မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ပြင်သစ် လက်ရွေးစင် ကွင်းဘယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ ဟာ အသင်း ပြောင်းရွှေ့ ဖို့ အတွက် အရမ်း ကို သတင်း ကြီး နေသူ ဖြစ်ပြီး သူ့ကို ခေါ်ယူ ဖို့ အတွက် ကနဦး တုန်းက စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း က ရေပန်း အစားဆုံး ဖြစ်ခဲ့ ရ ပါတယ် ။

နောက်ပိုင်း ရီးယဲ မက်ဒရစ် ဖက်မှ ကစားသမား များစွာ ခေါ်ယူ ပြီး ပေါ့ဂ်ဘာ ကို ခေါ်ယူ ရေးနဲ့ ပတ်သက် လို့ သတင်း တွေ မှေးမှိန် သွားတဲ့ နောက် ပြင်သစ် လက်ရွေးစင် ရဲ့ အသင်း ဟောင်း ဂျူဗင်တပ် က သူ့ကို ခေါ်ယူ ဖို့ တစ်စခန်း ထ,လာ ခဲ့ပါ သေးတယ် ။

အခုတော့ အပြောင်းအရွှေ့ သတင်း တွေ နည်းပါး လာတဲ့ ယူနိုက်တက် ကွင်းလယ်လူ ကို ဘောလုံး လောက ရဲ့ အခမ်းနား ဆုံး ကွင်းလယ် ကစားသမား ဟောင်း တစ်ဦး ဖြစ်တဲ့ မက်ခီလီလီ က အင်တာဗျုး အစီအစဉ် တစ်ခု မှာ ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

သတင်းထောက် : ရီးယဲ မက်ဒရစ် အသင်း ဖက်က ကြည့်ရတာ ပြင်သစ် ပေါ့ဂ်ဘာ ကို ခေါ်ယူ ဖို့ အတွက် လက်လျော့ လိုက်ပြီ ထင်တယ် နော် ။ လက်ရှိ ပြင်သစ် ကစားသမား တွေလည်းအများကြီး ပဲလေ ။

မက်ခီလီလီ : ( ရယ်လျက် ) အတိတ် တုန်းကလည်း အများကြီး ရှိခဲ့ ကြဖူး ပါတယ် ။ ကျွန်တော် တို့ အသင်း မှာ အရည်အသွေး ကောင်းတွေ အမျာ ကြီး ရှိခဲ့ ပါတယ် ။ ဒါဟာ ရီးယဲ မက်ဒရစ် နဲ့ ပြင်သစ် ကစားသမား တွေ အတွက် တစ်ကယ့် ကို ကောင်းမွန် တဲ့ အတိတ် တွေ ပါပဲ ။ လူတိုင်း က ရီးယဲ မက်ဒရစ် ဂျာစီ ကို ဝတ်ဆင် ခွင့် မရရှိ နိုင်ဘူး လေ ။

သတင်းထောက် : ပေါ့ဂ်ဘာ ရော ဝတ်ဆင် နိုင်ပါ့ မလား ?

မက်ခီလီလီ : သိပ် သေချာတာ ပေါ့ ။ ဇီဒန်း က အဲ့ဒီလို ကစား သမား မျိုးကို အရမ်း တန်ဖိုး ထားတက် ပါတယ် ။ ခက်ခဲ တဲ့ အရာတွေ ကို ဘယ်လို ကိုင်တွယ် ဖြေရှင်း ကြမလဲ ဆိုတာ သူတို့ ကောင်းကောင်း သိရှိ ထားကြ ပါတယ် ။ ပေါ့ဂ်ဘာ ဆီမှာ အထင် ကြီးဖွယ် ကောင်းတဲ့ ခြေစွမ်း တွေ ရှိနေ ပါတယ် ။ သူဟာ အသင်း ရဲ့ သင်္ကေတ တစ်ခု လို ဖြစ် နေတဲ့ အတွက် ယူနိုက်တက် အနေ နဲ့ သူ့ကို လက်လွတ် ဆုံးရှုံး ခံဖို့ အတော်လေး ခက်ခဲ နေမှာ ပါ ။

သတင်းထောက် : ပေါ့ဂ်ဘာ ဟာ ရီးယဲ မက်ဒရစ် အသင်း မှာ အောင်မြင် နိုင်မယ့် လူမျိုး လား ?

မက်ခီလီလီ : သိပ် သေချာတာ ပေါ့ ။ သူ့ရဲ့ စရိုက် လက္ခဏာ ၊ စွမ်းရည် တွေနဲ့ ပွဲစဉ် အပေါ် နားလည်မှု အစ ရှိတဲ့ အရည် အသွေး ကောင်းတွေ အများကြီး ရှိနေ ပါတယ် ။ အဲ့တာ မျိုးတွေ က ရီးယဲ မက်ဒရစ် လို အသင်း အတွက် တော့ အရမ်း ကို ကောင်းမွန် လှ ပါတယ် ။

သတင်းထောက် : ဖလော်ရန်တီနို ပီးရက်ဇ် က သူ့ကို ရယူ နိုင် လိမ့်မယ် လို့ ခင်ဗျား ထင်နေ သလား ?

မက်ခီလီလီ : ဖလော်ရန်တီနို ဟာ သူ လိုချင်တာ တွေကို ရယူ နိုင်တဲ့ သူပါ ။ သူဟာ ကလပ် အတွက် ၊ နိုင်ငံ့ အတွက် ၊ ကမ္ဘာ့ ဘောလုံး လောက အတွက် ရယူ ပြထား နိုင်ခဲ့ တာတွေ အများ ကြီး ရှိနေ ခဲ့ ပါတယ် ။ သူဟာ ရီးယဲ မက်ဒရစ် အသင်း ရဲ့ သမိုင်း ကြောင်း အတွက် အရမ်း ကို အရေး ပါတဲ့ သူ တစ်ဦး ပါပဲ ။

#Sports_Myanmar