လူေတြကို သူ႔ရဲ့ ေျခစြမ္း အေပၚမွာသာ ေဝဖန္မွဳ ျပဳလုပ္ ေစလိုခဲ့တာေၾကာင့္ ယူနုိက္တက္နဲ့ ျပင္သစ္ လက္ေရြးစင္ အသင္းတုိ႔ ရဲ့ ကြင္းလယ္လူ ေပါ့လ္ ေပါ့ဂ္ဘာဟာ ကမ႓ာ့ဖလား ျပိဳင္ပြဲ အတြင္း သူအနွစ္သက္ဆံုး အရာ ျဖစ္တဲ့ ဆံပင္ ေဆးဆုိးျခင္း ကိစၥကို မျပဳလုပ္ ျဖစ္ခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားလိုက္ ပါတယ္ ။

ေပါ့ဂ္ဘာဟာ တနလၤာေန့မွာ ျပဳလုပ္ခဲ့တဲ့ လူမွဳကြန္ယက္ အင္စတာဂရမ္ ေပၚက ပရိသတ္ေတြ နဲ့ အေမးအေျဖ က႑ တစ္ခုမွာ အခုလို ထုတ္ ေဖာ္ ေျဖၾကား သြားခဲ့တာပဲ ျဖစ္ပါတယ္ ။ အဆုိပါ ေမးခြန္းေတြ ထဲက တစ္ခု ကေတာ့ …

” မင္း ကမ႓ာ့ ဖလား ျပိဳင္ပြဲ ကာလ အတြင္းမွာ ဘာ့ေၾကာင့္ ဆံပင္ကို ေဆး မဆုိး ခဲ့တာလဲ ? ” ဆိုတာပဲ ျဖစ္ပါတယ္ ။ အဆုိပါ ေမးခြန္းကို ေပါ့ဂ္ဘာက …

” က်ြန္ေတာ္ ျငိမ္းခ်မ္းမွဳကို အလုိရွိခဲ့တဲ့ ၊ လူေတြ က်ြန္ေတာ့္ရဲ့ ေျခစြမ္းပိုင္း ကိုသာ အာရံုစိုက္ ေစာင့္ၾကည့္ ၾကျပီး က်ြန္ေတာ့ရဲ့ အသြင္အျပင္ နဲ့ ပတ္သက္လို႔ ေစာဒက တက္စရာ မလိုတဲ့ ျငိမ္းခ်မ္းမွဳ မ်ိဳးေပါ့ ။ သူတုိ့ေတြကို က်ြန္ေတာ္ရဲ့ ေဘာလံုးပိုင္း ၊ ေျခစြမ္းပိုင္း ဆုိင္ရာပဲ ေဝဖန္ ေစခ်င္ခဲ့ ပါတယ္ ” လို႔ တန့္ျပန္ ေျဖၾကား သြားခဲ့တာပဲ ျဖစ္ပါတယ္ ။

မၾကာေသးခင္ ကပဲ ယူနိုက္တက္ နည္းျပၾကီး ဟိုေဆး ေမာ္ရင္ဟိုက ေပါ့ဂ္ဘာကို သူ႔ဖက္က အသင္းအတြက္ ဘာေတြ ေပးနုိင္သလဲ ဆုိတဲ့ အေပၚသာ အာရံုစိုက္ လုပ္ေဆာင္ သြားဖုိ႔ ေျပာၾကား သြားခဲ့ ပါေသးတယ္ ။

ယူနုိက္တက္ နည္းျပၾကီး ဟိုေဆး ေမာ္ရင္ဟို ကေတာ့ လက္ရွိ ကမ႓ာ့ ဖလား ကို ပူပူေႏြးေႏြး ရယူ ဆြတ္ခူး ေပါ့ဂ္ဘာ အေနနဲ့ သူ အသင္း အတြက္ ဘာေတြ လုပ္ေပး နိုင္သလဲ ဆုိတဲ့ အေပၚကိုသာ အေသအခ်ာ အာရံုစုိက္ သင့္ေၾကာင္း ၊ ေပါ့ဂ္ဘာဟာ ေဘာလံုး အေပၚ အေသအခ်ာ အာရံုစိုက္တဲ့ အတြက္ ရရွိခဲ့တဲ့ ေအာင္ျမင္မွဳေတြက အေကာင္းဆံုး သက္ေသေတြ ျဖစ္တယ္လို့ ယံုၾကည္ေၾကာင္း ေျပာၾကား ထားခဲ့ တာပဲ ျဖစ္ပါတယ္ ။

အဲ့ဒီေနာက္ မၾကာခန ဆုိသလို ေဝဖန္ ခံရတဲ့ အေၾကာင္း ကိစၥေတြ နဲ့ ပတ္သက္ျပီး …

” က်ြန္ေတာ္ ကေတာ့ ကြင္းထဲမွာ ဘာလုပ္ ရမလဲ ဆုိတဲ့ အေပၚ ကိုသာ အျပည့္ အဝ အာရံုစုိက္ လုပ္ေဆာင္ ေနဆဲ ပါပဲ ။ က်ြန္ေတာ့္ အရည္အခ်င္း နဲ့ ပတ္သက္လို႔ မိမိကုိယ္ကုိယ္ ဘယ္တုန္းကမွ သံသယ မျဖစ္ခဲ့ ဖူးပါဘူး ” လုိ႔ ေပါ့ဂ္ဘာက ေျဖၾကား သြားခဲ့ ပါတယ္ ။

ဒါ့အျပင္ စပ္စုတဲ့ ပရိသတ္ အခ်ိဳ့က သူ႔ရဲ့ ကမ႓ာ့ ဖလား ဆုတံဆိပ္ အေၾကာင္း ေမးျမန္းခဲ့ ၾကရာမွာ ေပါ့ဂ္ဘာက ” က်ြန္ေတာ့္ ဆုတံဆိပ္ကို အေမ့ဆီ ေပးထား ခဲ့ပါတယ္ ။ အင္း … က်ြန္ေတာ့္ရဲ့ အားလပ္ရက္ေတြ ကုန္ဆံုးရင္ေတာ့ သူ ျပန္ေပး လိမ့္မယ္လို့ ေမ်ွာ္လင့္ ပါတယ္ ” လို႔ ျပန္လည္ ဟာသလုပ္ ေျဖၾကား သြားခဲ့ ပါတယ္ ။

ပရိသတ္ တစ္ဦးကေတာ့ ” စေနေန့ တုန္းက ငါ႔ရဲ့ ေမြးေန႔ ျပီးဆံုးခဲ့ ပါျပီ ။ မင္းဆီက ဂ်ာစီ လက္ေဆာင္ ရရင္ေတာ့ ငါ့ရဲ့ အိပ္မက္ေတြဟာ အမွတ္တကယ္ ျဖစ္လာ ပါလိမ့္မယ္ ” လို႔ ေရးသား သြားခဲ့ ပါတယ္ ။ အဆုိပါ ေရးသားခ်က္ကို ေပါ့ဂ္ဘာက ” ေဟး ၊ မင္း အဲ့တာ ရသြားျပီ ၊ အိပ္မက္ထဲကို ျပန္ဝင္ၾကည့္လိုက္ေလ ၊ ေပ်ာ္ရႊင္စရာ ေမြးေန့ ေလးပါ ” လို႔ ျပန္လည္ စ,ေနာက္ ေျဖၾကား သြားခဲ့ ပါတယ္ ။

အျခား ပရိသတ္ တစ္ဦးကေတာ့ … ” မင္း ယူက်ဳ့ ခ်န္နယ္ တစ္ခု ေထာင္ျပီး မင္းရဲ့ ေနစဥ္ ဘဝကို ေဖာ္ျပ ေပးပါလား ? ေပါ့ဂ္ဘာ ဒိုင္ဟာရီ ဆုိတဲ့ ပံုစံ လုိမ်ိဳးေလ ” လို႔ ေမးျမန္း သြားခဲ့ရာမွာ ေပါ့ဂ္ဘာက ” ေအးဟ ၊ Pogvlog ဆုိတာမ်ိဳး ငါလုပ္ေကာင္း လုပ္ျဖစ္ လိမ့္မယ္ ” လို႔ ေျဖၾကား သြားခဲ့ပါတယ္ ။

တနလၤာေန့ ကေတာ့ ေပါ့ဂ္ဘာနဲ့ သူ႔ရဲ့ ပရိသတ္ေတြၾကား ရယ္ေမာ ေပ်ာ္ရႊင္စရာ ေန့ရက္ေလး တစ္ခု ျဖစ္သြားခဲ့ ပါတယ္ ။

Ref : Mail Online Sport

#SM

Unicode

ကမ႓ာ့ဖလား ပြိုင်ပွဲမှာ ဘာ့ကြောင့် ဆံပင် ဆေး မဆိုးခဲ့ရ သလဲ ဆိုတာ ထုတ်ဖော် ပြောကြား သွားခဲ့ပြီး ပရိသတ်တွေနဲ့ ပျော်ရွှင် ကြည်နူးဖွယ် နေ့ရက် တစ်ခုကို ဖန်တီး သွားခဲ့တဲ့ #ပေါ့ဂ်ဘာ

==========================

လူတွေကို သူ့ရဲ့ ခြေစွမ်း အပေါ်မှာသာ ဝေဖန်မှု ပြုလုပ် စေလိုခဲ့တာကြောင့် ယူနိုက်တက်နဲ့ ပြင်သစ် လက်ရွေးစင် အသင်းတို့ ရဲ့ ကွင်းလယ်လူ ပေါ့လ် ပေါ့ဂ်ဘာဟာ ကမ႓ာ့ဖလား ပြိုင်ပွဲ အတွင်း သူအနှစ်သက်ဆုံး အရာ ဖြစ်တဲ့ ဆံပင် ဆေးဆိုးခြင်း ကိစ္စကို မပြုလုပ် ဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားလိုက် ပါတယ် ။

ပေါ့ဂ်ဘာဟာ တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ လူမှုကွန်ယက် အင်စတာဂရမ် ပေါ်က ပရိသတ်တွေ နဲ့ အမေးအဖြေ ကဏ္ဍ တစ်ခုမှာ အခုလို ထုတ် ဖော် ဖြေကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ မေးခွန်းတွေ ထဲက တစ်ခု ကတော့ …

” မင်း ကမ႓ာ့ ဖလား ပြိုင်ပွဲ ကာလ အတွင်းမှာ ဘာ့ကြောင့် ဆံပင်ကို ဆေး မဆိုး ခဲ့တာလဲ ? ” ဆိုတာပဲ ဖြစ်ပါတယ် ။ အဆိုပါ မေးခွန်းကို ပေါ့ဂ်ဘာက …

” ကျွန်တော် ငြိမ်းချမ်းမှုကို အလိုရှိခဲ့တဲ့ ၊ လူတွေ ကျွန်တော့်ရဲ့ ခြေစွမ်းပိုင်း ကိုသာ အာရုံစိုက် စောင့်ကြည့် ကြပြီး ကျွန်တော့ရဲ့ အသွင်အပြင် နဲ့ ပတ်သက်လို့ စောဒက တက်စရာ မလိုတဲ့ ငြိမ်းချမ်းမှု မျိုးပေါ့ ။ သူတို့တွေကို ကျွန်တော်ရဲ့ ဘောလုံးပိုင်း ၊ ခြေစွမ်းပိုင်း ဆိုင်ရာပဲ ဝေဖန် စေချင်ခဲ့ ပါတယ် ” လို့ တန့်ပြန် ဖြေကြား သွားခဲ့တာပဲ ဖြစ်ပါတယ် ။

မကြာသေးခင် ကပဲ ယူနိုက်တက် နည်းပြကြီး ဟိုဆေး မော်ရင်ဟိုက ပေါ့ဂ်ဘာကို သူ့ဖက်က အသင်းအတွက် ဘာတွေ ပေးနိုင်သလဲ ဆိုတဲ့ အပေါ်သာ အာရုံစိုက် လုပ်ဆောင် သွားဖို့ ပြောကြား သွားခဲ့ ပါသေးတယ် ။

ယူနိုက်တက် နည်းပြကြီး ဟိုဆေး မော်ရင်ဟို ကတော့ လက်ရှိ ကမ႓ာ့ ဖလား ကို ပူပူနွေးနွေး ရယူ ဆွတ်ခူး ပေါ့ဂ်ဘာ အနေနဲ့ သူ အသင်း အတွက် ဘာတွေ လုပ်ပေး နိုင်သလဲ ဆိုတဲ့ အပေါ်ကိုသာ အသေအချာ အာရုံစိုက် သင့်ကြောင်း ၊ ပေါ့ဂ်ဘာဟာ ဘောလုံး အပေါ် အသေအချာ အာရုံစိုက်တဲ့ အတွက် ရရှိခဲ့တဲ့ အောင်မြင်မှုတွေက အကောင်းဆုံး သက်သေတွေ ဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောကြား ထားခဲ့ တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် မကြာခန ဆိုသလို ဝေဖန် ခံရတဲ့ အကြောင်း ကိစ္စတွေ နဲ့ ပတ်သက်ပြီး …

” ကျွန်တော် ကတော့ ကွင်းထဲမှာ ဘာလုပ် ရမလဲ ဆိုတဲ့ အပေါ် ကိုသာ အပြည့် အဝ အာရုံစိုက် လုပ်ဆောင် နေဆဲ ပါပဲ ။ ကျွန်တော့် အရည်အချင်း နဲ့ ပတ်သက်လို့ မိမိကိုယ်ကိုယ် ဘယ်တုန်းကမှ သံသယ မဖြစ်ခဲ့ ဖူးပါဘူး ” လို့ ပေါ့ဂ်ဘာက ဖြေကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် စပ်စုတဲ့ ပရိသတ် အချို့က သူ့ရဲ့ ကမ႓ာ့ ဖလား ဆုတံဆိပ် အကြောင်း မေးမြန်းခဲ့ ကြရာမှာ ပေါ့ဂ်ဘာက ” ကျွန်တော့် ဆုတံဆိပ်ကို အမေ့ဆီ ပေးထား ခဲ့ပါတယ် ။ အင်း … ကျွန်တော့်ရဲ့ အားလပ်ရက်တွေ ကုန်ဆုံးရင်တော့ သူ ပြန်ပေး လိမ့်မယ်လို့ မျှော်လင့် ပါတယ် ” လို့ ပြန်လည် ဟာသလုပ် ဖြေကြား သွားခဲ့ ပါတယ် ။

ပရိသတ် တစ်ဦးကတော့ ” စနေနေ့ တုန်းက ငါ့ရဲ့ မွေးနေ့ ပြီးဆုံးခဲ့ ပါပြီ ။ မင်းဆီက ဂျာစီ လက်ဆောင် ရရင်တော့ ငါ့ရဲ့ အိပ်မက်တွေဟာ အမှတ်တကယ် ဖြစ်လာ ပါလိမ့်မယ် ” လို့ ရေးသား သွားခဲ့ ပါတယ် ။ အဆိုပါ ရေးသားချက်ကို ပေါ့ဂ်ဘာက ” ဟေး ၊ မင်း အဲ့တာ ရသွားပြီ ၊ အိပ်မက်ထဲကို ပြန်ဝင်ကြည့်လိုက်လေ ၊ ပျော်ရွှင်စရာ မွေးနေ့ လေးပါ ” လို့ ပြန်လည် စ,နောက် ဖြေကြား သွားခဲ့ ပါတယ် ။

အခြား ပရိသတ် တစ်ဦးကတော့ … ” မင်း ယူကျု့ ချန်နယ် တစ်ခု ထောင်ပြီး မင်းရဲ့ နေစဉ် ဘဝကို ဖော်ပြ ပေးပါလား ? ပေါ့ဂ်ဘာ ဒိုင်ဟာရီ ဆိုတဲ့ ပုံစံ လိုမျိုးလေ ” လို့ မေးမြန်း သွားခဲ့ရာမှာ ပေါ့ဂ်ဘာက ” အေးဟ ၊ Pogvlog ဆိုတာမျိုး ငါလုပ်ကောင်း လုပ်ဖြစ် လိမ့်မယ် ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

တနင်္လာနေ့ ကတော့ ပေါ့ဂ်ဘာနဲ့ သူ့ရဲ့ ပရိသတ်တွေကြား ရယ်မော ပျော်ရွှင်စရာ နေ့ရက်လေး တစ်ခု ဖြစ်သွားခဲ့ ပါတယ် ။

Ref : Mail Online Sport

#SM