ဥရောပထိပ်တန်းလိဂ်တွေကို အခုအပတ် အတွင်းရပ်နားထားမှာဖြစ်ပြီး နိုင်ငံ တကာ ခြေစစ်ပွဲစဉ်တွေ နဲ့ ခြေစမ်းပွဲတွေကို ကျင်းပသွားဖို့ရှိနေပါတယ်။နာမည်ကြီး အင်္ဂလန် အသင်းကတော့ ယူရို ၂၀၂၀ ခြေစစ်ပွဲအုပ်စု အဆင့် နောက်ဆုံး ၂ပွဲကို ကစားသွားရမှာဖြစ်ပါတယ်။

အင်္ဂလန် နည်းပြကြီး ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ လတွေ အတိုင်းပဲ လူငယ် အများစု ပါဝင်နေ တဲ့ လူစာရင်းကို ရွေးချယ်ထား ပြီး ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်လေးဆန်ချိုလည်းပါဝင်နေပါတယ်။ဆန်ချိုဟာ အသက်၁၉ နှစ်အရွယ်သာရှိသေးပေမယ့်အင်္ဂလန် စီနီယာအသင်းအတွက် ၁၀ ပွဲအထိပါဝင်ကစားပေးထားပြီးပြိီဖြစ်ပါတယ်။

သူဟာ မန်စီးတီး အကယ် ဒမီထွက် ကြယ်ပွင့် တဦးဖြစ်ပေမယ့် နာမည်ကြီး ကစား သမားတွေ များပြားလွန်းတဲ့ အီတီဟတ် မြေကို စွန့်ခွာပြီး ပွဲထွက်ခွင့်ပိုပြီး သေချာနိုင်လောက်မယ့် ဂျာမန်မြေကိုထွက်လာခဲ့တာဖြစ်ပါတယ်။သူဟာ ေါ့မွန် အရံ အသင်းမှာ ခေတ္တ ပါဝင်ကစားခဲ့ရသေးပေမယ့် နောက်ပိုင်းမှာတော့စီနီယာ အသင်းရဲ့ အားထားရတဲ့ ကစား သမားတဦးဖြစ်လာနေခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ဒေါ့မွန် အသင်းကို ပြီးခဲ့တဲ့ ရာသီ လာလီဂါ ပြိုင်ပွဲမှာ ဒုတိယနေရာရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒီရာသီ အဖွင့်ဖြစ်တဲ့ ဂျာမန်စူပါဖလား မှာပါဝင်နိုင်အောင်ကူညီပေးခဲ့ပါတယ်။ဆန်ချိုဟာအဆိုပါ ပွဲစဉ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး ကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့သလိုအယ်ကာဆာရဲ့ ဂိုးကိုလည်းဖန်တီးပေးနိုင်ခဲ့ပါတယ်။

DORTMUND, GERMANY – DECEMBER 01: Jadon Sancho of Dortmund runs with the ball during the Bundesliga match between Borussia Dortmund and Sport-Club Freiburg at Signal Iduna Park on December 01, 2018 in Dortmund, Germany. (Photo by Lars Baron/Bongarts/Getty Images)

ဆန်ချိုဟာ အသက် အရွယ် ငယ်သေး ပေမယ့် ဘောလုံး စကေးကြွယ်ဝပြီး လျင်မြန်တဲ့ ပြေးအားတွေနဲ့ပါ ပြိုင်ဘက်တွေကို လှည့်စားကျော်ဖြတ်လေ့ရှိတဲ့ ကစားသမားသမားတဦးဖြစ်ပါတယ်။သူ့ရဲ့ အဆိုပါ ဘောလုံး အလိမ် အခေါက် စွမ်းရည်တွေ ဟာ ဘောလုံးလောကရဲ့ မှော်ဆရာလို့ တင်စားရတဲ့ ရော်နယ်ဒင်ဟိုထံက လေ့လာသင်ယူခဲ့တာဖြစ်တယ်လို့သူက ထုတ်ပြောခဲ့ပါတယ်။

The Independent နဲ့ အင်တာဗျူးမှာ ဆန်ချိုက – ” Youtube မှာ ကျွန်တော်အဓိက ထားပြီး ကြည့်ဖြစ်တဲ့ ကစား သမားကတော့ ရော်နယ်ဒင်ဟိုပဲဖြစ်ပါတယ်။ဒါပေမယ့် လမ်းပတ် နဲ့ ဒရော့ဘာတို့ ချဲဆီးလ် အသင်းမှာကစားနေတုန်းကဆိုရင်လည်း တော်တော်ကြိုက်ခဲ့ပါတယ်။ကျွန်တော်ဟာ အဲ့ဒီကစားသမား ၃ယောက်ကို ပဲကြည့်လေ့ရှိခဲ့ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒင်ဟို ဟာ ဘောလုံးသမိုင်းရဲ့ အငြင်းပွားဖွယ်မရှိ ဘောလုံးစကေးကျွမ်းကျင်မှု အရှိဆုံး အဖြစ်သတ်မှတ်ခံထားရသူဖြစ်ပါတယ်။သူဟာ ဘာစီလိုနာ အသင်းမှာ ရှိနေခဲ့တဲ့ ၅နှစ်တာကာလအတွင်းမှာအကျော်ကြားဆုံးဖြစ်ခဲ့ပြီးဘောလုံးအလိမ်အခေါက်တွေ၊ ပြိုင်ဘက်ကိုလှည့်စားကျော်ဖြတ်မှုတွေက ရင်သပ်ရှုမောဖွယ်ကောင်းခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုရဲ့ ဘောလုံးစကေးတွေကို ကြည့်ရှုအားပေးရင်းကြီးပြင်းလာခဲ့ရတာနဲ့ပတ်သက်ပြီး ဆန်ချိုက – ” ပွဲတပွဲမှာ ပြိုင်ဘက်ကို ဒီလို လှည့်စားကျော်ဖြတ်နိုင်ဖို့ ဆိုတာ စကေး တွေကို လေ့လာ သင်ယူမှု ပြုလုပ်မှရပါတယ်။ဒီလို အရာတွေကိုလုပ်တာဟာ ကျွန်တော့်ကိုယ်ကျွန်တော် ဖော်ပြတာလည်းဖြစ်ပါတယ်။

ပွဲတွေအတွင်း အခုလို လိမ်ခေါက်ကစားရတာကိုကျွန်တော် ကြိုက်နှစ်သက်ပြီး အဆင်ပြေအောင်လုပ်လေ့ရှိပါတယ်။ဒီလိုလုပ်တာကြောင့် ပြိုင်ဘက်တွေလည်း ခံစစ် ကစားရတာ ခက်ခဲသွားစေပါတယ်။

ဘာကြောင့်လည်း ဆိုတော့ ကိုယ့်ရဲ့ ပြိုင်ဘက်တွေ က ကိုယ့်မှာ ဒီလို ကျွမ်းကျင်
မှုတွေ ရှိထားတယ်ဆိုတာ မသိတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်အချို့ကစားသမားတွေနဲ့ ရင်ဆိုင်ရာမှာအားသာချက်ဖြစ်စေပြီး ကျွန်တော်ကတော့ ကံကောင်းပြီး အဆင်ပြေပြေ လုပ်ဆောင်ထားနိုင်နေခဲ့ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

အင်္ဂလန် အသင်းဟာ အုပ်စုပွဲစဉ် ၆ ပွဲအပြီးမှာ ရမှတ် ၁၅ မှတ်နဲ့ ထိပ်ဆုံးမှာရပ်တည်နေပါတယ်။သူတို့ဟာ အုပ်စုနောက်ဆုံးပွဲတွေအဖြစ် မွန်တီနီဂရိုး၊ ကိုဆိုဗို တို့နဲ့ အခုအပတ် အတွင်းကစားသွားရ မှာဖြစ်ပါတယ်။