ဘရာဇီးလ် ဘောလုံးလောကရဲ့ ဂန္တဝင် ဟောင်းကြီး တဦးဖြစ်တဲ့ ပီလီက ရော်နယ်ဒို နဲ့ နေမာ တို့လို ကစားသမားတွေကို ချီးကျူး ပြောဆိုသွား ခဲ့ပေမယ့် မက်ဆီ လို အသင်းဖော်မျိုးကို ပဲ အလို အရှိဆုံးဖြစ်တယ် လို့ ထုတ်ပြောသွားခဲ့ပါတယ်။ဒါ့အပြင်မက်ဆီဟာ ဒီကမ္ဘာပေါ်မှာပြီးပြည့်စုံမှုအရှိဆုံးကစား သမား လည်းဖြစ်တယ်လို့ ပီလီက ယူဆနေပါတယ်။ ပီလီဟာ ဆန်းတို့စ် အသင်းရဲ့ တိုက်စစ် မှူးဟောင်း တဦးဖြစ်ပြီးကမ္ဘာ့ဖလား ချန်ပီယံ ဆုကြီးကို ၃ကြိမ်အထိဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပါတယ်။သူကလက်ရှိကမ္ဘာ့အကောင်းဆုံးကစားတွေ အဖြစ် ရော်နယ်ဒို၊ မက်ဆီ နဲ့ နေမာတို့ ၃ဦး ကို ထည့်သွင်း ဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်။ အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂျူဗီတိုက်စစ် မှူး ရော်နယ်ဒိုနဲ့ အသက် ၃၂နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘာစီလိုနာ အိုင်ကွန် မက်ဆီတို့ ဟာ တဦးချင်း ဆုတံဆိပ်ပေါင်း များစွာကို သိမ်းကျုံးရယူထားခဲ့ကြပေမယ့် ကစား သမား ဘဝနှောင်းပိုင်း ကာလတွေ အတွွင်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။

နေမာကတော့ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာ အသင်းကနေ PSG အသင်းကိုပြောင်း ရွှေ့ခဲ့အပြီးမှာ ကမ္ဘာ့့စံချိန်တင်စျေးအကြီးဆုံးကစားသမား အဖြစ်မှတ်တမ်းဝင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ကစား သမား ဘဝအကောင်းဆုံး အသက်အရွယ်အပိုင်းအခြားကိုရောက်နေတာဖြစ်လို့ ဘောလုံးဂြိုဟ်သားနှစ်ဦးရဲ့ နေရာကို ဆက်ခံသူဖြစ်နိုင်မယ်လို့အများက တွက်ဆထားကြတာဖြစ်ပါတယ်။ဒါပေမယ့် ပီလီကတော့ အဆိုပါကစားသား ၃ဦးမှာ မက်ဆီက သိသိသာသာ အထွန်းတောက် ဆုံးအဖြစ်ရှိနေတယ်လို့ ယူဆနေပုံပါပဲ။ဘယ်ကစားနဲ့ အတူ တွဲဖက်ပြီး အကစားချင်ဆုံးလဲလို့ မေးမြန်းရာမှာ ပီလီက-

” ကျွန်တော့်အနေနဲ့ ဆိုရင် မက်ဆီကိုပဲ စဉ်းစားမိပါတယ်။သူဟာ ဘောလုံးစကေားကြွယ်ဝတဲ့ ကစားသမားဖြစ်ပြီးဂိုးဖန်တီးမှုတွေ၊ ဖြတ်တင်ဘောတွေ၊ အလိမ်အခေါက်တွေ လုပ်နိုင်သလို ဂိုးတွေလည်းသွင်းနိုင်ပါတယ်။တကယ်လို့ ကျွန်တော့် နှစ်ဦးသာ တသင်းထဲမှာရှိနေရင် ပြိုင်ဘက် ကစားသမားတွေအနေနဲ့ နှစ်ယောက်စာအတွက် စိုးရိမ်ပူပန်ရတော့မှာဖြစ်ပါတယ် တယောက်တည်းအတွက်မဟုတ်ပါဘူး။ဒီနေ့ ခေတ်မှာတော့ မက်ဆီက ပြီးပြည့်စုံမှု အရှိဆုံး ကစားသမားဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

အတိတ် ကာလတွေအတွင်း မှာကစားသမားကောင်းတွေ ပေါများခဲ့ပေမယ့်လက်ရှိ မှာ တကယ့်ကြယ်ပွင့်တွေကင်းမဲ့ နေပြီး လို့လည်းပီလီကဆိုပါတယ်။အတိတ်နဲ့ ယနေ့ ခေတ်ဘောလုံးလောကကို နှိုင်း ယှဉ်ရာမှာ ပီလီက -” တခေတ်တခါတုန်းကဆိုရင် နိုင်ငံတိုုင်းမှာ ကြီးကျယ်ခန်းနားတဲ့ဘောလုံးသမား၂ဦး ၃ဦးရှိပါတယ်။အူစီဘီယို၊ ဆင်မို့စ်၊ ခရိုက်ဖ် ၊ ဘက်ကင်ဘောင်ဝါ၊ မာရာဒိုနာ၊ ဂါရင်ချာ၊ ဒီဒီစသဖြင့် အများကြီးရှိခဲ့ပါတယ်။ကျွန်တော်ပြောပြခဲ့တာ ဘယ်နှ ယောက်မှန်းကို မသိပါဘူး။

ဒီနေ့ ခေတ်မှာတော့ အကုန်လုံးပေါင်းမှ ၂ ဦး ၃ ဦးပဲရှိပါတယ်။မက်ဆီနဲ့ ရော်နယ်ဒိုတို့ပဲရှိတာဖြစ်ပြီး နေမာဆိုရင် ဘရာဇီးလ် အသင်းမှာ ကြီးကျယ်ခန်းနားတဲ့ ပုံရိပ်ပိုင်ရှင် ကစားသမား မျိုးဖြစ်မလာသေးပါဘူး ” လို့ပြောခဲ့ပါတယ်။ဒါပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားမှာသာ နေမာက ဘရာဇီးလ်အသင်း ချန်ပီယံဖြစ် အောင် ဦးဆောင်နိုင်ခဲ့ရင် ဒီ အခြေအနေကို အပြောင်းအလဲဖြစ်စေနိုင်မှာဖြစ်တယ်လိုပီလီကဆိုပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်ပြီးပီလီက –

” နောက်လာမယ့် ကမ္ဘာ့ဖလားမှာ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ကောင်းနေလိမ့်မယ် လို့ မျှော်လင့်ပါတယ်။လူတွေကသူ့ကို ဝေဖန်ပြစ်ထင်ထားခဲ့ကြပြီး ကျွန်တော်လည်း တခါတလေ ပါဝင်ခဲ့ပါသေးတယ်။ဒါပေမယ့် သူဟာကျွန်တော်တို့ နိုင်ငံသား တယောက်ဖြစ်တယ်ဆိုတာ၊ ဆန်းတို့စ်ရဲ့ ထုတ်ကုန်တခုဖြစ်တယ်ဆိုတာကို မေ့လျော့နေကြပါတယ်။သူ့ရဲ့အကောင်းဆုံးပုံစံကိုပဲကျွန်တော်တို့လိုချင်ကြတာဖြစ်ပါတယ်။နည်းစနစ်ပိုင်းအရာကြည့်ရင်တော့သူဟာတကယ့်ကစားသမားကောင်းတယောက်ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SM