ချဲလ်ဆီး နဲ့ ရီးရဲယ်မက်ဒရစ် နည်းပြဟောင်း ဖြစ်သူ ဟိုဆေး မော်ရင်ညို က မန်ချက်စတာ စီးတီး နဲ့ လီဗာပူး တို့ဟာ ၎င်းတို့ ကလပ် တွေရဲ့ စနစ်ကျတဲ့ ဖွဲ့စည်း တည်ဆောက်ပုံ တွေနဲ့ အတူ နှစ်ပေါင်းများစွာ လွှမ်းမိုး နိုင်လိမ့်မယ်လို့ ယုံကြည် နေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ နဲ့ ဥရောပ ချန်ပီယံ တို့ဟာ ပြီးခဲ့တဲ့ ရာသီက ကျန်ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတွေထက် ခေါင်းတစ်လုံး ပိုသာ ခဲ့ကာ မန်စီးတီးက ရမှတ် ၉၈ မှတ် နဲ့ ချန်ပီယံ ဖြစ်ခဲ့သလို လီဗာပူး ကလည်း ရမှတ် ၉၇ မှတ်ထိ ရယူကာ တတိယနေရာ က အသင်းကို ၂၆ နဲ့ ၂၅ မှတ် ဖြတ်ထား နိုင်ခဲ့ ပါတယ်။

စီးတီးဟာ ပြီးခဲ့တဲ့ ရာသီက ပက်ဂွာဒီယိုလာ ရဲ့ လက်အောက်မှာ ပြည်တွင်း ဖလား ၃ လုံး စလုံးကို သိမ်းပိုက် နိုင်ခဲ့တဲ့ ပထမဦးဆုံး အင်္ဂလန် အသင်း ဖြစ်လာ ခဲ့ပြီး ယာဂန်ကလော့ ကလည်း ချန်ပီယံလိဂ် ဖိုင်နယ်ကို ၂ ကြိမ်ဆက် တက်နိုင် ခဲ့တဲ့ လီဗာပူး ကလည်း မက်ဒရစ် ဖိုင်နယ်မှာ ချန်ပီယံလိဂ် ဖလား ကို သိမ်းပိုက် ခဲ့ပါတယ်။

မော်ရင်ညို က ဒီမန်နေဂျာ နှစ်ဦးကို ၀န်းရံထားတဲ့ အရမ်း တောင့်တင်းတဲ့ အစုအဖွဲ့ကို ထောက်ပြ ခဲ့ပြီး အားလုံးဟာ တူညီတဲ့ ရည်းမှန်းချက် ကို စိတ်တူ ကိုယ်တူ အကောင်အထည် ဖော်နေကြတာ ဖြစ်တယ်လို့ ဆိုသွား ပါတယ်။

လီဗာပူး နဲ့ မန်စီးတီး တို့ လက်ရှိမှာ အောင်မြင်မှုတွေ ဘာကြောင့် ရနေသလဲ ဆိုတဲ့ မေးခွန်းကို မော်ရင်ညို က “ကျွန်တော် ကတော့ ဒီကလပ် တွေရဲ့ ဖွဲ့စည်း တည်ဆောက်ပုံ ကြောင့်လို့ ထင်ပါတယ်။ ဥပမာ အားဖြင့် မန်စီးတီး ကို တစ်ချက် ကြည့်လိုက်ပါ။ သူတို့မှာ အသင်း ပိုင်ရှင် ၊ chief executive ဖာရန်ဆိုရီယာနို ၊ director of football ဘီဂီရီစတိန်း ၊ ပက်ဂွာဒီယိုလာ ၊ ပက်ရဲ့ ၀န်ထမ်းတွေ ၊ ပြီးတော့ ကစားသမားတွေ ရှိပါတယ်။ ဒီအစုအဖွဲ့ဟာ ဟာမိုနီ ဖြစ်တယ် ၊ မျှဝေခံစား ကြတယ် ၊ ဟန်ချက်ညီတယ် ၊ အရည်အသွေး ရှိတယ် ၊ တူညီတဲ့ ပရောဂျက်ကို အတူတကွ ပုံဖော် ကြတယ် ၊ တူညီတဲ့ အို်င်ဒီယာတွေလည်း ရှိနေကြ ပါတယ်။

လီဗာပူး လား ? ယာဂန်ကလော့ ကလည်း အရမ်းကို ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ကျွန်တေ်ာ ထင်ပါတယ်။ သူဟာ အရမ်းကို တည်ငြိမ်မှု ရှိပါတယ်။ ကျွန်တော့် အထင် သူဟာ သူ့ရဲ့ ဧရိယာ တွေကို ထိန်းချုပ်ခွင့် ရထားတယ်လို့ ကျွန်တော် ယူဆ ပါတယ်။ ပြီးတော့ သူ့ကို အယူအဆ တူသူတွေ ၊ ကလပ်ရဲ့ ဖွဲ့စည်းပုံ တွေက ထောက်ပံ့ ပေးထား ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

မော်ရင်ညို က ဒီကလပ် နှစ်ခု စလုံးဟာ ဂွာဒီယိုလာ ဒါမှမဟုတ် ကလော့ တို့ အသင်း ကနေ ထွက်ခွာ သွားခဲ့မယ် ဆိုရင်တောင် ယခုလို အောင်မြင်မှုမျိုး ရနေ လိမ့်မယ်လို့ ခံစား မိနေပြီး ဒါဟာ ဒီကလပ် တွေရဲ့ ဖွဲ့စည်းပုံ အားကောင်းမှုကြောင့်လို့ ဆိုသွား ပါတယ်။

မန်ယူနို်က်တက် နည်းပြဟောင်း က “အိုကေ။ ပက်ဟာ အရမ်းကို တော်တဲ့ နည်းပြပါ။ ယာဂန် – အရမ်း တော်တဲ့ နည်းပြ ပါပဲ။ အကယ်၍ မနက်ဖြန် သူတို့ ထဲက တစ်ဦးဦး ထွက်ခွာ သွားပြီး အခြား ထိပ်တန်း နည်းပြ တစ်ဦး ၀င်ရောက် လာခဲ့မယ် ဆိုရင်.. အမှန်ပါပဲ။ ဒီနည်းပြဟာ သူတို့လို ထိပ်တန်း နည်းပြတော့ ဖြစ်နေ ရပါမယ်။ ကျွန်တော့် အမြင် ကတော့ အသင်းဟာ လက်ရှိ level မှာပဲ ဆက်ရှိ နေမယ်လို့ ထင်ပါတယ်။ စွမ်းဆောင်ရည် ဆိုတာ globality ပါ။ ကျွန်တော့် အမြင် အခြေခံ ကတော့ ဒီအရာ တွေပဲလို့ ထင်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM