ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ အကယ်ဒမီ ထွက် လူငယ် ခြေတက် အများအပြား ကို အသုံးပြု နေရာ ၊ ဒီ လူငယ် ကစားသမား တွေ ကပဲ ချယ်လ်ဆီး အသင်း ကို ရလဒ်ကောင်း များစွာ ရှာဖွေ ပေးထားပြီး ဖြစ်ပါတယ် ။ အဲ့ဒီ လူငယ် တွေထဲက နောက်ဆုံး အသင်း အတွက် ခြေစွမ်း ပြနေတဲ့ လူငယ် ကစားသမား ကတော့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ပဲ ဖြစ်ပါတယ် ။

 

ဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၊ ချယ်လ်ဆီး အသင်း က အငှား ထွက်ခွာခဲ့တဲ့ ကစားသမား တွေထဲက ခြေစွမ်း အပြဆုံး ကစားသမား တဦး လည်း ဖြစ်ကာ ၊ ဝီဂန် အသင်း မှာ တနှစ်တာ အကောင်းဆုံး ကစားသမား ဆု ကို ရရှိ ခဲ့သလို ၊ ပြီးခဲ့တဲ့ ရာသီ အင်္ဂလန် ချန်ပီယံရှစ် အကောင်းဆုံး အသင်း မှာ ပါဝင် ခဲ့ပါတယ် ။

လတ်တလော မှာ ချယ်လ်ဆီး အသင်း ရဲ့ အစွန် နောက်ခံ နေရာ နဲ့ ပတ်သက်ပြီး ပရိသတ် တွေ အားမရမှု တချို့ ဖြစ်ပေါ် နေပေမယ့် ညာနောက်ခံလူ နေရာ မှာတော့ အက်ဇ်ပီလီကွီတာ အစား ရိစ်ဂျိမ်းစ် ဖြည့်ဆော့ ပေးနိုင်မယ် ဆိုတာက ချယ်လ်ဆီး ပရိသတ် တွေ အတွက် ဝမ်းသာစရာ အနေအထား တခု ဖြစ်စေမှာ အသေအချာ ပဲ ဖြစ်ပါတယ် ။

ဂျိမ်းစ် ဟာ ပြီးခဲ့တဲ့ အေဂျက်ဇ် နဲ့ တဖက် ၄ဂိုးစီ သရေ ကျခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၊ ခရစ်စတယ် ပဲလေ့စ် ကို ၂ – ၀ နဲ့ အနိုင် ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တွေမှာ သူ့ရဲ့ ပုံစံကောင်း တွေကို ထုတ်ဖော် ပြသ နိုင်ခဲ့ပါတယ် ။ ဆန်းဒါးလန်း နဲ့ တော့တင်ဟမ် တိုက်စစ်မှူး ဟောင်း ဒါရင်းဘန့် ကတော့ ရိစ်ဂျိမ်းစ် ကို လီဗာပူး ကြယ်ပွင့် နောက်ခံလူ အလက်ဇန္ဒား အာနိုး နဲ့ နှိုင်းယှဉ် ချီးကျူး သွားခဲ့ပါတယ် ။

Talksports ရဲ့ အစီအစဉ် တခု မှာ ဒါရင်းဘန့် က ” ကျွန်တော် ဟာ ဒီ ချာတိတ် ရဲ့ ပရိသတ် တယောက် ဖြစ်နေပြီဗျ ။ တကယ် ကို ရူးလောက်စရာ ကောင်းပါတယ် ။ ရိစ်ဂျိမ်းစ် အတွက် ကံမကောင်း တဲ့ အချက်တချက် ကတော့ ဒီနေရာ မှာ ကစား နေတဲ့ ကစားသမား ဟာ ချယ်လ်ဆီး အသင်း ခေါင်းဆောင် ဖြစ်နေတာပါပဲ ။ ”

” ဒါပေမယ့် လမ်းပတ် ဟာ သူ့ရဲ့ အရည်အသွေး အကြောင်း ကောင်းကောင်း သိထားတာကြောင့် အရဲစွန့် ပွဲထုတ် ပေးဖို့ ဝန်မလေးပါဘူး ။ ဂျိမ်းစ် ဟာ ပရီးမီးယားလိဂ် ပွဲတွေ ကစားဖို့ အသင့် ဖြစ်နေပါပြီ ။ ခင်ဗျား တို့ သူ့ရဲ့ ဘောလုံး နဲ့ ပတ်သက်ပြီး အသုံးပြုတဲ့ နည်းစနစ် ကို ကြည့်မယ် ဆိုရင် ထရန့် ( အာနိုး ) နဲ့တောင် ဆင်တူ နေပါတယ် ။ ”

” သူ့ရဲ့ ဘောလုံး ပေးပို့ပုံ တွေ ၊ ဖြတ်တင်ဘော တွေဟာ တကယ် သေသပ် ကောင်းမွန်ပါတယ် ။ ဒါ့အပြင် လုပ်အားနှုန်း ကောင်းတဲ့ ချာတိတ် ဖြစ်သလို ၊ သန်မာတယ် ၊ တွန်းတွန်းတိုက်တိုက် ကစား နိုင်တယ် ။ ကျွန်တော် ကတော့ အင်္ဂလန် လက်ရွေးစင် အတွက် ညာနောက်ခံ နေရာ ဟာ အနာဂတ် မှာ အတော်လေး အားရစရာ ကောင်းမယ် လို့ ထင်ပါတယ် ။ ဒီနေရာ အတွက် နောက် ၁၀ နှစ် အထိ အပြိုင်အဆိုင် ဖြစ်နေဦးမှာပါ ။ ”

” ဒါပေမယ့် အခု အနေအထား တွေအရ ချယ်လ်ဆီး အသင်း ဟာ မေဆင်မောင့် ၊ တမ်မီ အေဘရာဟမ် ၊ ဖီကာယို တိုမိုရီ ၊ ရိစ်ဂျိမ်းစ် အစရှိတဲ့ လူငယ် ကစားသမား တွေကို စင်တင် ထားနိုင်သလို ၊ ဒီ လူငယ် တွေကလည်း အသင်း အတွက် တကယ် ပေးဆပ် ကစား နေကြပါတယ် ။ အခု အချိန် ဟာ ချယ်လ်ဆီး အတွက် တကယ် ကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အချိန် တွေပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR