မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ယခင် တုန်းက အသင်း ရဲ့ ကွင်းလယ် ပိုင်းမှာ ကစားသမား ကောင်းတွေ များစွာ ပိုင်ဆိုင် ထားခဲ့ ရတာကြောင့် 2012 ခုနှစ် တုန်းက ပြင်သစ် နိုင်ငံသား ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ကို ဂျူဗင်တပ် အသင်း ဆီ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ဆုံးရှံုး ခံခဲ့ရ ပါတယ် ။

ဒါပေမယ့် ပေါ့ဂ်ဘာ ဟာ ဂျူဗင်တပ် အသင်း ဆီကို ရောက်ရှိ ခဲ့တဲ့ နောက် ခြေစွမ်း ကောင်းတွေ ဆက်တိုက် ပြသ နိုင်ခဲ့ သလို အသင်း နဲ့ အတူ အမှတ်ပေး ဖလား ကို ဆက်တိုက် ဆွတ်ခူး နိုင်ခဲ့ ပြီး ချန်ပီယံ လိဂ် ဖိုင်နယ် ကိုလည်း တက်ရောက် နိုုင်ခဲ့ ပါတယ် ။

ဒါ့ကြောင့် 2016 ခုနှစ် မှာ ယူနိုက်တက် နည်းပြ ဖြစ်လာ တဲ့ ဟိုဆေး မော်ရင်ဟို က ဂျူဗင်တပ် မှာ တောက်ပ နေတဲ့ ပေါ့ဂ်ဘာ ကို အိုးလ် ထရပ်ဖို့ဒ် ဆီ ပြန်လည် ခေါ်ယူ နိုင်ရေး အတွက် ကလပ် စံချိန်တင် ပြောင်းရွှေ့ ကြေး တစ်ခု ဖြစ်တဲ့ ပေါင် 89 သန်း အထိ သုံးစွဲ ခဲ့ရ ပါတယ် ။

ဒါ့ကြောင့်လည်း အခြား ပြိုင်ဖက် အသင်း တွေရဲ့ ဘောလုံး ပရိသတ် အများစု က အလွတ် ပြောင်းရွှေ့ကြေး နဲ့ ဆုံးရှံုး ထား ခဲ့တဲ့ ကစားသမား တစ်ဦး အတွက် ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး သုံးစွဲ ခဲ့တဲ့ ယူနိုက်တက် ကို လှောင်ပြောင် ခဲ့ကြ ပါ သေးတယ် ။

အခုတော့ ယူနိုက်တက် အသင်း ဟာ အလားတူ ဖြစ်ရပ် မျိုး နောက်ထပ် တစ်ကြိမ် ကြံုတွေ့ရ နိုင်ခြေ ရှိနေ ခဲ့ ပါပြီ ။ ဒီ တစ်ကြိမ် ကတော့ ယူနိုက်တက် အကယ်ဒမီ မှာ ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ တာကြောင့် စီနီယာ အသင်း ဆီ ရောက်ရှိ လာခဲ့တဲ့ နယ်သာလန် နိုင်ငံသား လေး တာဟစ်ချောင် ကြောင့် ဖြစ်ပါတယ် ။

 

နယ်သာလန် U 21 ကစားသမား လေး ဖြစ်တဲ့ တာဟစ်ချောင် ဟာ ဟိုဆေး မော်ရင်ဟို ရဲ့ ပထမဆုံး ကစားသမား ခေါ်ယူမှု ဖြစ်ခဲ့ ရပြီး အကယ်ဒမီ မှာ ပညာ သင်ခွင့် ရရှိ ခဲ့ ပါတယ် ။ အဲ့ဒီ နောက် လူငယ် အသင်း မှာ မာဆွန် ဂရင်းဝုဒ် တို့နဲ့ အတူ ခြေစွမ်း ကောင်းတွေ ပြသ နိုင်ခဲ့ တာကြောင့် စီနီယာ အသင်း ရဲ့ ခေါ်ယူ မှုကို ရရှိ ခဲ့ ပါတယ် ။

ဒါပေမယ့် သူဟာ လက်တလော အခြေအနေ မှာ စီနီယာ အသင်း အတွက် ပွဲထွက် ကစား ခွင့်တွေ မရရှိ ခဲ့ပဲ အရံခုံ ပေါ်မှာ သာ အချိန် တွေ ကုန်ဆုံး နေခဲ့ ရ ပါတယ် ။ ဒါ့ကြောင့် လာမယ့် နွေမှာ အသင်း နဲ့ စာချုပ် သက်တမ်း ကုန်ဆုံး တော့မယ့် ကစား သမား လေးကို ယူနိုက်တက် မှ စာချုပ် သက်တမ်း တိုးမြှင် လိုနေ ခဲ့တာ ပဲ ဖြစ်ပါတယ် ။

ဒါပေမယ့် အခု အချိန် အထိ စာချုပ် ချုပ်ဆိုရေး ကိစ္စဟာ တိုးတက် မှု မရှိ သေးတဲ့ အတွက် သူဟာ အသင်း ပြောင်း မလား ဆိုတဲ့ သတင်း တွေ ကျယ်လောင် လာခဲ့ ပါတယ် ။ ဒီ အချိန် မှာ နယ်သာလန် သားကို ပစ်မှတ် ထားလာ ခဲ့တာ ကတော့ ဂျူဗင်တပ် အသင်း ပဲ ဖြစ်နေ ခဲ့ ပါတယ် ။

ဂျူဗင်တပ် အသင်း ဟာ အလွတ် ပြောင်းရွှေ့ကြေး နဲ့ ရရှိ နိုင်တဲ့ ကစားသမား တွေ ၊ အလားအလာ ကောင်းတဲ့ လူငယ် တွေကို ရှာဖွေ နေလေ့ ရှိတဲ့ အသင်း ဖြစ်တာ ကြောင့် ယူနိုက်တက် မှာ စာချုပ် သက်တမ်း တိုးမြှင့်ရေး ကိစ္စ ထူးခြားမှု မရှိ သေးတဲ့ တာဟစ်ချောင် ကို စောင့်ကြည့် နေခဲ့ တာပဲ ဖြစ်ပါတယ် ။

အခုတော့ ယူ 21 အသင်း အတွက် ကစား ပေးဖို့ နယ်သာလန် နိုင်ငံဆီ ပြန်လည် ရောက်ရှိ နေတဲ့ တာဟစ်ချောင် ကိုယ်တိုင် က စာချုပ် သစ် ကိစ္စ အကြောင်း ၊ သူ့ရဲ့ အနာဂတ် အကြောင်း အမေး ခံလိုက် ရတဲ့ အချိန် ရေရာ မှု မရှိ တဲ့ အဖြေ တစ်ခု ကိုသာ ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

” ဒါဟာ စောနေပါ သေးတယ် ။ ကျွန်တော် ဟာ ယူနိုက်တက် ကစားသမား အဖြစ် ရှိနေ သေးပြီး ဘောလုံး ရာသီ ကလည်း ရှေ့ဆက် နေဆဲ ပါပဲ ။ ကျွန်တော် အဲ့ဒီ အပေါ် အာရုံ စိုက်နေ ပါတယ် ။ စာချုပ် သစ် ဆိုတာ က အချိန် တန်ရင် သဘာဝ အတိုင်း ရောက်ရှိ လာပါ လိမ့်မယ် ။ ကျွန်တော် ကတော့ အခု ရာသီ အပေါ် ပဲ အာရုံစိုက် နေပါတယ် ” လို့ ချောင်က ဖြေကြား သွားခဲ့ ပါတယ် ။

အီတလီ အခြေစိုက် သတင်းစာ ဖြစ်တဲ့ ကယ်လ်စီယို မာကာတို က တာဟစ်ချောင် ဟာ စာချုပ် သက်တမ်း တိုးမြှင့် နိုင်ရေး ထက် စိန်ခေါ်မှု အသစ် ကို ရှာဖွေ သွားဖို့ စိတ်အား ထက်သန် နေတဲ့ အကြောင်း ၊ အကယ်လို့ သူသာ အသင်း ပြောင်း ဖြစ်မယ် ဆိုရင် ဂျူဗင်တပ် က လက်ဦးမှု ရယူ ပြီး ခေါ်ယူ လိမ့်မယ် ဆိုတဲ့ အကြောင်း ဖော်ပြ ထားခဲ့ ပါတယ် ။

#Sports_Myanmar