အသင်း ဖော် ကစားသမား ဟောင်း ဖြစ်ခဲ့ သူ ပေါလ် စခိုးလ် ဟာ ဘယ်တော့ မှ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦး ဖြစ်နိုင် မှာ မဟုတ်ဘူး လို့ ထင်မှတ် ခဲ့ ဖူးကြောင်း ယူနိုက်တက် ဂန္ဓဝင် ဂယ်ရီ နဗီးလ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပေါလ် စခိုးလ် နဲ့ ဂယ်ရီ နဗီးလ် နှစ်ဦးလုံး ဟာ မန်ချက်စတာ ယူနိုက်တက် မှာ သာ သစ္စာ ရှိရှိ ကစား ခဲ့ ကြပြီး ယူနိုက်တက် ရဲ့ နာမည်ကျော် မျိုးဆက် ဖြစ်တဲ့ Class 92 ရဲ့ အရေး ပါ လှတဲ့ ကစားသမား တွေ ဖြစ်ခဲ့ ကြ ပါတယ် ။

သူတို့ နှစ်ဦး ဟာ ရိုင်ယန် ဂစ် ၊ ဒေးဗစ် ဘတ်ခမ်း ၊ နစ်ကီဘတ် ၊ ဖီးလ် နဗီးလ် တို့ နဲ့ အတူ Class 92 ရဲ့ အရေး အပါ ဆုံး ကစားသမား တွေ ဖြစ်ခဲ့ ကြပြီး အင်္ဂလန် မြေ မှာ သာမက ဥရောပ မှာ ပါ အောင်မြင်မှု တွေ ဆွတ်ခူးရင်း နည်းပြ ဖာဂူဆန် လက်အောက် မှာ ယူနိုက်တက် အသင်း ကို ပိုမို တောက်ပြောင် အောင် လုပ်ဆောင် ပေးနိုင် ခဲ့ကြ ပါတယ် ။

အဆိုပါ အချိန် တုန်းက ဘောလုံး နဲ့ အတူ အကောင်းမွန် ဆုံး လှုပ်ရှား မှု တွေ ပြုလုပ် ပြီး သေသပ် လွန်းတဲ့ ဘောလုံး ပေးပို့ မှု တွေ ပြုလုပ် နိုင် ခဲ့တဲ့ ပေါလ် စခိုးလ် ရဲ့ ပါရမီ ကောင်း တွေကြောင့် သူဟာ ယူနိုက်တက် အကယ်ဒမီ မှ ထွန်းတောက် လာမဲ့ အံ့အား သင့်ဖွယ် ကစားသမား အဖြစ် မျှော်လင့် ခံထား ခဲ့ရ ပါတယ် ။

ဒါပေမဲ့ အသင်း ဖော် ပေါလ် စခိုးလ် ဟာ အကယ်ဒမီ မှာ ရှိနေ ခဲ့စဉ် တုန်း က အတော် လေး ရုန်းကန် ခဲ့ ရကြောင်း အတိတ် က အကြောင်း ကို ယူနိုက်တက် အသင်းဖော် ဂယ်ရီ နဗီးလ် က ဖောက်သည်ချ ပြောကြား သွားခဲ့လိုက် ပါတယ် ။

” အကယ်လို့ ခင်ဗျား တို့ဟာ အသက် 12 / 13 အရွယ် လောက် တုန်းက ပေါလ် စခိုးလ် ဟာ အကြီးကျယ်ဆုံး အခမ်းနားဆုံး ကစားသမား တွေ ထဲက တစ်ဦး ဖြစ်လာ နိုင် မလား လို့ ကျွန်တော့် ကို မေးခဲ့ ကြရင် ကျွန်တော် ဟာ ‘ how ‘ လို့ ပဲ ပြန်မေး သွားမှာပါ ”

” သူဟာ လူကောင် သေး ပြီး ပိန်ပိန် သွယ်သွယ် လေးပဲ ရှိခဲ့ တယ်လေ ။ ဒါ့အပြင် သူ့ ဆီမှာ ခွန်အား လည်း သိပ် မရှိ ခဲ့ သလို ကြံ့ခိုင်မှု လည်း အားနည်း ခဲ့ ပါတယ် ။ ဘောလုံး မရှိ တဲ့ အချိန် မှာ ခင်ဗျား ဟာ သူ့ ကို အသာလေး လဲကျ စေနိုင် ပါတယ် ”

” ဒါ့အပြင် သူ့ မှာ ပန်းနာရင်ကျပ် လည်း ရှိခဲ့ ပါ သေးတယ် ။ သူဟာ အဝေးကြီး မပြေး လွှား နိုင် ခဲ့ ပါဘူး ။ ဒါတွင် မက လျင်မြန် မှု တွေလည်း ကင်းမဲ့ ခဲ့ ပါတယ် ။ ခင်ဗျား ဟာ သွက်လက်မှု ပိုင်း ဆိုင်ရာ မှာ သူ့ ကို အသာလေး ယှဉ်နိုင် ပါတယ် ”

” ဒါဆို 12 / 13 နှစ် အရွယ် လောက်က သူ့ အကြောင်းကို ခင်ဗျား စဉ်းစား လို့ ရသွားမှာ ပါ ။ သူဟာ ကွင်းထဲမှာ သားရဲ တစ်ကောင်လို မာန် အပြည့် နဲ့ ကစားတဲ့ နစ်ကီ ဘတ် နဲ့ ပြိုင်ဖက် အဖြစ် ရင်ဆိုင် ခဲ့ ရတယ် ။ သူဟာ အချိန် မရွေး ခင်ဗျား ကို ကျော်ပြေး နိုင် ပါတယ် ။ သူ့ မှာ ခွန်အား နဲ့ ကြံ့ခိုင် မှု အပြည့် ရှိတဲ့ အတွက် ခင်ဗျား ကို အချိန် မရွေး လဲကျ စေနိုင် ပါတယ် ။ သူဟာ ဘောလုံး ပေးပို့ မှု ကောင်း သလို တိုက်စစ် ကိုလည်း အကောင်းဆုံး လိုက်ပါ နိုင် ပါတယ် ”

” ခင်ဗျား တို့ ပြိုင်ဖက် ကို အကောင်းဆုံး ပညာ ပေးနိုင် ခဲ့တဲ့ ၊ ဉာဏ် အရည်အသွွေး ထက်မြက် သလို မြန်ဆန် သွက်လက် တဲ့ ဗန် သော်န်လေး ကို ကြည့်ဖူး ကြ မှာ ပါ ။ ဒါ့ အပြင် ဘောလုံး ပေးပို့ မှု တွေ ၊ ဖြတ်တင် ဘောတွေ အကောင်းဆုံး ပေးပို့ ရင်း တိုက်စစ် ပိုင်း အတွက် အကောင်းဆုံး ပံ့ပိုး ပေးတဲ့ ဘတ်ခမ်း ကိုလည်း မြင်တွေ့ ဖူး ကြမှာ ပါ ”

” ဒီလောက် ဆို အသင်း ရဲ့ ကစားသမား တစ်ဦး ချင်းစီ ရဲ့ ထူးကဲ လှတဲ့ အရည် အသွေး တွေကို ခန့်မှန်း သိရှိ နိုင် ပါပြီ ။ ဒါ့ အပြင် ခင်ဗျား ဟာ စခိုးလ် ကို မြင်တွေ့ နိုင် ပါတယ် ။ သူဟာ ဘောလုံး ပိုင်ဆိုင် ထားတဲ့ အချိန် မှာ တစ်ကယ့် ကို သပ်သပ် ရပ်ရပ် ကစား ပြနိုင် ပါတယ် ။ ဒါပေမဲ့ ဘယ်လို ကစား နိုင် တာလဲ ? တစ်ကယ် တော့ သူဟာ အသင်း နဲ့ အသား မကျ နိုင် ပါဘူး ။ ရုပ်ပိုင်း ဆိုင်ရာ အရ အနား မှာ ဝန်းရံ ကစား ပေး နေတဲ့ သူတွေ ကြားထဲ သူ လုံးဝ အသား မကျခဲ့ ပါဘူး ” လို့ ဂယ်ရီ နဗီးလ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒါပေမဲ့ ပေါလ် စခိုးလ် ဆိုတာ နှစ်ပေါင်း များစွာ နည်းပြကြီး ဆာ အဲလပ်စ် ရဲ့ ပွဲထွက် ကစားသမား စာရင်း မှာ ဦးစားပေး ကစားသမား အဖြစ် မဖြစ် မနေ ပါဝင် နိုင်ခဲ့တဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ခဲ့ ပါတယ် ။ သူတို့ရဲ့ ဂျူနီယာ ကစားသမား ဘဝ တုန်း က ပေါလ် စခိုးလ် ဟာ အသင်း ကို အမြဲ လို ခြုံငုံ ကြည့်နေ တက်ခဲ့ ပါတယ် ။

” သူဟာ ကောင်တီ အသင်း ထဲ မှာ တစ်ကယ် ပဲ ပါဝင် ခွင့် မရရှိ ခဲ့ ပါဘူး ။ သူဟာ ပွဲစဉ် အများကြီး ကစား ခွင့် မရရှိ ခဲ့ဘူး ။ ပထမ ဆုံး 1992 ခုနှစ် တုန်း က သူဟာ လူငယ် အသင်း မှာ တောင် ပါဝင် ကစား ခွင့် မရရှိ ခဲ့ဘူး ”

” အဲ့ဒီ နောက် တစ်နှစ် မှာ အရာရာ တိုင်း က ရုတ်ချည်း ပြောင်းလဲ သွားခဲ့ ပါတယ် ။ ဒါဟာ သောကြာ နေ့ တွေ မှာ သူ ဟာ ဘီယာ သောက်ခြင်း ၊ မုန့် အချို တွေ စားခြင်း ကို ရှောင်ကျဉ် ခဲ့တာ ကနေ စတင် ခဲ့တယ် လို့ ကျွန်တော် ထင် ပါတယ် ။ နှစ် နှစ် ၊ သုံးနှစ် အတွင်း မှာ သူဟာ လုံးဝ ကို ခြားနား စွာ ပြောင်းလဲ သွားခဲ့ ပါတယ် ”

” ကလပ် ကတော့ သူ့ကို ကစားသမား တစ်ဦး အဖြစ် မြင် ခဲ့တယ် ။ ဘရိုင်ယန် ကစ်ဒ် ဟာ လည်း သူ့ကို အတော်လေး ချစ်ခဲ့ ပါတယ် ။ ဆာ အဲလပ်စ် ကိုယ်တိုင် က ‘ သူသာ ဘော လုံး ကစားသမား တစ်ဦး မဖြစ် နိုင်ရင် ငါ ဒါတွေ ကို စွန့်လွှတ် ပစ်မယ် ‘ လို့ တောင် ပြောခဲ့ ပါ သေးတယ် ”

” 92 ရဲ့ လူငယ် အသင်း မှာတော့ နစ်ကီ ဘတ် ဟာ ဆီမန် ဒါဗီးစ် နဲ့ အတူ ဗဟို ကွင်းလယ် ကစားသမား အဖြစ် ရှိခဲ့ ပါတယ် ။ အဲ့ဒီ နားမှာ တော့ ဗန် သော်န်လေး ၊ ဂီလက်စ်ပီ နဲ့ ဘတ်ခ်တို့ ကစားခဲ့ ကြတယ် ။ ဒီကွင်းလယ် ကစားသမား ငါးဦး ကြားမှာ တော့ ပေါလ် နေရာ လုံးဝ မရရှိ ခဲ့ဘူး ”

” 92’ ဖို်နယ် မှာ တော့ သူဟာ အသင်း ရဲ့ အရန်ခုံ ပေါ်မှာ တောင် ရှိခဲ့ တယ်လို့ ကျွန်တော် မထင်ခဲ့ ပါဘူး ။ ဒါ့ကြောင့် အကြီးမား ဆုံး ရှော့ခ် ရရှိ ခဲ့သူ ဟာ ကျွန်တော် ပဲ ဖြစ်ခဲ့ ရ ပါတယ် ” လို့ ဂယ်ရီ နဗီးလ် က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။
အကျိုးဆက် အဖြစ် 1992 ဖိုင်နယ် မှ 2013 အထိ ယူနိုက်တက် အတွက် ကစား ပေး ခဲ့တဲ့ ပေါလ် စခိုးလ် ဟာ အိုးလ် ထရပ်ဖို့ မှာ အသင်း နဲ့ အတူ ဆု ဖလား 25 ကြိမ် အထိ ကိုင်မြှောက် နိုင် ခဲ့ပြီး အင်္ဂလန် လက်ရွေးစင် အသင်း အတွက် 66 ပွဲ ကစား ပေး နိုင်ခဲ့ ပါတယ် ။

သူ့ရဲ့ ခြေစွမ်း ကို နှစ်ခြိုက် ခဲ့တဲ့ သူ ဒုနဲ့ ဒေး ရှိခဲ့ ကြ ပါ တယ် ။ အဲ့ဒီ ထဲ မှာ တော့ အထူးသဖြင့် ရီးယဲ မက်ဒရစ် ဂန္ဓဝင် ဇီဒန်း နဲ့ ဘာစီလိုနာ အသင်း ခေါင်းဆောင် ဟောင်း ဇာဗီ တို့ဟာ စခိုးလ် ကို အထူး ချီးကျူး ခဲ့ကြ ပါတယ် ။ ထို့အတူ ဂယ်ရီ နဗီးလ် ကိုယ်တိုင် က ကွင်းထဲ လက်တွဲ ကစား ခဲ့ဖူး သမျှ ထဲမှာ ပေါလ် စခိုးလ် ကို အကောင်းဆုံး အဖြစ် ယူဆ ခဲ့ ပါတယ် ။

” ကျွန်တော့် ရဲ့ ကစားသမား ဘဝ နောက်ဆုံး အချိန် ရောက်တဲ့ အခါ မှာ တော့ ကျွန်တော် နဲ့ အတူ ကစား ခဲ့ ကြတဲ့ အသင်း ဖော်တွေ ထဲ မှာ ပေါလ် စခိုးလ် သာ အကောင်းဆုံး ဆိုတာ ရဲရဲ ကြီး ပြောနိုင် ခဲ့ ပါတယ် ”

” ကျွန်တော် စတင် မြင်တွေ့ တုန်း က အကောင်သေး တဲ့ ကောင်လေး တစ်ယောက် ၊ ခွန်းအား မရှိ တဲ့ အပြင် လုံလောက် တဲ့ ကြံ့ခိုင်မှု မရှိတဲ့ ကောင်လေး တစ်ယောက် က လျင်မြန်စွာ ပြေးလွှား ကစားရင်း ကျွန်တော့် နဲ့ လက်တွဲ ခဲ့ ဖူးတဲ့ အကောင်းဆုံး အသင်းဖော် တစ်ဦး တောင် ဖြစ်သွား နိုင်ခဲ့ ပါတယ် ။ ဒါဟာ အကြီးမားဆုံး တိုးတက် ပြောင်းလဲ လာမှု ပါပဲ ”

” ကလပ် အသင်း ဟာ အမြဲ လို ကောင်းမွန် နိုင်မဲ့ သူ့ရဲ့ အရည်အသွေး နဲ့ ပါရမီ တွေ ကို အကဲခတ် သိရှိ နားလည် နိုင်ခဲ့ ကြ တယ် ။ အသက် 16 နှစ် တုန်း ကပေါ့ ၊ ကျွန်တော် သေချာ မှတ်မိ ပါသေးတယ် ။ အဲ့ဒီ တုန်းက သူဟာ ဘယ် နောက်ခံလူ အဖြစ် ကစား ခဲ့တယ် ။ သူ့ အတွက် တော့ ဗဟို ကွင်းလယ် မှာ ဝင် ရောက် ကစား ပြ နိုင်ဖို့ ဆိုတာ လုံးဝ မလွယ်ကူ တဲ့ ကိစ္စ တစ်ရပ် ပါပဲ ”

” ကလပ် အသင်း ဟာ သူ့ အပေါ် ယုံကြည်မှု တွေ အပြည့် ပေးခဲ့ ပြီး တိုးတက် ကောင်းမွန် လာလိမ့် မယ် ဆိုတာ သိရှိ ခဲ့ကြ တယ် ။ ဒါပေမဲ့ ရွှံ့ထူ တဲ့ နေရာ မှာ 15 နှစ် နဲ့ အရပ် 6 ပေ 2 လက္မ ရှိတဲ့ သူ နှစ်ဦး ကစား ပေးနေ ကြရင် သူ့ကို ယုံကြည်မှု နဲ့ နေရာ ပေးဖို့ ဆိုတာ အလကား ပဲလေ ။ ဘောလုံး ဟာ ရွှံ့မြေ ပေါ်မှာ ပဲ ကပ်နေ ပါ လိမ့်မယ် ”

” အဲ့ဒီ နေရာ မှာ တစ်ကယ့် ကို သန်စွမ်း တဲ့ သူတွေ က သာ အမှန်အကန် ရုန်းပြီး ကစား သွား နိုင်ကြ မှာ ပါ ။ အဲ့ဒီ အချိန် မှာ ဒီ ကောင်လေး သေးသေး လေး က ရွှံ့ထဲ က ထွက် နိုင်ဖို့ ရုန်းကန် နေရ ဆဲပဲ ဖြစ်နေ ပါလိမ့်မယ် ။ ဒါ့ကြောင့် သူ့ကို ဘယ် တောင်ပံ မှာ ထား ကစား ခဲ့ ရတာ ပါ ။ အဲ့ဒီ နားမှာ မြက်တွေ အနည်းငယ် ရှိတယ် လေ ” လို့ ပေါလ် စခိုးလ် ဘယ် တောင်ပံ မှာလည်း ကစား ခဲ့ ရတဲ့ အကြောင်း ကို ဖွင့်ဟရင်း နဗီးလ်က နိဂုံးချုပ် သွားခဲ့ ပါတယ် ။

#Sports_Myanmar