ထွက်ပေါ် လာတဲ့ သတင်း တစ်ရပ် အရ ပရီးမီးယား လိဂ် ထိပ်သီး ကလပ် တွေ ဖြစ်ကြ တဲ့ လီဗာပူး ၊ အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း တွေဟာ ဒေါ့မွန် အသင်း ရဲ့ ကြယ်ပွင့် ကစားသမား လေး တစ်ဦး ဖြစ်တဲ့ ဂျာကော့ ဘရန်း လာဆင် ကို ခေါ်ယူ နိုင်ဖို့ အတွက် အပြိုင် ဖြစ်နေ ကြတယ် လို့ သိရှိ လိုက်ရ ပါတယ် ။

ဒိန်းမတ် နိုင်ငံသား ကွင်းလယ် ကစားသမား လေးဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ဒေါ့မွန် အသင်း နဲ့ အတူ ကောင်းမွန် တဲ့ ခြေစွမ်း တွေ ပြသ ထားနိုင် ခဲ့တာ ကြောင့် အလားအလာကောင်း တဲ့ ကစားသမား တစ်ဦး အဖြစ် သတ်မှတ် ခံနေ ရတာ ပဲ ဖြစ် ပါတယ် ။

ဒါ့ကြောင့် အသက် 20 သာ ရှိနေ သေးတဲ့ ဒေါ့မွန် ကြယ်ပွင့် လေးကို ခေါ်ယူ နိုင်ရေး အတွက် ပရီးမီးယား လိဂ် ထိပ်သီး ကလပ် တွေ အပါအဝင် ဥရောပ ထိပ်သီး ကလပ် အချို့ ကပါ သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် စောင့်ကြည့် နေ ကြတာ ပဲ ဖြစ်ပါတယ် ။

ကစားသမား နဲ့ အတူ လက်တွဲ အလုပ် လုပ်ခဲ့ ဖူးတဲ့ အာဆင်နယ် အသင်း ရဲ့ အကြီးအကဲ ဟောင်း ဖြစ်သူ ဆဗန် မစ္စလင်းတပ် ကိုယ်တိုင် က ဂန်နား တို့ အနေ နဲ့ ဘရန်း လာဆင် ကို ခေါ်ယူ သင့်ကြောင်း ကစားသမား ဖက်မှ ထောက်ခံချက် ပေးထား ခဲ့ပါ သေးတယ် ။

ဒါ့အပြင် ဒေါ့မွန် နည်းပြဟောင်း ဖြစ်သူ ယာဂင် ကလော့ပ် ကိုယ်တိုင် ကလည်း ကစားသမား လေးရဲ့ အရည်အသွေး တွေကို သိရှိ နေတာ ကြောင့် အနာဂတ် ကောင်းတွေ ပိုင်ဆိုင် နိုင်ခြေ ရှိ နေတဲ့ ကစားသမား လေးကို စောင့်ကြည့် နေခဲ့ တယ်လို့ သိရှိ လိုက်ရ ပါတယ် ။

ဒါ့အပြင် လက်ရှိ အရည်အသွေး မြင့် လူငယ် ကစားသမား တွေနဲ့ အသင်း ကို ပြန်လည် တည်ဆောက် ဖို့ လုပ်ဆောင် နေတဲ့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ရဲ့ ရေရှည် စီမံကိန်း ထဲမှာ လည်း လာဆင် ဟာ အံဝင် နိုင်မယ့် သူ ဖြစ် နေတာ ကြောင့် ယူနိုက်တက် ဟာလည်း ဒိန်းမတ်သား လေးကို ခေါ်ယူ လို နေတာပဲ ဖြစ် ပါတယ် ။

သူဟာ ပြီး ခဲ့တဲ့ ဘောလုံး ရာသီ တုန်းက တော့ ဒေါ့မွန် အသင်း အတွက် ပြိုင်ပွဲစုံ ပွဲ 30 အထိ ပါဝင် ကစား ပေးထား နိုင်ခဲ့ ပြီး ပွဲထွက် ကစား ပေး ထားခဲ့ တဲ့ ပွဲစဉ် 17 ပွဲမှာ 3 ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။ ဒါ့အပြင် ဘိုင်ယန် နဲ့ ဆုဖလား ဆွတ်ခူးရေး ပြိုင်ပွဲ မှာလည်း အသင်း အတွက် အထောက်အကူ ပေးခဲ့ ပါ သေးတယ် ။

ဒါ့အပြင် ဘယ် တောင်ပံ တိုက်စစ် ကစားသမား လေး ဖြစ်တဲ့ လာဆင် ဟာ ဒိန်းမတ် U21 အသင်း အတွက် ဥရောပ ဖလား ပြိုင်ပွဲ မှာ မပါဝင် သေးခင် ဒိန်းမတ် လက်ရွေးစင် အသင်း ကြီးရဲ့ ပထမဆုံး အကြိမ် ခေါ်ယူ မှု ကိုလည်း ခံထား ခဲ့ရ ပါ သေးတယ် ။

လာဆင် ဟာ ဆားဘီးယား အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာလည်း အသင်း အတွက် တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ဂိုးတစ်ဂိုး သွင်းယူ ပေးထား နိုင်ခဲ့ ပါ သေးတယ် ။ ဒါပေမယ့် အသင်း ကို နောက် တစ်ဆင့် တက်ရောက် အောင်တော့ ကူညီ ပေးနိုင် ခြင်း မရှိခဲ့ ပါဘူး ။

ဒေါ့မွန် အသင်း ကို ယာဂင် ကလော့ပ် ကိုင်တွယ် ခဲ့စဉ် တုန်းက အသက် 16 နှစ် အရွယ်သာ ရှိနေ သေးတဲ့ လာဆင် ကို အဲဗာတန် အသင်း နဲ့ အပြိုင် ဂျာမန် မြေဆီ ခေါ်ဆောင် ထားခဲ့ သူပဲ ဖြစ် ပါတယ် ။ ဒါ့ကြောင့် ကလော့ပ်ဟာ ကစားသမား ဖြစ်သူ အကြောင်း အနည်း နဲ့ အများ သိရှိ ထားသူ ပဲ ဖြစ် ပါတယ် ။

လက်ရှိ ထွက်ပေါ် နေတဲ့ သတင်း အရတော့ လာဆင် ရဲ့ ဈေးကွက် အတွင်း ပြောင်းရွှေ့ ကြေးဟာ ပေါင် 15 သန်း မျှသာ ရှိ နေတယ် လို့ သိရှိ ရ ပါတယ် ။ ဒါပေမယ့် ဒေါ့မွန် အသင်း ဖက်မှ ကစားသမား အတွက် ကြီးမားတဲ့ ကမ်းလှမ်းမှု မရရှိ ခဲ့ ပါက ရောင်းထုတ် သွားဖို့ ဆန္ဒ ရှိ မနေဘူး လို့လည်း သိရှိ နေရ ပါတယ် ။

#Sports_Myanmar