စီးရီးအေ ကလပ် ယူဗင်တပ် အသင်း ရဲ့ အကြီး အကဲတွေ ဟာ အင်္ဂလန် ကို သွားရောက် ပြီး တိုက်စစ်မှုး မန်ဇူကစ် ကို မန်ချက် စတာ ယူနိုက်တက် အသင်းထံ ရောင်းချဖို့ အတွက် ဆွေးနွေး ခဲ့တယ် လို့ သိရ ပါတယ် ။ တကယ်လို့ အပြောင်း အရွှေ့ အတွက် သဘောတူညီ ခဲ့ ပါက မန်ဇူကစ် ဟာ ဒီဇင်ဘာ ကတည်းက စပြီး ( တရားဝင် ပြောင်းရွှေ့မှု မပြုနိုင်သေး ပေမယ့် ) ယူနိုက်တက် နဲ့ လေ့ကျင့်ဖွယ် ရှိတယ်လို့ သိရ ပါတယ် ။

အေစီ မီလန် အသင်း ဟာ LA Galaxy ကနေ ထွက်ခွာ လာပြီ ဖြစ်တဲ့ တိုက်စစ်မှုးကြီး ဇလာတန် ကို ခေါ်ယူဖို့ လုပ်ဆောင် နေပြီး ဇလာတန် ရဲ့ တစ်နှစ် ယူရို ၄ သန်း လုပ်ခ ကို ပေးချေ နိုင်ဖို့ အတွက် သာမက ဇန်နဝါရီ စျေးကွက် အတွင်းမှာ အသုံးပြု ဖို့ အတွက် ဘိုရီနီ ၊ ဖရန့် ကတ်ဆီ နဲ့ ရီကာဒို ရိုဒရီဂွက် တို့ကို ရောင်းထုတ် ဖို့ စိတ်ကူး နေတယ်လို့ သိရ ပါတယ် ။

အေစီ ဂိုး သမားလေး ဒွန်နာ ရမ်မာ ကတော့ လစာ တိုးတောင်း ကာ စာချုပ်သစ် ချုပ်ဆို ချင်နေတယ် လို့ သိရ ပါတယ် ။ ဒါပေမယ့် အေစီ ဘက်ကတော့ အခြား တစ်နည်း ကို သာ စဉ်းစား စေလိုတယ်လိုပ ကြားသိရ ပါတယ် ။

ရိုးမား အသင်း ဟာ အဲဗာတန် မှာ အဆင် မပြေ ဖြစ်နေတဲ့ တိုက်စစ်မှုးလေး မွိုက်စ်ကင်း ကို ခေါ်ယူ ဖို့ အတွက် စီစဉ် နေတယ်လို့ ကြားသိရ ပါတယ် ။

ပရီးမီးယားလိဂ် ရဲ့ ဇန်နဝါရီ အပြောင်း အရွှေ့ ဟာ ဇန်နဝါရီ ၁ ရက်နေ့ ကနေ ၃၁ ရက် နေ့ အထိ ဖြစ်တယ်လို့ တရားဝင် ကြေညာ သွားခဲ့ပြီ ဖြစ် ပါတယ် ။

စပါး ၀ါရင့် ကစား သမားတွေ ဖြစ်တဲ့ အဲရစ်ဆင် ၊ ဗာတွန်ဂန် နဲ့ အယ်ဒါ ၀ီရယ် တို့ ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆို မှာ မဟုတ်တော့ ဘဲ ထွက်ခွာ ဖို့ စဉ်းစားနေ ကြပြီ လို့ သိရ ပါတယ် ။

နယ်သာလန် လက်ရွေးစင် နည်းပြ ရော်နယ် ကိုးမင်း ကတော့ လာမယ့် နွေရာသီ မှာ ဘာစီလိုနာ နည်းပြ ဖြစ်လာ နိုင်သလား ဆိုတဲ့ မေးခွန်း ကို ဖြစ်နိုင်ချေ ရှိပါတယ် လို့ ဖြေကြား သွားခဲ့ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် တိုက်စစ်မှုး ဒီယေဂို ကော်စတာ ဟာ ဖေဖော်ဝါရီ လောက်အထိ ကစားနိုင်ဦး မှာ မဟုတ်ဘူး လို့ သိရ ပါတယ် ။ ဒါပေမယ့် အေတီကို ဟာ ဇန်ဝါရီ စျေးကွက် ထဲ မှာ ဘာမှ လှုပ်ရှား မှာ မဟုတ်ဘူး လို့ သိရ ပါတယ် ။

Atletico Madrid’s forward Diego Costa shoots the ball during the International Champions Cup football match between Atletico Madrid v Juventus on August 10, 2019 in Solna outside Stockholm, Sweden. (Photo by Jonathan NACKSTRAND / AFP)

ဂျာမန် ကလပ် ဖရန့်ဖွတ် ပရိသတ်တွေ ဟာ အာဆင်နယ် နဲ့ ကစားမယ့် ယူရိုပါလိဂ် ပွဲစဉ် ကို ကြည့်ရှု ခွင့် ပိတ်ပင် ခံရမှု အတွက် အယူခံ ၀င်ခဲ့ ပေမယ့် UEFA က ပယ်ချ ခဲ့တယ်လို့ သိရပါတယ် ။

ဘာစီလိုနာ အသင်း ဟာ နိုင်ငံ ပွဲ ကာလ အတွင်း ကတ်တလန် ဒေသ ခြေစမ်းပွဲ ကစားဖို့ လေ့ကျင့် ခဲ့ကြ ရာမှာ ခံစစ်မှုး အမ်တီတီ ပါ၀င်လာခဲ့ပြီး ဖနောင့် ဒဏ်ရာ ကြောင့် ခရိုအေးရှား လူစာရင်း ကနေ နှုတ်ထွက် ကာ ဘာစီလိုနာ ပြန်လာခဲ့ တဲ့ ကွင်းလယ်လူ ရာကီတစ် ကိုတော့ မြင်တွေ့ ခဲ့ခြင်း မရှိဘူး လို့ သိရ ပါတယ် ။

နယူး ကာဆယ် အသင်း ဟာ အာဆင်နယ် မှာ အဆင် မပြေ မှုတွေ ဖြစ်နေတဲ့ ဂရန်းနစ် ရှာကာ ကို ဇန်နဝါရီ မှာ အငှား ခေါ်ယူ ဖို့ အတွက် စိတ်ဝင် စား နေတယ် လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

ဘိုင်ယန် အကြီး အကဲ လိုသာ မားသီးယပ် ကတော့ လစ်လပ် နေတဲ့ နည်းပြ ရာထူး အတွက် နည်းပြဟောင်း ဂွာဒီိယိုလာ ကို ပြန်ခန့်အပ် တာ ဟာ အကောင်းမွန်ဆုံး နည်းလမ်း ဖြစ်တယ်လို့ ပြောဆို ထောက်ခံ သွားခဲ့ ပါတယ် ။

တရုတ် စူပါလိဂ် မှာ ကစား နေတဲ့ အသက် ၃၆ နှစ် အရွယ် ကွင်းလယ် ကစား သမားကြီး ယာယာ တိုရေး ကတော့ သူ ဟာ အင်္ဂလန် ပရီးမီးယားလိဂ် ကို လွမ်းဆွတ် ကြောင်း နဲ့ ပရီးမီးယားလိဂ် ကို ပြန်လာ လို ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။