လီဗာပူး မန်နေဂျာ ယာဂန်ကလော့ က ဇလာတန် အီဗရာဟီမိုဗစ် သာ သူတို့ အသင်းရဲ့ ခါးသီး ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် မကစား ခဲ့ဖူး ဆိုရင် သူ့အနေနဲ့ free agent ဖြစ်နေတဲ့ ဆွီဒင် ဂန္တဝင် တိုက်စစ်မှုးကို ခေါ်ယူဖို့ စိတ်ဝင်စား နိုင်တယ်လို့ ၀န်ခံ သွားခဲ့ ပါတယ်။

အီဗရာဟီမိုဗစ် က မေဂျာလိဂ် ကလပ် LA ဂလက်စီ အသင်းနဲ့ စာချုပ် သက်တမ်း ကုန်ဆုံး ခဲ့ပြီးနောက် ဥရောပ ကို ပြန်လည် ခြေချ သွားမှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ လက သူ့ရဲ့ လူမှုကွန်ယက် မှာ ကြေငြာ သွားခဲ့ ပါတယ်။ ဆွီဒင် လက်ရွေးစင် တိုက်စစ်မှုးဟောင်း ဖြစ်သူဟာ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် နွေရာသီ က ပီအက်ဂျီ မှ မန်ယူနိုက်တက် ကို ပြောင်းရွေ့ လာခဲ့ပြီး အိုုးထရပ်ဖို့ဒ် ကလပ် အတွက် ၃၃ ပွဲ ကစားကာ ၁၇ ဂိုး သွင်းပေး ခဲ့ပါတယ်။

ထို့နောက် ဆွီဒင် ကြယ်ပွင့်ဟာ မတ်လ ၂၀၁၈ ခုနှစ်မှာ အမေရိကကို ပြောင်းရွေ့ သွားခဲ့ပြီး LA ဂလက်စီ အတွက် ၅၆ ပွဲ ကစား ရာမှာ ၅၂ ဂိုးထိ သွင်းယူကာ ၎င်းရဲ့ သွင်းဂိုး စွမ်းရည်ကောင်း တွေကို ဆက်လက် ပြသ နေဆဲ ဖြစ်ပါတယ်။ အသက် ၃၈ နှစ် အရွယ် အီဗရာဟီမိုဗစ် အကြောင်းကို မေးမြန်း ရာမှာတော့ လီဗာပူး နည်းပြ ယာဂန်ကလော့ဟာ TrabalFootball ကို ယခုလိုပဲ ပြောသွား ခဲ့ပါတယ်။

ကလော့ က “အကယ်၍ သူဟာ အရင်က မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် မကစား ခဲ့ဘူး ဆိုရင် ကျွန်တော်တို့ အနေနဲ့ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားကောင်း စိတ်ဝင်စား နိုင်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒီမှာ ကစား ချင်ပလား ဆိုတာ ကျွန်တော့် ဘက်က မသေချာ ပါဘူး။ ကျွန်တော်တို့ လီဗာပူး အသင်းဟာ အတော့်ကို အားထုတ်မှု ပြင်းထန်တဲ့ အသင်း ဖြစ်နေ လို့ပါ။

ကျွန်တော် ဒီလို ပြောတာဟာ ဇလာတန် ကို မလေးစား တော့လို့တော့ မဟုတ် ပါဘူး။ ကျွန်တော် သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက်လုံး ဖြတ်သန်း ခဲ့ပုံကို အရမ်း ကြိုက်ပါတယ်။ သူ့ရဲ့ အားထုတ်မှှှှု တွေကို ကြိုက်ပါတယ်။ ပြီးတော့ သူ့ရဲ့ ယုံကြည်မှု ပြင်းထန်ပုံကို နှစ်သက် ပါတယ်။ သူ့ရဲ့ အပြောအဆို ၊ အပြုအမူ နဲ့ လုပ်ပုံကိုင်ပုံ တွေဟာ အမြဲတမ်း မှန်ကန် ချင်မှ မှန်ကန်မှာ ဖြစ်ပေမယ့်လည်း ဒါတွေဟာ ဘယ်လိုပဲ ဖြစ်ဖြစ် ဖျော်ဖြေမှု ပေးနိုင် ပါတယ်။ သူဟာ အရမ်းကို ကောင်းမွန်တဲ့ စရိုက် လက္ခဏာကို ပိုင်ဆိုင် ထားသူပါ။ သူ ဘောလုံး ကစားခြင်း ကနေ မရပ်နားဖို့ ကျွန်တော် တကယ့်ကို မျှော်လင့် ထားပါတယ်။ ဒီလို ဖြစ်ခဲ့မယ် ဆိုရင် တစ်ကမ္ဘာလုံး သူ့ကို တအား လွမ်းဆွတ် နေရ ပါလိမ့်မယ်။” လို့ ဆိုခဲ့ ပါတယ်။

အီဗရာဟီမိုဗစ် ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ဘဝကို မယ်မို အသင်းမှာ စတင် ခဲ့တာ ဖြစ်ပြီး အဲဒီနောက် မှာတော့ ဥရောပ ထိပ်တန်း ကလပ်တွေ ဖြစ်ကြတဲ့ ယူဗင်တပ် ၊ အင်တာမီလန် ၊ ဘာစီလိုနာ ၊ အေစီမီလန် နဲ့ ပီအက်ဂျီ ၊ ယူနိုက်တက် တို့မှာ ဖြတ်သန်း ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ က ဆွီဒင် တိုက်စစ်မှုးဟာ အမေရိကန် ကို ထူးခြားတဲ့ မက်ဆေ့ချ် နဲ့ နှုတ်ဆက် ခဲ့ပါတယ်။

ဇလာတန် က “ကျွန်တော် ဒီကို ရောက်လာ ခဲ့တယ်။ ကျွန်တော် တွေ့ခဲ့တယ်။ ကျွန်တော် သိမ်းပိုက် နိုင်ခဲ့တယ်။ ကျွန်တော့်ကို ထပ်မံ နိုးကြားတက်ကြွ စေအောင် လုပ်ပေးတဲ့ ဂလက်စီ ကို ကျေးဇူး တင်ပါတယ်။ ဇလာတန် ကို အလိုရှိ ခဲ့တဲ့ ဂလက်စီ ပရိတ်သတ်တွေ အတွက် ကျွန်တော် ဇလာတန် ကို ပေးခဲ့ပါတယ်။ အရမ်းကို ကျေးဇူးတင် ရှိပါတယ်။ ပုံပြင် ကတော့ ဆက်နေ ဦးမှာပါ…အခုတော့ baseball ပွဲတွေ သွားကြည့် ပါဦးမယ်။” လို့ ဆိုခဲ့ ပါတယ်။

SM