉ် မှာ အကယ်ဒမီ ထွက် ကစားသမားလေး တွေ ဖြစ်ကြ တဲ့ ပါရဲရား နဲ့ ရပ်ရှ်ဖို့ တို့ရဲ့ သွင်းဂိုး တွေကို မြင်တွေ့ ရခြင်း နဲ့ ပွဲဦးထွက် မှာပဲ ဘရန်ဒန် ဝီလီယံ မှ ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ခြင်း တွေက တစ်ကယ့် ကို ကောင်းမွန် လှကြောင်း ကာရစ် က ဆက်လက် ပြောကြား သွားခဲ့ ပါတယ် ။

” သူတို့ ကို စောင့်ကြည့် ရတာ တစ်ကယ် ပဲ ကောင်းမွန် လှပါတယ် ။ ကျွန်တော် ဟာ ပရိသတ် တစ်ဦး အနေ နဲ့ပဲ ကြည့်ရှု နေတာပါ ။ လူငယ် ကစားသမား လေး တွေဟာ လွတ်လပ်မှု အပြည့် ၊ ပျော်ရွှင်မှု အပြည့် ၊ စိတ်လှုပ်ရှားမှု အပြည့် ၊ ခွန်အား အပြည့် နဲ့ တိုက်စစ်ဆင် ကစား နေကြ ပါတယ် ။ အဲ့တာ တွေကို စောင့်ကြည့် ရခြင်း က ပျော်ရွှင် နှစ်သက် ဖွယ်ရာ ပါပဲ ”

” လူငယ် ကစားသမား တွေကို နေရာ ပေး ကစား စေခြင်း ဆိုတာ ဒီ အသင်း ရဲ့ သမိုင်းကြောင်း ၊ ရိုးရာ တွေရဲ့ အစိတ် အပိုင်း တစ်ခု ပါပဲ ။ အဲ့တာ က ဆက်လက် သက်ဝင် နေ ပါတယ် ။ ကျွန်တော် တို့ လက်ရှိ ပိုင်ဆိုင် ထားတဲ့ အသင်း နဲ့ အစု အဖွဲ့ အရ တစ်ကယ့် ကို ကောင်းမွန် တဲ့ နေရာ တစ်ခု ဆီကို ရောက်ရှိ နေတယ် လို့ ဆိုရ ပါ့မယ် ” လို့ ကာရစ်က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ကာရစ် က အသင်း မှာ နေရာ ရရှိ နေ ကြတဲ့ လူငယ် ကစားသမား တွေကို ဘယ်လို တာဝန်ယူ ကစား ကြရ မလဲ ဆိုတာ တွေကို သင်ပြ လေ့ ရှိတဲ့ အကြောင်း ပြောကြား သွားခဲ့ ပါတယ် ။ လက်ရှိ အချိန် အသက် 38 နှစ် ရှိပြီ ဖြစ်တဲ့ ကာရစ် ဟာ အသင်း မှာ 12 နှစ်တာ ရှိနေ ခဲ့တဲ့ ကာလ အတွင်း ပရီးမီးယား လိဂ် ပွဲစဉ် 312 ပွဲ အထိ ကစား ပေး ခဲ့သူ ဖြစ်တာ ကြောင့် အသင်း အကြောင်း ကောင်းကောင်း သိရှိ နေသူ ပဲ ဖြစ်ပါတယ် ။

” အသင်း မှာ ဘာတွေ လုပ်ဆောင် ရမလဲ ဆိုတာ ကို နားလည် သိရှိရ ပါ့မယ် ။ ကစားသမား ဘဝ ဆိုတာ အတက် နဲ့ အကျ တွေ ရှိနေ မှာ ပါပဲ ။ ထိပ်ပိုင်း ကို တက်ရောက် နိုင်စွမ်း ရှိနေ ခြင်း နဲ့ ထိပ်ပိုင်း မှာ ရှိနေ ရခြင်း ဆိုတာ ခြားနား လှ ပါတယ် ။ ဒီ အတွက် ကျွန်တော် တို့ ပေးဆပ် မှုတွေ ပြုလုပ် ကြရ ပါတယ် ”

” ကစားသမား တစ်ဦး အဖြစ် နဲ့ ဆိုရင် ကျွန်တော် ဒီ အသင်း ရဲ့ အစိတ်အပိုင်း တစ်ဦး အဖြစ် ကိုယ်စားပြု ကစား ခွင့် ရရှိ ခဲ့ခြင်း က အထူး အခွင့် အရေး တစ်ရပ် ပါပဲ ။ ဒီ အသင်း အတွက် ကစား ပေး နေရ တဲ့ အခိုက်အတန့် မှာ ကျွန်တော် တို့နဲ့ အတူ တာဝန် ယူမှု တစ်ခု ဆိုတာ ကို အမြဲ ပူးတွဲ ယူရ လေ့ ရှိတက် ပါတယ် ”

” အခြား အသင်း တွေမှာ တော့ ရှိချင် မှ ရှိမှာ ပါ ။ ယူနိုက်တက် မှာတော့ အဲ့တာ က စပါယ်ရှယ် ဖြစ်တဲ့ အရာ တစ်ခု ပါပဲ ။ ကျွန်တော် အဲ့တာ ကို ကောင်းကောင်း သိရှိ နားလည် ထားခဲ့ ပြီး လက်ရှိ အသင်း ရဲ့ ကစားသမား တွေလည်း သိရှိ ထားကြ ပါတယ် ”

” မျက်နှာ အထက်မှာ အပြုံး လေးတွေနဲ့ ကစား ရခြင်း ဆိုတာ က မန်ချက်စတာ ယူနိုက်တက် လို အသင်း အတွက် အကောင်းဆုံး နည်းလမ်း တစ်ခု နဲ့ ကစား ပေး ရခြင်း ပါပဲ ” လို့ ကာရစ် က ရှင်းလင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar