ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့မှာကစား ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ လီဗာပူး အသင်းက မန်စီးတီး အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒါကြောင့်ပွဲစဉ် ၁၂ အပြီးမှာပဲ နှစ်သင်းကြားရမှတ် ကွာဟချက် ၉ မှတ်အထိရှိသွားခဲ့ပြိီး
ချန်ပီယံဆုအတွက် အဖြေပေါ်သလောက်ဖြစ်သွားပြီလို့ အများက ယူဆနေကြပါတယ်။

ဒါပေမယ့် လီဗာပူး ရဲ့ ခါးသီးမြို့ခံ ပြိုင်ဘက် အဲဗာတန် အသင်း ကွင်းလယ်လူ ဆီဂတ်ဆန်ကတော့ ပရီးမီးယားလိဂ်ဖလားကို ဘယ်အသင်းကမှ ရသေးတာမဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။ဒါ့အပြင် သူ့ရဲ့ အဲဗာတန် အသင်းဖော်တွေကိုလည်း ရမှတ်တွေ အရယူနိုင်အောင်ကြိုးစားဖို့ ဆီဂတ်ဆန်က တိုက်တွန်းလိုက်ပါတယ်။

အိုက်စ်လန် အသင်းရဲ့ အဓိက ကစား သမား တဦးဖြစ်တဲ့ ဆီဂတ်ဆန်ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ အဆင့် နောက်ဆုံး ပွဲတွေ အတွက် တူရကီမြေကို ရောက်နေပြီး နိုဝင်ဘာ ၁၄ ရက်နေ့မှာ အိမ်ရှင်နိုင်ငံအသင်းနဲ့ ပွဲကျပ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။အဲ့ဒီနောက် ၄ရက်အကြာမှာတော့ မော်လ်ဒိုဗာ အသင်းကို အဝေးကွင်းမှာ ပဲသွားရောက်ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။

လတ်တလောမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ လီဗာပူး အသင်းက ပရီးမီးယားလိဂ် ဖလားကြီးကို ရဖို့သေချာသွားပြီလား လို့ မေးမြန်းရာမှာ ဆီဂတ်ဆန်က – ” No မရသေးပါဘူးဗျာ။ဒီဇင်ဘာ လနဲ့ ဇန်နဝါရီလ တွေ အတွင်းမှာ အများကြီးဖြစ်ပျက် ပြောင်းလဲသွားနိုင်ပါသေးတယ်။

ပြီးခဲ့တဲ့ ရာသီတုန်းကဆိုရင်လည်းသူတို့ ကောင်းကောင်းစတင်ပြီး ဦးဆောင်နိုင်ခဲ့သေးတာပဲ မဟုတ်လားဗျာ။နောက်ထပ်ပွဲတွေက အများကြီးကျန်နေပါသေးတယ်။လီဗာပူးတို့ဟာအတော်လေးကိုတောင့်တင်းပြီး မန်စီးတီးကိုတောင်အတင်းအကြပ် ချေမှုန်းထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုမှ နိုဝင်ဘာလပဲ ရှိနေပါသေးတယ်။ဒါကြောင့်လည်းအချိန်တွေက အများကြီးကျန်နေသေးတာဖြစ်ပါတယ်။လီဗာပူး အသင်းသာ ဒီပုံစံအတိုင်း ဆက်သွားနိုင်ခဲ့ရင်တော့ လိုက်မီနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ဒါပေမယ့်မန်စီးတီးတို့ကလည်း ပွဲတွေအများကြီးဆက်တိုက်အနိုင်ပြီး ချန်ပီယံလမ်းကြောင်းပေါ်ပြန်တက်လာနိုင်ပါသေးတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

နည်းပြမာကိုဆေးလ်ဗားရဲ့ အဲဗာတန် အသင်းဟာ ပွဲစဉ် ၁၂ အပြီးမှာ ၁၅ မှတ်သာရထားသေးပေမယ့် အဆင့် ၅ နေရာက ရှက်ဖီးလ်ယူနိုက်တက် အသင်းနဲ့
၃မှတ်သာ လျော့နည်းနေတာဖြစ်ပါတယ်။ဒါကြောင့်လည်း အသင်းရဲ့ အလားအလာကောင်းတွေအတွက်ကြိုးစားဖို့ ဆီ တ်ဆန်က အသင်းဖော်တွေကို တိုက်တွန်း လိုက်ပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆီဂတ်ဆန်က – ” ရှေ့ဆက်သွားဖို့အတွက် ဆောက်သမ်တန်နဲ့ ပွဲကနေ စပြီးအသင်းကို ည်ဆောက်သွားနိုင်ခဲ့တာက အတော်လေးကို အရေးပါပါတယ်။စပါးကို သရေကစားပြီး ဆောက်သမ်တန်ကို အနိုင်ယူခဲ့တာက တကယ့်ကိုတောင့်တင်းတဲ့ ပုံစံကိုပြနိုင်လိုက်တာဖြစ်ပါတယ်။

ပွဲကျပ်တွေရှိနေသေးတာဖြစ်ပြီး နော့ဝှစ်ချ်နဲ့ ပွဲအပြီးမှာ ပွဲကျပ်လေးပွဲဆက် (လက်စတာ၊ လီဗာပူး၊ ချဲဆီးလ်၊ ယူနိုက်တက် ) ကစားသွားရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့အသင်းတိုးတက်လာမယ်လို့ယုံ
ကြည်ထားပေမယ့် ဘာတွေဖြစ်လာမလဲတော့ မသိပါဘူး။

အသင်းကြီး အသင်းလေး များများစားစားရွေးချယ်စရာလည်းမရှိပါဘူး။ဇယားအပေါ်ပိုင်းကို တက်လှမ်းနိုင်ဖို့စလုပ်ရတော့မယ့် အချိန်ကိုရောက်နေပါပြီ။ကျွန်တော်တို့မှ မဟုတ်ပါဘူး၊ ယူနိုက်တက် ၊
စပါးတို့လို အသင်းတွေလည်းအတူတူပဲဖြစ်ပါတယ်။

အဆင့်၅ နဲ့ ကျွန်တော်တို့ကြားမှာ ၃မှတ်ပဲကွာဟ နေတာဖြစ်လို့ ဘယ်လိုအံ့မခန်းအရာတွေဖြစ်လာနိုင်တယ်ဆိုတာစဉ်းစားလို့ရပါတယ်။ဒီလိဂ်ရဲ့လတ်တလော အနေအထားက ၃မှတ်လောက်ရလိုက်တာနဲ့ အဆင့် ၄ဆင့် ၅ဆင့်လောက်ကို ထိုးတက်သွားနိုင်ပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။