မန်ချက် စတာ စီးတီး အသင်း ဟာ လာမယ့် တနင်္လာနေ့ မှာ အသက်လက်တီကို မက်ဒရစ် ကွင်းလယ်လူ ရော့ဒရီ ကို ပေါင် ၆၃ သန်း ဖြင့် ခေါ်ယူ နိုင်ဖို့ နီးစပ် နေပြီ လို့ သတင်း ကြားသိရ ပါတယ် ။ ရော့ဒရီ ဟာ အေတီကို မက်ဒရစ် ကနေ ထွက်ခွာ မှာ သေချာနေပြီး သူ ၀တ်ဆင် ခဲ့တဲ့ နံပါတ် ၁၄ ကို လည်း အသင်းက အခြားသူ တစ်ဦး ကို ပေးထားပြီး ဖြစ်တယ် လို့ သိရ ပါတယ် ။
ယူဗင်တပ် အသင်း ကတော့ ရိုးမား ဘယ် နောက်ခံလူ လူကာ ပယ်လီဂရီနီ ( ကွင်းလယ်လူ လော်ရန်ဇို ပယ်လီဂရီနီ နှင့် အမည်တူ ) ကို ခေါ်ယူဖို့ အတွက် ဆေးစစ်မှု အောင်မြင်ပြီး မြောက် ခဲ့ပြီဖြစ် တယ် လို့ သိရ ပါတယ် ။
နာပိုလီ အသင်း ဟာလည်း လာမယ့် အပတ် ထဲမှာ ရိုးမား နောက်ခံလူ မာနိုလက်စ် အတွက် ကမ်းလှမ်းမှု စတင် ပြုလုပ် မယ် လို့ သိရ ပါတယ် ။
ရိုးမား တိုက်စစ်မှုး အယ်ရှာရာဝီ ကတော့ တရုတ် စူပါလိဂ် ကလပ် ရှန်ဟိုင်း ရှင်ဟွာ အသင်း ဆီက ကမ်းလှမ်း ချက် ကို ပယ်ချ ခဲ့တယ် လို့ သိရ ပါတယ် ။ ဒါပေမယ့် တရုတ် ကလပ် ကတော့ နောက်ထပ် ပိုမို ကောင်းမွန် တဲ့ ကမ်းလှမ်းမှု ကို ပြုလုပ် ဦးမယ် လို့ သတင်း တွေက ဖော်ပြ လာခဲ့ကြ ပါတယ် ။
အေစီမီလန် ဟာ ရီးရဲ ကွင်းလယ်လူ ဒါနီ ဆီဘယ်လော့ ကို ၂ နှစ် အငှား + အပြီးသတ် ၀ယ်ယူခွင့် + ရီးရဲ မှ ဈေးသက်သက် သာသာ ဖြင့် ပြန်လည် ၀ယ်ယူ ခွင့် ပုံစံ နဲ့ ခေါ်ယူ ဖို့ မျှော်လင့် နေတယ် လို့ ကြားသိရ ပါတယ်
တူရကီ ကလပ် ဖီနာဘာချီ အသင်း ဟာ ရိုးမား နောက်ခံလူ အလက်ဆန်းဒါး ကိုလာရော့ဗ် ကို ခေါ်ယူ နိုင်ဖို့ ကြိုးစား နေတယ် လို့ သိရ ပါတယ် ။ ဒါပေမယ့် ကိုလာရော့ဗ် ကတော့ အီတလီမှာသာ ဆက်လက် ကစားလို တယ်လို့ သိရ ပါတယ် ။
မန်ချက် စတာ ယူနိုက်တက် အသင်း ကတော့ မားကပ် ရက်ဖိုဒ့် ကို ရာသီကြို ခြေစမ်းပွဲ တွေ မစတင် မီ မှာ စာချုပ် သက်တမ်းတိုး နိုင်ဖို့ အရှိန်မြှင့် လုပ်ဆောင် နေတယ် လို့ သိရ ပါတယ် ။ ဒါ့အပြင် ယူနိုက်တက် ဟာ အက်စ်တွန် ဗီလာ ကစား သမား ဂျွန် မက်ဂင်း ကို လည်း စိတ်ဝင်စားမှု ပြလာခဲ့ တယ် လို့ သိရ ပါတယ် ။

ယူဗင်တပ် အသင်း ဟာ အိုင်ယက်စ် ခံစစ်မှုးလေး ဒီလစ် ကို မနက်ဖြန် မှာ ပေါင် သန်း ၇၀ ၀န်းကျင် ဖြင့် ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း ကြေညာ သွားဖွယ် ရှိနေတယ် လို့ သိရ ပါတယ် ။
ကိုလံဘီယာ ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ကတော့ ကိုပါ အမေရိက ပြိုင်ပွဲ ကနေ ထွက်ခွာ အပြီးမှာ သူ့ရဲ့ အပြောင်း အရွှေ့ ကိစ္စ တွေ အတွက် အာရုံ စိုက် လုပ်ဆောင် သွားတော့ မယ်လို့ လည်း သိရ ပါတယ် ။
ဘာစီလိုနာ အသင်း ဟာ အာဂျင်တီးနား နဲ့ ကိုပါ အမေရိက မှာ ဂိုးတွေ သွင်းပေး နေတဲ့ အင်တာမီလန် တိုက်စစ်မှုး လူတာရို မာတီနက် ကို စိတ်ဝင်စား နေပြီး မက်ဆီ ထံကနေ သတင်း အချက် အလက်တွေ စုံစမ်း သွားဖို့ ရှိနေတယ် လို့ ကြားသိရ ပါတယ် ။
မန်ချက် စတာ ယူနိုက်တက် ဟာ ယခု နွေရာသီ အတွင်း ကြီးမားတဲ့ ငွေကြေးသုံးစွဲမှု ၁ ကြိမ် ပြုလုပ် သွားဖို့ ရှိ နေပြီး အဲရစ်ဆင် ( သို့ ) ဂရစ်ဇ်မန်း တစ်ဦးဦး ကို ကမ်းလှမ်း ဖို့ ဖြစ်လာ နိုင်တယ် လို့ သတင်းတွေ က ဖော်ပြ လာခဲ့ ပါတယ် ။
ဘိုင်ယန်မြုးနစ် နဲ့ အေစီမီလန် တို့ က စောင့်ကြည့် နေတဲ့ စတုဂတ် နောက်ခံလူ အိုဇန် ကာဘက် ကတော့ ရှော်ကေး အသင်းထံ ၅ နှစ် စာချုပ် နဲ့ ပြောင်းရွှေ့ သွားခဲ့ တယ် လို့ သိရ ပါတယ် ။
ယူဗင်တပ် ကွင်းလယ်လူ ခီဒီယာ နဲ့ မာတွီဒီ တို့ ဟာ အာရွန် ရမ်ဆေး နဲ့ ရာဘီယော့ တို့ ရောက်ရှိ လာမှု တွေကြောင့် ( ရာဘီယော့ ကတော့ မရောက်သေး ၊ ရောက်ဖို့ သေချာလုနီးပါး ) အသင်း ကနေ ထွက်ခွာ ဖို့ စိတ်ကူး နေကြပြီ လို့ သတင်း ကြားသိရ ပါတယ် ။
PSG အသင်း ကတော့ တိုက်စစ်မှုး နေမာ အတွက် ယူရို သန်း ၁၃၀ + ဘာစီလိုနာ ကစား သမား ၂ ဦး ကို အလိုရှိ နေတယ် လို့ လည်း သတင်း ထွက်ပေါ် နေပါတယ် ။ PSG လူငယ် တိုက်စစ်မှုးလေး တီမိုသီ ၀ီယာ ကတော့ လိုင်လီ အသင်းထံ ယူရို ၁၀ သန်း ဖြင့် အပြီးသတ် ပြောင်းရွှေ့ သွားပြီ ဖြစ် ပါတယ် ။
စပါး အသင်း ဟာ လိဒ်ယူနိုက်တက် ကစား သမား ဂျက် ကလတ် ကို ပေါင် ၈.၅ သန်း ဖြင့် ခေါ်ယူမှု ပြီးမြောက် ပါက အသင်းဟောင်း လိဒ် ထံ တစ်ရာသီ အငှားပြန်လည် စေလွှတ် ဖို့ ရှိတယ် လို့ သိရ ပါတယ် ။
SPORTS MYANMAR