ပရီးမီးယားလိဂ် ထိပ်သီး ကလပ် အသင်းတွေ ဖြစ်တဲ့ မန်ယူနိုက်တက် နဲ့ အာဆင်နယ် အသင်းတို့ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ရီးရဲလ် မက်ဒရစ် တောင်ပံ ကစားသမား လူးကပ်စ် ဗက်ဇ်ကွက်ဇ် ကို ခေါ်ယူဖို့ ကမ်းလှမ်း ခဲ့ပေမယ့် ကာယကံရှင် ကိုယ်တိုင်က ငြင်းဆန် ပယ်ချ ခဲ့တယ်လို့ သိရပါတယ် ။

အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ လူးကပ်စ် ဗက်ဇ်ကွက်ဇ် ဟာ ရီးရဲလ် မက်ဒရစ် အသင်းမှာ ပုံမှန် ပွဲ ထွက် ကစားခွင့် ရရှိခြင်း မရှိပေမယ့်လည်း ဘာနေဗျူးမှာ ပွဲထွက်ခွင့်အတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ဆုံး ဖြတ် ခဲ့ တာ လည်း ဖြစ် ပါ တယ် ။

Cadena Ser ရဲ့ ဖော်ပြချက်အရ မန်ယူနိုက်တက် ၊ အာဆင်နယ် ၊ ဘိုင်ယန်မြူးနစ် အသင်း တို့ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ ဗက်ဇ်ကွက်ဇ် ကို ခေါ်ယူဖို့ အပြိုင် ကြိုးပမ်း ခဲ့ကြပြီး ကစားသမား ကိုယ်တိုင် က အသသင်း ပြောင်းရွှေ့ဖို့ ငြင်းဆန် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။

ဗက်ဇ်ကွက်ဇ် ဟာ ကစားသမား ဘဝ တစ်လျှောက်ရီးရဲလ် မက်ဒရစ် တစ်သင်း တည်းမှာသာ ကစားခဲ့ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်တုန်းက အက်စ်ပန်ညို အသသင်းကို အငှား တစ်ကြိမ်သာ သွားရောက် ကစားခဲ့ဖူးပါတယ် ။

စပိန် တောင်ပံ ကစားသမား လူးကပ်စ် ဗက်ဇ်ကွက်ဇ် က ပြီးခဲ့တဲ့ ရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပြိုင်ပွဲစုံ ၄၇ ပွဲ အထိ ကစားခွင့် ရထားပြီး ငါးဂိုး သွင်းယူကာ ဂိုးဖန်တီးမှု လေးကြိမ် ပြု လုပ် နိုင် ခဲ့ ပါ တယ် ။

ဒါပေမယ့်လည်း ဗက်ဇ်ကွက်ဇ် ဟာ ဒီရာသီမှာ ရီးရဲလ် မက်ဒရစ် အသင်း အတွက် လေးပွဲသာ ပွဲထွက် ကစားခွင့် ရထားပါတယ် ။ ပြီးခဲ့တဲ့လက ထွက်ပေါ် ခဲ့တဲ့ သတင်းတွေအရ လေဗာကူဆင် နဲ့ နယူးကာဆယ် အသင်းတို့ဟာလည်း ဗက်ဇ်ကွက်ဇ် ကို ခေါ်ယူဖို့ ကြိုးပမ်း ခဲ့ကြတယ်လို့လည်း သိရပါတယ် ။

ရီးရဲလ်မက်ဒရစ် အသင်း နည်းပြ ဇီဒန်းဟာ လာမယ့် အပြောင်းအရွှေ့မှာ ဗက်ဇ်ကွက်ဇ် ကို ယူရို သန်း ၂၀ ရရင် ရောင်းချ သွားဖွယ် ရှိကြောင်း စပိန် အခြေစိုက် သတင်းတွေမှာ ဖော်ပြနေတာကြောင့် အာဆင်နယ် နဲ့ မန်ယူနိုက်တက် တို့ စပိန်သား ကို ခေါ်ယူဖို့ ထပ်မံ ကြိုးပမ်းလာမလားဆိုတာ စောင့်ကြည့် ရမှာပါ ။

ဗက်ဇ်ကွက်ဇ် ဟာ ဥရောပပြိုင်ပွဲတွေမှာ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ၄၄ ပွဲ ပါဝင် ကစားခွင့် ရထားပြီး စပိန် လက်ရွေးစင် အသင်းကြီးမှာ ၉ ပွဲ ပါဝင် ကစားခွင့် ရထားပါတယ် ။

SPORTS MYANMAR