အန်ဖီးလ် ကွင်းက လီဗာပူး – မန်စီးတီး ပွဲစဉ် ဟာ အဆုံးသတ် သွားခဲ့ ပါပြီ ။ ဒါပေမယ့် ပွဲ ဂယက် အချို့ ကတော့ ကျန်ရှိခဲ့ ပါတယ် ။ ဒီအထဲ မှာ အလှုပ်ခတ်ဆုံး ဖြစ်ခဲ့တာ ကတော့ စီးတီး တောင်ပံ ကစား သမား စတာလင် နဲ့ လီဗာပူး နောက်ခံလူ ဂျိုးဂိုးမက်တို့ ရဲ့ အချင်းများမှု ပါပဲ ။ ဒီရန်ပွဲ ဟာ အင်္ဂလန် လက်ရွေးစင် အသင်း အထိ ပါလာခဲ့ ပြီး စတာလင် ဟာ ချန်လှပ် ခံရတဲ့ အထိ ဖြစ်သွား ခဲ့ ပါတယ် ။

စတာလင် ဟာ အင်္ဂလန် အသင်းရဲ့ လေ့ကျင့်ရေး ကွင်းမှာ ဂိုးမက် ကို အထိနာ အောင် လုပ်ဆောင် ခဲ့တယ် လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ ပါတယ် ။ ဂိုးမက် ရဲ့ မျက်လုံး အောက်ဖက် နားမှာ ကုတ်ခြစ်ရာ တစ်ခု ထင်သွား ခဲ့ပြီး စတာလင် ကို မွန်တီနီဂရိုး အသင်းနဲ့ ကစားမယ့် ယူရို ၂၀၂၀ ခြေစစ်ပွဲ လူစာရင်းက နေ နည်းပြ ဆောက်ဂိတ် က ချန်လှပ် ခဲ့ ပါတယ် ။

ဒါပေမယ့် ချဲလ်ဆီး အသင်း ရဲ့ လူငယ် ကြယ်ပွင့်လေး ကလမ် ဟတ်ဆန် အိုဒွိုင်း ကတော့ မန်စီးတီး စတား ဟာ သူ့ရဲ့ Idol တစ်ယောက် ဖြစ်နေ ဆဲပါ လို့ ပြောဆို ရပ်တည် သွားခဲ့ ပါတယ် ။ Sky Sports သတင်း ဌာန နဲ့ တွေ့ဆုံ ပြောဆိုမှု မှာတော့ အိုဒွိုင်း က စတာလင် ဟာ လူကောင်း တစ်ယောက် ဖြစ်ကြောင်း နဲ့ သူ အားကျ အတုယူ ရတဲ့ ကစား သမား အဖြစ် ဆက်ရှိနေ ဆဲ ပါလို့ ပြောဆို ခဲ့တာဖြစ် ပါတယ် ။

“ရာဟင်း လို ကစားသမားမျိုးက ကျွန်တော့ အတွက် စံပြ ပါပဲ ။ သူ ကစားတဲ့ နေရာ ၊ ကလပ် နဲ့ နိုင်ငံ အတွက် သူ စွမ်းဆောင် ပြတာတွေ ဟာ တကယ် အံ့သြစရာ တွေပါပဲ ။ ဒါတွေ ကို ကျွန်တော်လည်း လုပ်ပြ ချင် ပါတယ်”

“သူ့လို ကစား သမားမျိုး ကို အနီးကပ် လေ့လာခွင့် ရတာ ဟာ တကယ် ကောင်းတဲံ အခွင့် အရေးပါပဲ ။ သူ ဟာ တကယ် ကို စိတ်ထားကောင်းတဲ့ သူပါ ။ လက်ရွေးစင် အသင်း ကို စရောက်တုန်း က သူ့ဆီ ကနေ အရမ်း ကောင်းတဲ့ ကြိုဆိုမှုတွေ ရခဲ့ ပါတယ်”

“ကျွန်တော့ ကို အမြဲ ကြိုဆိုတယ် ၊ နှုတ်ဆက် တယ် ၊ စကားတွေ ပြောပြီး အားပေးတယ် ၊ ဘယ်လို ကစားသင့် တယ်ဆိုတဲ့ အကြံတွေ လည်း ပေးခဲ့ ပါတယ် ။ သူဟာ လူကောင်း တစ်ယောက် ၊ ခေါင်းဆောင် တစ်ယောက် ဆိုရင်လည်း မမှား ပါဘူး ။ အလုပ်လည်း အရမ်းကြီးစား သလို ကွင်းထဲမှာလည်း ဂိုးတွေ အများကြီး သွင်းပေး နိုင်တဲ့ သူပါ” လို့ ဟတ်ဆန် အိုဒွိုင်း က ပြောဆို သွားခဲ့ ပါတယ် ။

စတာလင် ဟာ ယမန်နေ့ က ပြုလုပ် ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ် မှာတော့ ပြန်လည် ပါ၀င် လာခဲ့ ပြီး ဂိုးမက် နဲ့ တစ်ဖက်တည်း လေ့ကျင့်ခဲ့ ပါတယ် ။ ဒါပေမယ့် မဖြစ်သင့် တဲ့ အချင်းများမှု တွေ ကို ရှောင်ရှား နိုင်ဖို့ အတွက် ဟန်ဒါဆင် တို့လို ၀ါရင့် ကစား သမားတွေ ကို စတာလင် တို့ အနားမှာ နေစေပြီး လေ့ကျင့်ခဲ့ တယ်လို့ သိရ ပါတယ် ။

အင်္ဂလန် အသင်း ဟာ ယူရို ၂၀၂၀ ခြေစစ်ပွဲ ရဲ့ အုပ်စု အေ မှာ ၆ ပွဲ ကစား ၊ ရမှတ် ၁၅ မှတ် နဲ့ ဦးဆောင် နေပြီး ( မွန်တီ နီဂရိုးနဲ့ ပွဲမတိုင်ခင် အထိ ) ၊ ခြေစစ်ပွဲ အောင်မြင်ဖို့ လက်ကျန် ၂ ပွဲ မှာ ၃ မှတ် ရဖို့ လိုအပ် နေပါတယ် ။

SPORTS MYANMAR