ရက်ဘူး ဆဲလ်ဘတ် တိုက်စစ်မှုးလေး အာလင်း ဟာလန်း ရဲ့ ထွန်းတောက် မှု ကတော့ အားလုံး ကို သတိပြု မိစေ လောက်အောင် ပါပဲ ။ ယူ – ၁၉ ကမ္ဘာ့ ဖလား ပြိုင်ပွဲ မှာ ရွှေဖိနပ် ဆု ကို ရခဲ့တဲ့ ကောင်လေး ဟာ ဒီနှစ် မှာတော့ ထိပ်တန်း ကစား သမားတွေ ၊ ထိပ်တန်း အသင်းတွေ စုဝေးရာ ချန်ပီယံ လိဂ် မှာ ခြေစွမ်းပြ ဂိုးတွေ သွင်းနေ ခဲ့ ပါတယ် ။ ဒါကြောင့်လည်း ဥရောပ ထိပ်သီး ကလပ် တွေ ရဲ့ ပစ်မှတ် တစ်ခု အဖြစ် အလျှင် အမြန် ရောက်ရှိ လာခဲ့တာပါ ။

ဟာလန်း ဟာ အသက် ၁၉ နှစ် သာ ရှိသေး ပါတယ် ။ ဒါပေမယ့် အရပ် ၆ ပေ ၃ လက်မ ရှိတဲ့ တိုက်စစ်မှုး လေး ဟာ အရပ် အမောင်း နဲ့ ကာယ စွမ်းအင် တို့ကို အားသာချက် အဖြစ် ရယူပြီး ပြိုင်ဘက် နောက်တန်းတွေ ကို အကြိမ်ကြိမ် ဒုက္ခ ပေးနိုင် ခဲ့ ပါတယ် ။

ဟာလန်း ဟာ ချန်ပီယံ လိဂ် ပွဲစဉ် ၁ မှာ ဟက်ထရစ် သွင်းယူ ပြီး ဘောလုံး ကမ္ဘာကြီး ကို သတိပြု မိစေ ခဲ့ သလို ပြီးခဲ့ တဲ့ အပတ် တုန်းက လည်း နောက်ထပ် ဟက်ထရစ် ကို သွင်းယူ နိုင်ခဲ့ပြန် ပါတယ် ။ ဒါဟာ ဒီရာသီ ထဲ မှာ ဟာလန်း သွင်းယူ ခဲ့တဲ့ ၅ ကြိမ် မြောက် ဟက်ထရစ် ဖြစ်ခဲ့ ပါတယ် ။

ဟက်ထရစ် သွင်းသူ တိုင်း ဟာ အဆိုပါ ပွဲ မှာ ကစား တဲ့ ဘောလုံး ( Match Ball ) ကို အောင်ပွဲခံ ပစ္စည်း အဖြစ် သိမ်းယူ သွားခွင့် ရှိပါတယ် ။ ဟက်ထရစ်ရှင် ရဲ့ ဘောလုံး မှာ အသင်းဖော်တွေ ၊ နည်းပြ တွေ က အမှတ်တရ အော်တိုတွေ ရေးထိုးပေး ကြတာဟာ ဘောလုံး ရဲ့ ဓလေ့ တစ်ခုလိုတောင် ဖြစ်လာ ခဲ့ ပါတယ် ။

ဘောလုံး သမားတွေ ဟာ သူတို့ရဲ့ ဟက်ထရစ် ဘောလုံးတွေ ကို အမြတ်တနိုး နဲ့ သိမ်းဆည်း ထားတတ်ကြ ပါတယ် ။ အချို့ က စင်ပေါ်မှာ ၊ အချို့ က ဖန်ကလပ် တွေ ပေါ်မှာ ထားပြီး သူတို့ လုပ်ခဲ့တဲ့ အရာတွေ ကို ပြန်တွေးရင်း ကြည်နူး တတ်ကြပါတယ် ။ ဒါပေမယ့် နော်ဝေသားလေး ကတော့ အခြားသူတွေ ထက် ဘောလုံး ကို ပိုလို့ ရူးသွပ် ပုံပါပဲ ။

“ကျွန်တော့ အိပ်ယာ ပေါ်မှာ ဟက်ထရစ် သွင်းရင်း ရလာတဲ့ ဘောလုံး ၅ လုံး ရှိ ပါတယ် ။ အခု ထိတော့ ကျွန်တော် ဒီဘောလုံး တွေ နဲ့ ပဲ အိပ် ပါတယ် ။ သူတို့ ဟာ ကျွန်တော့ ရဲ့ ကောင်မလေးတွေ ပါပဲ” လို့ ဟာလန်း က သူ့ရဲ့ ဘောလုံး အပေါ် ရူးသွပ်မှု ကို ထုတ်ဖော် ပြောပြ သွားခဲ့ ပါတယ် ။

ဟာလန်း ရဲ့ ဘောလုံး အပေါ် ရူးသွပ်မှု ဟာ ဒီမှာတင် မပြီးသေး ပါဘူး ။ ချန်ပီယံ လိဂ် ဟာ ဥရောပ ကလပ် အသင်းသား တို့ရဲ့ အိပ်မက် မျှော်လင့်ချက် တစ်ခု ဖြစ်ပါတယ် ။ အာလင်း ဟာလန်း ကလည်း ထိုနည်း လည်းကောင်း ပါပဲ ။ ချန်ပီယံ လိဂ် တေးသွား ဟာ ဟာလန်း ရဲ့ တစ်နေ့ တာ ကို အစပြုပြီး တစ်နေ့တာ ကို အဆုံးသတ် တဲ့ အရာ ဖြစ်နေ ခဲ့ ပါတယ် ။

“ချန်ပီယံ လိဂ် တေးသွား ဟာ ကျွန်တော့ရဲ့ နှိုးစက်သံပါ ။ ဒီ အသံ နဲ့ မနက်တိုင်း ကျွန်တော် နိုးထ ပါတယ် ။ ည အိပ်ယာ ၀င်ခါနီးတိုင်း နောက်ဆုံး နားထောင် တဲ့ တေးသွား ကလည်း ဒါပါပဲ” လို့ ရက်ဘူး ဆဲလ်ဘတ် တိုက်စစ်မှုး လေး က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဟာလန်း ဟာ ဒီရာသီ ချန်ပီယံ လိဂ် မှာ သွင်းဂိုး 7 ဂိုး သွင်းယူထား ပြီး အများဆုံး အဖြစ် ရပ်တည် နေသလို ( ဒိုင်နမို ဇာဂရက် တိုက်စစ်မှုး အော်ဆစ် နဲ့ တန်းတူ ) ပြည်တွင်း ပြိုင်ပွဲ ဖြစ်တဲ့ သြစတြီးယား လိဂ် မှာလည်း သွင်းဂိုး ၁၅ ဂိုး နဲ့ နံပါတ် ၁ နေရာ ကနေ ဦးဆောင် နေခဲ့ ပါတယ် ။

ဟာလန်း ရဲ့ ဒီလို ထွန်းတောက် လာမှုတွေ ကြောင့် ဥရောပ ထိပ်သီး ကလပ် များစွာက စောင့်ကြည့် လာကြပြီ ဖြစ်ပါတယ် ။ လူးဝစ် ဆွာရက် ရဲ့ နေဝင်ချိန် အတွက် ပြင်ဆင် နေတဲ့ ဘာစီလိုနာ ဟာ အထောင်တိုက်စစ်မှုး တစ်ဦး ဖြစ်တဲ့ ဟာလန်း ကို မျက်စိကျ လာပြီး ရက်ဘူးဆဲလ်ဘတ် က တောင်းဆိုဖို့ ရှိနေတဲ့ ယူရိုသန်း ၁၀၀ ကို ပြင်ဆင် နေပြီ လို့ သတင်း တွေ ထွက်ပေါ် လာခဲ့ ပါတယ် ။

SPORTS MYANMAR