မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လီဗာပူး ကို အိုးလ် ထရပ်ဖို့ဒ် မှာ ရင်ဆိုင် ခဲ့တဲ့ နောက် ပြိုင်ပွဲစုံ ပွဲစဉ် 6 ပွဲ ကစား ခဲ့ရာ မှာ 5 ပွဲ အထိ အနိုင် ရလဒ် ရယူ နိုင်ခဲ့ ပြီး 12 ဂိုး သွင်းယူ ၊ 4 ဂိုးသာ ပေးခဲ့ ရကာ ပုံစံ ကောင်းတွေ ပြန်လည် ပိုင်ဆိုင် နိုင်ခဲ့ ပါတယ် ။

အဆိုပါ ရလဒ် တွေနဲ့ ပတ်သက် လို့ ယူနိုက်တက် ဂန္ဓဝင် ဂယ်ရီ နဗီးလ် က ပျော်ရွှင် ကျေနပ် မိကြောင်း ပြောကြား သွားခဲ့ ပေမယ့် အသင်း ဟောင်း အနေ နဲ့ လမ်းကြောင်း အမှန် ပေါ်ကို ဆက်လက် လျှောက်လှမ်း နိုင်ရေး အတွက် လိုအပ်ချက် တွေ ရှိနေ သေးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဂယ်ရီ နဗီးလ် ကတော့ ဆိုးလ်ရှား အနေ နဲ့ ယူနိုက်တက် အသင်း ကို ပိုကောင်းတဲ့ နေရာ တစ်ခု ဆီကို ရောက်ရှိ စေနိုင် ဖို့ အတွက် ကစားသမား သစ်် 4 ၊ 5 ဦးခန့် ခေါ်ယူ အင်အား ဖြည့်တင်း သွားဖို့ လိုအပ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ဘုန်းမောက် အသင်း ကို ရှုံးနိမ့် ထားခဲ့ တာက လွဲရင် ဒါဟာ မန်ချက်စတာ ယူနိုက်တက် အတွက် တစ်ကယ့် ကို ကောင်းမွန် လှတဲ့ လ တစ်ခု ပါပဲ ။ ဘုန်းမောက် နဲ့ ရှံုးပွဲ က တစ်ကယ့် ကို စိတ်ပျက် စရာ ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပြီး ယူနိုက်တက် ကို ယုတ်လျော့ စေခဲ့ ပါတယ် ”

” ဒါပေမယ့် ယေဘုယျ အားဖြင့် နှိုင်းယှဉ် လိုက်မယ် ဆိုရင် ဒါဟာ အရင် လတွေ နဲ့ ယှဉ်တဲ့ အခါ ပို ကောင်းတဲ့ လ ဖြစ်တယ် လို့ ပြောလို့ ရ ပါတယ် ။ တိုက်စစ် မှာ မားကပ်စ် ရပ်ရှ်ဖို့ ၊ မာဆွန် ဂရင်းဝုဒ် ၊ အန်သိုနီ မာရှယ် ၊ ဒန်နီယယ် ဂျိမ်းစ် တို့နဲ့ အတူ တစ်ကယ့် ကို စိတ်လှုပ်ရှား ဖွယ် ပွဲစဉ် တွေကို မြင်တွေ့ ခဲ့ရ ပါတယ် ”

” ဒါပေမယ့် ယူနိုက်တက် တို့ ရှေ့ဆက် လုပ်ဆောင် ရမယ့် အလုပ် တွေ ရှိနေ ပါတယ် ။ ခံစစ် မှာ ဆိုရင် အာရွန် ဝမ် ဘစ်ဆာကာ နဲ့ ဟယ်ရီ မက်ဂွားယား တို့နဲ့ အတူ လုပ်ဆောင် စရာ အချို့ ရှိနေ ပါတယ် ။ ဘရန်ဒန် ဝီလီယံ ဆိုတဲ့ ကောင်လေး ကတော့ ကျွန်တော့် တို့ကို ကြီးမား တဲ့ မျှော်လင့်ချက် တွေ ပေးနေ ခဲ့ ပါတယ် ”

” လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း က အရည်အသွေး ကောင်းမွန် ပြီး အတွေ့ အကြံု ကြွယ်ဝ တဲ့ ကစားသမား လေးဦး ၊ ငါးဦး ခန့် လိုအပ် နေပါ သေးတယ် ။ ဒါကို ပရိသတ် တွေက လည်း မျျှော်လင့် နေ ကြမှာ အသေအချာ ပါပဲ ။ ဒါပေမယ့် အဲ့တာ က ဇန်နဝါရီ မှာ အပြောင်း အလဲ ဖြစ်နိုင် ခြေ ရှိမှာ မဟုတ် လောက်သေး ပါဘူး ”

” ဒါပေမယ့် အသင်း မှာ လိုအပ်ချက် အနည်းငယ် ရှိနေ တာတော့ အမှန် ပါပဲ ။ ဒါ စီမံကိန်း မှာ အချိန် တွေကို လိုအပ် မှာ ဖြစ်တဲ့ အတွက် စိတ်ရှည် ဖို့တော့ လိုအပ် ပါ လိမ့်မယ် ။ ဒါကို သူတို့ လုပ်ဆောင် နိုင်ဖို့ လိုအပ် ပါ လိမ့်မယ် ။ မဟုတ်ရင် လည်ပတ် နေတဲ့ သံသရာ စက်ဝိုင်း ထဲမှာ နောက်ပြန် ရောက်သွား နိုင် ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar