မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဗဟို နောက်ခံလူ ဖြစ်တဲ့ နယ်လ်ဆင် ဗစ်တာ လင်ဒီလော့ဖ် က အသင်း အနေ နဲ့ ပရီးမီးယား လိဂ် ထိပ်သီး 6 သင်း ပြင်ပ က အသင်း တွေနဲ့ ရင်ဆိုင် ရတဲ့ အခါ တွေမှာ တည်ငြိမ် မှု ပိုမို ရရှိ နိုင်ဖို့ လိုအပ် တဲ့ အကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ ဘောလုံး ရာသီ မှာတော့ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲ အတွင်း ထိပ်သီး ကလပ် တွေနဲ့ ရင်ဆိုင် ခဲ့ရာ မှာ ရလဒ်တွေ ဆိုးရွားခြင်း မရှိ ခဲ့ပဲ အောက် အသင်း တွေနဲ့ ရင်ဆိုင် ရတဲ့ အခါ တွေမှာ ရလဒ် ကောင်း ပိုင်ဆိုင် နိုင်ဖို့ ပိုမို ရုန်းကန် ခဲ့ရ ပါတယ် ။ ဒါ့ကြောင့် နိုင်ငံတကာ ပွဲစဉ်တွေ ကစား ဖို့ ပြင်ဆင် နေတဲ့ လင်ဒီလော့ဖ် က …

” မန်ချက်စတာ ယူနိုက်တက် လို အသင်း အနေ နဲ့ ရှိနေ သင့်တဲ့ နေရာ တစ်ခု မှာ ရှိနေ နိုင်ဖို့ အတွက် ကျွန်တော် တို့ ပိုကောင်းအောင် လုပ်ဆောင် ရမယ့် အရာ တစ်ခု ရှိ နေတယ် လို့ ကျွန်တော် ထင်မိ ပါတယ် ။ အဲ့တာ က အပါတ်စဉ် နိုင်ပွဲ တွေကို ရှာဖွေ နိုင်ရေး ပါပဲ ”

” တစ်ခါတရံ မှာ ကျွန်တော် တို့ ကစားပုံ တွေဟာ သပ်ရပ် နေဖို့ မလို ပါဘူး ။ အနိုင် ရယူ နိုင်ဖို့ တော့ လိုအပ် ပါတယ် ။ ကျွန်တော် တို့ အသင်း မှာ ပြသနာ အနည်းငယ် ရှိနေ ပါတယ် ။ ကျွန်တော် တို့ ထိပ်သီး အသင်း တွေနဲ့ ရင်ဆိုင် ကစား ကြတဲ့ အခါ တွေမှာ ကောင်းမွန်စွာ ချိတ်ဆက် ကစား ရင်းနဲ့ ရလဒ် ကောင်းမွန် တက်ကြ ပါတယ် ”

” အဲ့တာ ပြီးလို့့ ရက် အနည်းငယ် ကြာတဲ့ အခါ ကျွန်တော် တို့ အမှတ်ပေး ဇယား အောက် နားက အသင်း လေး တွေနဲ့ ရင်ဆိုင် ကြရင် ကျွန်တော် တို့ဟာ တူညီ တဲ့ ပုံစံ နဲ့ပဲ ရှေ့ဆက် နိုင်ရေး အတွက် ကြိုးစား ကြရ ပါ့မယ် ။ ဒါပေမယ့် သက်သောင့် သက်သာ မဖြစ် ခဲ့ပဲ ရုန်းကန် ရတာ များခဲ့ ပါတယ် ”

” အရင် ပွဲတွေ တုန်းက လိုပဲ ယိမ်းယိုင် မှုတွေ ရှိခဲ့ ပေမယ့် ကျွန်တော် တို့ဟာ ဒီလို ပွဲစဉ် တွေမှာ မိနစ် 20 လောက် မြန်ဆန် စွာ ကစားရင်း ၊ နေရာယူ မှန်ကန် မှုတွေ နဲ့ အတူ အစ ကောင်းလေ့ ရှိတက် ကြ ပါတယ် ။ အဲ့ဒီနောက် ပုံစံ ကောင်းတွေ က ရပ်တန့် သွားလေ့ ရှိပြီး ကစားပုံ ညံ့ သွားတက် ပါတယ် ” လို့ လင်ဒီလော့ဖ် က ပြောကြား သွားခဲ့ ပါတယ် ။

အဲ့ဒီနောက် ပြီးခဲ့တဲ့ ရက် သတ္တပါတ် တွေက ကျဆင်း နေ ခဲ့တဲ့ သူ့ရဲ့ ခြေစွမ်း တွေနဲ့ ဒဏ်ရာ ပြသနာ တွေ အကြောင်း ကို လင်ဒီလော့ဖ် က ဆက်လက် ပြောကြားရင်း သူဟာ ခြေချောင်း ဒဏ်ရာ ရှိနေ ခဲ့တဲ့ အကြောင်း ဝန်ခံ စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် ဘယ်လို ကစားသမား ဖြစ်နေ ရမလဲ ဆိုတာ ကောင်းကောင်း သိရှိ ထား ပါတယ် ။ ကျွန်တော် ဟာ ပုံစံ တစ်ခု နဲ့ ပွဲတွေ ကစား နိုင်ရ ပါ့မယ် ။ ဘောလုံး ပေးပို့မှု တစ်ကြိမ် မှားယွင်း သွားတဲ့ အခါ တိုင်းမှာ ကျွန်တော် ဟာ နောက် တစ်ကြိမ် စွန့်စားမှု တွေ လုပ်ဆောင်ရင်း နဲ့ ကြိုးစား ကြရ ပါ့မယ် ။ ကျွန်တော် အဲ့တာ ကို လေ့လာ သင်ယူ နိုင်ခဲ့ တယ်လို့ ထင်ပါတယ် ”

” အဲ့တာ တွေကို တက်ကျွမ်း အောင် သင်ယူ နိုင်ဖို့ အတွက် နှစ်တွေ အတော် ကြာကြာ အချိန် ပေးရ ပါတယ် ။ လွယ်ကူ တဲ့ ဘောလုံး ပေးပို့ မှုတွေ လွဲချော် သွားတဲ့ အခါ တွေမှာ ရိုးရှင်း တဲ့ နည်းလမ်း တွေကို ရှာဖွေ အသုံး ပြုဖို့ က ပိုပြီး လွယ်ကူ သွားတက် ပါတယ် ။ ဒီလို အချိန် တွေမှာ ကျွန်တော် တို့ ကိုယ်တိုင် ယုံကြည် မှု ရှိနေ ဖို့ပဲ လိုအပ် တာပါ ”

” ကျွန်တော် ဟာ အသင်း ရဲ့ အကောင်းဆုံး ဖြစ်နိုင်ဖို့ အတွက် အဆက်မပြတ် ကြိုးစား အားထုတ် ခဲ့ ပါတယ် ။ ကမ႓ာ့ အကောင်းဆုံး ဖြစ်နိုင် ဖို့ ဆိုရင် ကျွန်တော် တို့ အလုပ် ၊ အလုပ် ၊ အလုပ် ဆိုတာကို ခေါင်းထဲ ထည့်ထား ကြရ ပါ့မယ် ။ ကျွန်တော့် ဆီမှာ လုပ်နိုုင် စွမ်းတွေ ရှိ နေတယ် လို့ ယုံကြည် ပါတယ် ”

” အကယ်လို့ ကျွန်တော့် ကို ကျွန်တော် မှ ယုံကြည် မနေ ရင် ကျွန်တော့် အပေါ် ဘယ်သူ ယုံကြည် တော့ မလဲ ? ကျွန်တော် ဒါကို နေ့တိုင်း လုပ်ဆောင် နိုင်တယ် ဆိုတဲ့ ယုံကြည် စိတ်နဲ့ လုပ်ပြ နိုင်ရ ပါ့မယ် ။ ကျွန်တော့် အတွက်တော့ အပြင်မှာ မိုးပဲ ရွာရွာ ၊ ဘာပဲ ဖြစ်နေ ပါစေ ၊ မနက် အစောထ ပြီး အလုပ် ကြိုးစား ရ ပါ့မယ် ”

” အဲ့တာ တွေကို ကျွန်တော့် အတွက် လုပ် ပါတယ် ။ အခု တော့ ကျွန်တော့် သားလေး အတွက် ဒါတွေ လုပ်ဆောင် နေရ ပါပြီ ။ ဒါကို ဘယ်လို ရှင်းပြ ရမလဲ ဆိုတာ နဲ့ ပတ်သက် ပြီး ကျွန်တော့် မှာ စကားလုံး တော့ မရှိဘူး ဗျာ ။ ဒါပေမယ့် မနက် မိုးလင်းလို့ သူ့ရဲ့ ပြုံးပျော် နေတဲ့ မျက်နှာလေး မြင်တွေ့ ရတိုင်း အဲ့တာ က ကျွန်တော့် ကို အပို ခွန်အား တွေ ဖြစ်စေ တာ အမှန် ပါပဲ ။ အခု ကျွန်တော် လုပ်နေတဲ့ အရာ တိုင်းက သားလေး အတွက် ပါပဲ ” လို့ လင်ဒီလော့ဖ် က ပြောကြား သွားခဲ့ ပါတယ် ။