ဆောင်းရာသီစျေးကွက် အတွင်းမှာ ဂျူဗီ အသင်းနဲ့ ယူနိုက်တက် အသင်းတို့ကြားမှာ အပြောင်းအရွှေ့ တွေ အပြန်အလှန်ပြုလုပ်သွားဖွယ် ရှိနေပြီး တိုက်စစ်မှူး မန်ဇူကစ်၊ ကွင်းလယ်လူပေါ့ဘာနဲ့ လူငယ်ခံစစ်ကစားသမားလေး ဒန်မီရယ် တို့ရဲ့သတင်းတွေက အတော်လေးကို လှုပ်ခတ်နေတာဖြစ်ပါတယ်။

 

အဆိုပါကောလာဟလ တွေကို လောင်စာပျိုးပေးလိုက်တာကတော့ ဂျူဗီ အသင်းရဲ့ အားကစား ဒါရိုက်တာဖြစ်သူ ပါရာတီစီ ဟာ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေမှုတွေပြုလုပ်နိုင်ဖို့ UK ကို လေကြောင်း ခရီးနဲ့ ထွက်ခွာ လာခဲ့ပြီ ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။

တူရင် အခြေစိုက် သတင်းစာတစောင် ဖြစ်တဲ့ La Stampa ရဲ့ရေးသာဖော်ပြ ချက်အရ ပါရာတီစီဟာ ဇန်နဝါရီ စျေးကွက် အတွင်းမှာ မန်ဇူကစ်ကို ပေါင် ၁၃သန်းနဲ့ အရခေါ်ဖို့ မျှော်လင့်နေတဲ့ ယူနိုက်တက် အသင်းနဲ့ပြောင်းရွှေ့ကြေး ဆွေးနွေးမှုတွေပြုလုပ်ဖို့ ထွက်လာခဲ့တာဖြစ်တယ်လုုိ့ သိရပါတယ်။

မန်ဇူကစ်ဟာ နည်းပြသစ် ဆာရီ ရဲ့ လက်အောက် ဒီရာသီ မှာ တပွဲမှပါဝင် ကစား ပေးထားရခြင်း မရှိသေးသေးတာဖြစ်ပြီး လေ့ကျင့်မှုတွေကိုလည်း အခြားအသင်းဖော်တွေမပါပဲ သီးသန့်ပြုလုပ်နေခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ပါရာတီစီ ခရီးထွက်လာခြင်းရဲ့ အကြောင်းပြချက်က မန်ဇူကစ် တဦးတည်းကြောင့်တော့ မဟုတ်ဘူးလို့ သိရပါတယ်။

သတင်းတွေရဲ့ အဆိုအရ ဂျူဗီ တို့ဟာပေါ့ဘာကို အီတလီမြေကို ပြန်ခေါ်ချင်နေပြီး ဒီပြင်သစ်သားရဲ့ အပြောင်းအရွှေ့ကိုပါ စုံစမ်းဖို့ရှိနေတာဖြစ်ပါတယ်။ဒါ့အပြင် ယူနိုက်တက် အသင်းကလည်း ဂျူဗီအသင်းရဲ့ လူငယ်ဗဟိုခံစစ်ကစားသမားလေး ဒီမီရယ်ကိုခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးဖွယ်ရှိနေတယ်လို့သိရပါတယ်။

အသက် ၂၁ နှစ် အရွယ်သာရှိသေးတဲ့ ဒီမီရယ် ဟာ တူရကီ လက်ရွေးစင် အသင်း မှာရွေးချယ်ခံထားရသူဖြစ်ပြီး ယနေ့ညမှာ ကစားဖို့ရှိနေတဲ့ အိုက်စ်လန်နဲ့ ပွဲကသူ့ရဲ့ခြေစွမ်းကို အကဲခတ်နိုင်ဖို့အတွက်ပါ ကင်းထောက်တွေကို ယူနိုက်တက် အသင်းကစေလွှတ်ထားတယ်လို့ သိရပါတယ်။

ဒီမီရယ် ဟာ ဆာဆူအိုလို အသင်းကနေ ပေါင် ၁၅ သန်းနဲ့ ရောက်လာခဲ့သူဖြစ်ပြီး အရည်အသွေးမြင့် ကစားသမား တဦးဖြစ်ပေမယ့် ဒီလစ်ဂျ် လို ကြယ်ပွင့် တဦး ရှိနေတာကြောင့် ဂျူဗီအသင်းက လက်လွှတ်ဖို့ ဝန်လေးဖွယ်ရှိမနေတာဖြစ်ပါတယ်။တူရကီ လက်ရွေးစင် အသင်းအတွက် ၁၀ပွဲအထိ ကစားပေးထားပြီးပြီဖြစ်တဲ့သူ့ကိုယူနိုက်တက်၊အာဆင်နယ် တို့အပါအဝင် ဥရောပ ထိပ်သီးအသင်းတွေက မျက်စိကျနေတယ်လို့ လည်းသိရပါတယ်။

ယူနိုက်တက် အသင်းဟာခက်ခဲတဲ့ ရာသီအစကိုကြုံတွေ့ထားခဲ့အပြီး မှာ နည်းပြ ဆိုးလ်ရှားက တိုက်စစ်အင်အားဖြည့််တင်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။လူကာကူ ရဲ့ နေရာအတွက် အစားထိုးကစားသမား မခေါ်ထားနိုင်သေးတဲ့အတွက် မန်ဇူကစ်က လက်ကျန်ရာသီဝက် အတွင်းမှာ အသုံးဝင်နိုင်တဲ့ ရွေးချယ်စရာတခုအဖြစ်ရှိနေပါတယ်။

ဒဏ်ရာပြသနာတွေကြံုတွေ့နေရတဲ့ ပေါ့ဘာကိုတော့ ယူနိုက်တက် အသင်းက လက်လွှတ်ဖို့ရှိမနေတာဖြစ်ပါတယ်။ပါရာတီစီဟာ လန်ဒန်မြို့ကိုရောက်ရှိစဉ်အတွင်းမှာ ဝီလီယံနဲ့ အီမာဆင် တို့ကိုခေါ်ယူနိုင်ဖို့ အတွက် လည်း ကြိုးစားဖွယ်ရှိနေတယ်လို့သိရပါတယ်။

ဝီလီယံ ဟာစတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်နေဖို့ ဆန္ဒရှိတဲ့ အကြောင်းကို ထုတ်ပြောထားခဲ့ဖူးပေမယ့် ချန်ပီယံလိဂ်ဖလား ကြီးကို ဆွတ်ခူးနိုင်ဖို့ အခွင့်အလမ်းပိုများတဲ့အချက်ကြောင့် ဂျူဗီအသင်းကို ရွေးချယ်ဖွယ်ရှိနေပါတယ်။ဒီီဘရာဇီးလ်သားဟာ ၂၀၂၀ ဇွန်လအထိသာချဲဆီးလ်နဲ့ စာချုပ်သက်တမ်းရှိနေတာလည်းဖြစ်ပါတယ်။

SM