ဥရုဂွေးသားကြီး ဆွာရက်ဇ်က ဘာစီလိုနာ အသင်းအတွက် ဆက်ပြီး ကစားပေးသွားနိုင်ဖို့ ဆန္ဒရှိနေပေမယ့် အသင်းဘက်ကလည်း နောက်ထပ် တိုက်စစ် ကစားသမား အင်အားကို ဖြည့်တင်းသွားဖို့ ရှိနေတယ် လို့ ဝန်ခံသွားခဲ့ပါတယ်။နူးကမ့်မြေကို နောက်ထပ်အထောင်တိုက်စစ်မှူးတဦးရောက်လာပါကမိမိအံ့သြမိမှာမဟုတ်ဘူးလို့သူကဆိုပါတယ်။

ဆွာရက်ဇ်ဟာ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး အပြီးမှာ လီဗာပူး အသင်းကနေ ဘာစီလိုနာ အသင်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။သူဟာအခုချိန်မှာအသက် ၃၂ နှစ် အရွယ်ရှိနေပြီ ဖြစ်ပြီး ဘာစီလိုနာ အသင်းနဲ့ ၆ရာသီမြောက် အဖြစ် ဖြတ်သန်းနေတာလည်းဖြစ်ပါတယ်။

သူဟာ ဥရုဂွေး အသင်းနဲ့ အတူကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသနာ တချို့ကျူးလွန်ခဲ့သေးတာဖြစ်လို့ သူလိုကစားသမားကို ခေါ်ယူခဲ့တဲ့ ဘာစီလိုနာ အသင်းရဲ့ လုပ်ရပ်ကို အများကစောင့်ကြည့်ခဲ့ကြသေးတာဖြစ်ပါတယ်။ဒါပေမယ့် ဆွာရက်ဇ်ဟာ တိုက်စစ်မှူးကောင်းတဦးဖြစ်တယ်ဆိုတာကို စပိန်မြေကိုရောက်လာအပြီး ၅ရာသီဆက် ဂိုး၂၀ နဲ့အထက်သွင်းယူပြီး သက်သေပြထားပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ အသက် အရွယ်ကြောင့် ခြေစွမ်းပိုင်းကျဆင်းလာမှုတွေပါရှိလာနေပါတယ်။ဆွာရက်ဇ်ကဘာစီလိုနာလိုအသင်းမှာကစားရတာ မလွယ်ဘူးလို့ ဝန်ခံခဲ့ပြီး သူ့ရဲ့အခြေအနေကြောင့် နောက်ထပ်တိုက်စစ်မှူးတဦးကို အသင်းက ထပ်မံခေါ်ယူသွားဖွယ်ရှိနေတယ်လို့ အရိပ်အမြွက်ဆိုခဲ့ပါတယ်။

Ovacion နဲ့ အင်တာဗျူးမှာ ဆွာရက်ဇ်က – ” ဘာစီလိုနာ အသင်းမှာရှိတဲ့ လိုအင်ဆန္ဒတွေက အတော်လေးကြီးမားပါတယ်။၃ရက်တခါလောက် စမ်းသပ်မှုတွေခံရပြီး အနားမရတတ်ပါဘူး။ဆိုးရွားတဲ့ ပွဲတပွဲလောက်ကြုံလိုက်ရရင်တောင် ခွင့်မလွှတ်ကြပါဘူး။

ဘာစီလိုနာ လိုအသင်းမှာ အဆင်ပြေအသားကျပြီး နေရာတနေရာ ရဖို့က မလွယ်ပါဘူး။ကျွန်တော်ဟာ ဒီလို အသင်းမျိုးမှာ ဖိအားတွေကို ရင်ဆိုင်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ အပြုအမူမျိုးနဲ့ပဲ အမြဲတုန့်ပြန်ပါတယ်။

အကယ်၍ အသင်းဘက်က သာ နောက်ထပ် နံပါတ် ၉ ကစားသမားတဦးထပ်ခေါ်ဖို့ ရှာဖွေနေတယ်၊ ဆန္ဒရှိနေတယ်ဆိုရင် လည်းထူး ဆန်းတဲ့ ကိစ္စ တော့ မဟုတ်ပါဘူး။ဒါဟာ ဘောလုံး လောကရဲ့ ဖြစ်ရိုးဖြစ်စဉ် အမှန်ပါပဲ။

ဘာစီလိုနာ အသင်းက လိုအပ်တဲ့့ ခြေစံမ်း အဆင့်အတန်းမျိုးကို ကျွန်တော်က မပေးစွမ်း နိုင်တော့မယ့် အသက် အရွယ်ဆိုတာ ရောက်လာ ဦးမှာပါ။ဒါပေမယ့် လုပ်နိုင်တဲ့ အရွယ် လုပ်နိုင်စွမ်းရှိတဲ့ အရွယ်မှာတော့ကျွန်တော်ကြိုးစားယှဉ်ပြိုင်နေဦးမှာပါ ” လို့ ပြောခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ဒီရာသီပြိုင် ပွဲစုံမှာ ဘာစီလိုနာ အတွက် ၈ဂိုးသွင်းယူပေး ထားနိုင် ခဲ့ပြီ ဖြစ်ပေမယ့် မေဂျာလိဂ်ကိုပြောင်းရွှေ့ဖွယ် ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။ဒါပေမယ့် သူဟာ ၂၀၂၁ ခုနှစ် အထိ စာချုပ်သက်တမ်းရှိနေတာဖြစ်လို့အပြောင်းအရွှေ့က မြန်မြန်ဆန်ဆန်တော့ဖြစ်လာဖို့မရှိသေးပါဘူူး။

၂၀၂၂ ကမ္ဘာ့ဖလားမှာ ပါဝင်နေဦးမှာလား လို့မေးမြန်းရာမှာတော့ ဆွာရက်ဇ်က – ” ကျွန်တော်ကတော့ အဲ့ဒီလို မျှော်လင့်တာပါပဲဗျာ။အမှန်တကယ်လည်းပါဝင် ခွင့်ရနေမယ်လို့ ကျွန်တော့် ယုံကြည်မှု ရှိထားပါတယ် ” လို့ဖြေခဲ့ပါတယ်။

ဆွာရက်ဇ် ဟာအခုအပတ် အတွင်း မှာ တော့ နိုင်ငံ အသင်းနဲ့ အတူ ခြေစမ်းပွဲတွေ ကစားရမှာဖြစ်ပြီး သောကြာနေ့မှာ ဟန်ဂေရီ အသင်း၊ နောက်ထပ် ၃ရက် အကြာမှာ ဒေသတွင်းပြိုင်ဘက်ကြီး အာဂျင်တီးနား အသင်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

SM