ချယ်လ်ဆီး အသင်း ရဲ့ ဆယ်ကျော်သက် တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တခုလုံး မှာ ဂျာမန် ထိပ်သီး ကလပ် ဘိုင်ယန်မြူးနစ် အသင်း ရဲ့ ခဏခဏ ချဉ်းကပ်မှု ကို ခံခဲ့ ရကာ ၊ နည်းပြ ဖြစ်သူ မော်ရစ်ဇီယို ဆာရီ ကလည်း ၄င်းကို အခွင့်အရေး မပေးခဲ့တာကြောင့် အသင်း က ထွက်ခွာဖို့ သတင်း တွေ အတော်လေး ထွက်ခဲ့ ရပါတယ် ။

ဒုတိယ ရာသီဝက် ရောက်မှသာ ကစားခွင့် တွေ တစတစ ရရှိလာခဲ့ပြီး တည်ငြိမ်တဲ့ ပုံစံကောင်း တွေ ရရှိတဲ့ အခါ ရောက်မှ ပြင်းထန်တဲ့ ဒဏ်ရာ ကြောင့် အိုဒွိုင်း တယောက် အနား ယူခဲ့ရပါတယ် ။ သို့ပေမယ့် လည်း ဖရန့် လမ်းပတ် ရဲ့ အကူအညီ နဲ့ အိုဒွိုင်း ဟာ ချယ်လ်ဆီး အသင်း နဲ့ အတူ ၅နှစ် သက်တမ်းတိုး စာချုပ် ချုပ်ဆို နိုင်ခဲ့တာကြောင့် ဘိုင်ယန် မြူးနစ် အသင်း ရဲ့ ချဉ်းကပ်မှု အနေအထား ကနေ လွတ်ကင်း သွားခဲ့ပါတယ် ။

လမ်းပတ် ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် အကယ်ဒမီ ထွက် တွေကို အတော်လေး နေရာ ပေးလာတာ တွေ့ရပြီး အရင် ကတည်းကလည်း လူငယ် ကစားသမား တွေကို စောင့်ကြည့် နေတာကြောင့် အိုဒွိုင်း ရဲ့ စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့တဲ့ အရေး မှာ လမ်းပတ် ရဲ့ တိုက်တွန်းမှု များစွာ ပါဝင်ခဲ့ပါတယ် ။

မနေ့က Daily Mail နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ အိုဒွိုင်း က ယခုနှစ် ဘောလုံး ရာသီ မစတင်ခင် က ၄င်း နဲ့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် တို့ စကား ပြောခဲ့ဖူးပြီး ၊ အဲ့ဒီ ဆွေးနွေးမှု တကြိမ် တခါ မျှနဲ့ပင် သူ့ကို ချယ်လ်ဆီး အသင်း ရဲ့ စာချုပ်သစ် မှာ လက်မှတ် ရေးထိုးစေဖို့ ဆွဲဆောင် နိုင်ခဲ့တဲ့ အကြောင်း ကို အခုလိုပဲ ပြောပြ လာပါတယ် ။

အိုဒွိုင်း က ” အရင် က ကျွန်တော် ဟာ ဘိုင်ယန် မြူးနစ် ကို ပြောင်းရွှေ့ ဖို့ အတွက် စဉ်းစား ခဲ့ပါသေးတယ် ။ အဲ့ဒီတုန်း က ကျွန်တော် ဟာ ကလပ် က တာဝန်ရှိသူ တွေကို စာချုပ်သစ် သေချာပေါက် ချုပ်ဖြစ်မယ် လို့ မပြောခဲ့သလို ၊ စာချုပ် မချုပ်ဘူး လို့လည်း မပြောခဲ့ပါဘူး ။ ကျွန်တော့ ဖက်က စဉ်းစား ကြည့်ဦးမယ် လို့ပဲ ပြန်ပြော ခဲ့တာပါ ။ ဒါဟာလည်း မနှစ်က ပွဲထွက်ခွင့် တွေ နည်းခဲ့တော့ အားမလို အားမရ ဖြစ်မိတဲ့ ခံစားချက် ကြောင့်ပါပဲ ။ ”

” ကျွန်တော် ဟာ ဘောလုံး ကစားရတာကို မြတ်နိုး တာကြောင့် ပွဲထွက်ခွင့် တွေ ပိုလိုချင်ပါတယ် ။ အဲ့ဒီတုန်း က ဆိုရင် ငါ ဘာလုပ်လိုက်ရင် ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတဲ့ အတွေး များစွာ ခေါင်းထဲမှာ ပြည့်နှက် နေခဲ့ပါတယ် ။ ဒါပေမယ့် ဖရန့် လမ်းပတ် နဲ့ ကျွန်တော် ဆွေးနွေးမှု တကြိမ်တခါ တည်း ပြုလုပ် ခဲ့ပြီး အဲ့ဒီ ဆွေးနွေးမှု က ကျွန်တော့ ကို ချယ်လ်ဆီး အသင်း မှာ ဆက်နေဖို့ ဆွဲဆောင် နိုင်ခဲ့ပါတယ် ။ ”

” ဖရန့် ကျွန်တော့ ကို ပြောတာက သူ ကျွန်တော့ ကို အပြည့်အဝ ယုံကြည်တယ် ဆိုတာပါ ။ ကျွန်တော့ ကို ဆက်ပြီး ကြိုးစား စေချင်တယ် ။ ကျွန်တော် ကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် နဲ့ ကြိုးစား နေခဲ့တယ် ၊ သူကလည်း ကျွန်တော့ ကို ယုံကြည်တယ် ဆိုတော့ အခုအခါ မှာ ကလပ် အတွင်း မှာ ကျွန်တော့ အတွက် အရာရာ အဆင်ပြေနေမယ် ဆိုတဲ့ သဘောပါ ။ ဒီ စကား တွေဟာ မန်နေဂျာ တယောက် ဆီကနေ ကစားသမား တယောက် ကြားချင်တဲ့ အရာ တွေ ဖြစ်ပါတယ် ။ ”

” မန်နေဂျာ အသစ် တယောက် ရောက်လာတဲ့ အခါ အရမ်း စိတ်လှုပ်ရှား ရပါတယ် ။ နောက်ပြီး ခင်ဗျား ဟာ ဒီ မန်နေဂျာသစ် လက်ထက် မှာ အကယ်ဒမီ က ကစားသမား တွေနဲ့ တွဲကစား ရတော့မှာ ကို သိနေတာကြောင့် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းပါတယ် ။ ကျွန်တော် ဖရန့် နဲ့ စကား ပြောအပြီး မှာ ကျွန်တော် ချယ်လ်ဆီး မှာ ဆက်လက် နေထိုင်ဖို့ ရာနှုန်းပြည့် သေချာ သွားခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR