စပိန် လက်ရွေးစင် တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာ ဟာ လာမယ့် ဘောလုံး ရာသီ နွေရာသီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး အသင်း ကနေ အက်သလက်တီကို အသင်း ထံသို့ ပေါင် ၅၅ သန်း နဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ခံထားရသူ ဖြစ်ပါတယ် ။ မိုရာတာ ဟာ လက်ရှိ မှာ အက်သလက်တီကို အသင်း သို့ ၁၈ လ အငှား စာချုပ် နဲ့ ရောက်ရှိနေတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ အတွင်း မှာ ချယ်လ်ဆီး အသင်း နဲ့ အက်သလက်တီကို အသင်း တွေရဲ့ အပြောင်းအရွှေ့ တာဝန်ရှိသူ တွေ အကြား ဆွေးနွေးမှု အောင်မြင်ခဲ့တာကြောင့် လာမယ့် နွေရာသီ မှာ မိုရာတာ ဟာ အက်သလက်တီကို အသင်း သို့ အပြီးသတ် ပြောင်းရွှေ့ခွင့် ရရှိတော့မှာ ဖြစ်ပါတယ် ။

မိုရာတာ ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် က ရီးရဲလ် မက်ဒရစ် အသင်း ကနေ ချယ်လ်ဆီး အသင်း ထံသို့ ပေါင် ၅၇ သန်း နဲ့ ရောက်ရှိ လာခဲ့တာကြောင့် ချယ်လ်ဆီး ပရိသတ် တွေက ၄င်းကို မျှော်လင့်တကြီး အားကိုး ခဲ့ပေမယ့် အခွင့်အရေး တွေ ရရှိခဲ့တဲ့ ကြားက ပုံစံကောင်း တွေ ဆက်တိုက် ပျောက်ဆုံး ခဲ့ရပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ ကလည်း မော်ရစ်ဇီယို ဆာရီ ရဲ့ နောက်ထပ် အခွင့်အရေး ပေးခြင်း ကို မိုရာတာ ရရှိခဲ့ပေမယ့် မန်နေဂျာ စိတ်ကြိုက် ၊ ပရိသတ် တွေရဲ့ စိတ်ကြိုက် ကစားပုံမျိုး လုံးဝ မရခဲ့တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ အက်သလက်တီကို အသင်း သို့ ၁၈ လ အငှား ထွက်ကစားဖို့ သဘောတူ လိုက်တာ ဖြစ်ပါတယ် ။

အခုအခါမှာတော့ မိုရာတာ ဟာ စပိန် မှာ ပျော်ရွှင် နေပြီး အက်သလက်တီကို အသင်း မှာလည်း ပွဲထွက်ခွင့် တွေ ရရှိနေကာ ၊ ခြေစွမ်းကောင်း တချို့ ပြသ နိုင်ခဲ့ပါတယ် ။ စပိန် သတင်း COPE နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ မိုရာတာ က ချယ်လ်ဆီး အသင်း မှာတုန်းက သူ ခြေစွမ်း မပြနိုင်ခဲ့တဲ့ ပွဲနဲ့ ရလဒ်ဆိုးတဲ့ အခြေအနေ နဲ့ တိုက်ဆိုင်ခဲ့ရင် အသင်းဖော် တွေ အားလုံး ဟာ သူ့ကို အမှားပုံချနေတဲ့ မျက်လုံး တွေနဲ့ ကြည့်ခဲ့ကြကြောင်း ဆိုခဲ့ပါတယ် ။

မိုရာတာ က ” အက်သလက် မှာ ကျွန်တော် အရမ်း ပျော်ရွှင် နေပါတယ် ။ ဒီ ကလပ် က တာဝန်ရှိသူ တွေ ၊ အသင်းဖော် တွေနဲ့လည်း ဆက်ဆံရေး အရမ်း ပြေလည်ပါတယ် ။ ချယ်လ်ဆီး အသင်း မှာတုန်း က ကျွန်တော် ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံး နေခဲ့ပါတယ် ။ အင်္ဂလန် မှာတုန်း က ကျွန်တော် အခွင့်အရေး တကြိမ် လွဲလိုက်ပြီ ဆိုရင် အသင်းဖော် တွေ အားလုံး ဟာ ကျွန်တော့ ကို ဘာ အဖြစ်မှ မရှိတဲ့ ပုံစံမျိုး နဲ့ ကြည့်နေကြတာပါ ။ ”

” ကျွန်တော့ အသက် ၂၁ ၊ ၂၂ မပြည့်ခင်က ကိုယ့်ကိုယ်ကို ရင့်ကျက်ဖို့ လိုတယ် ဆိုတာ သိထားပေမယ့် အဲ့ဒီ အချိန် တွေတုန်း ကတောင် ချယ်လ်ဆီး မှာ ရှိခဲ့တဲ့ အချိန် တွေလောက် ကိုယ့်အတွက် အခွင့်အရေး တွေက ကန့်သတ်ချက် မများခဲ့ပါဘူး ။ ဇန်နဝါရီ မှာတုန်းက ကျွန်တော့ အမျိုးသမီး ကို ချယ်လ်ဆီး ကနေ ဝေးနိုင်သမျှ ဝေးတဲ့ တခြား အသင်း ကို ပြောင်းရွှေ့ ချင်တဲ့ အကြောင်း ပဲ ပြောနေခဲ့ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဒီ ဆိုးရွားလှတဲ့ ဖိအားဒဏ် တွေ မခံချင်တော့လို့ပါ ။ ”

” အဲ့ဒီ မှာ အက်သလက် က ကျွန်တော့ ကို စိတ်ဝင်စားပုံ ပြခဲ့တယ် ၊ ချယ်လ်ဆီး ဖက်ကတော့ ကျွန်တော့ ကို ဆက်နေစေချင်ခဲ့ပါတယ် ။ တခြား ကြီးမားတဲ့ ကမ်းလှမ်းမှု ၆ခု ၊ ရခု လောက် ရခဲ့ပါသေးတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ လာမယ့် နွေရာသီ အတွက် ဘာတွေ လုပ်နိုင်မလဲ ဆိုတာ အဲ့ဒီ ကတည်းက ဆုံးဖြတ်ချက် ချခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR