ယနေ့ နံနက်အစော ပိုင်းမှာကစား သွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု အဆင့် ပွဲစဉ်မှာ အင်္ဂလန် အသင်း က မွန်တီနီဂရိုး အသင်းကို ရ-၀ ဂိုးနဲ့ ပအနိုင်ရခဲ့ပါတယ်။ဒါကြောင့်လည်း နာမည်ကြီး အင်္ဂလန်အသင်းဟာ ကိုဆိုဗို အသင်းနဲ့ ပွဲစဉ်တပွဲကျန်နေသေးပေမယ့် ခြေစ်ပွဲအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။

အင်္ဂလန် နည်းပြ ကြီးဆောက်ဂိတ်ကတော့ အခုပွဲစဉ် မှာ ဟတ်ထရစ် သွင်းယူ နိုင် ခဲ့တဲ့ တိုက်စစ် မှူး ဟယ်ရီကိန်း ဟာအသင်းရဲ့ ထာဝရ ဂိုးအများဆုံး စံချိန်ရှင် ဝိန်းရူနီရဲ့ ဂိုးအရေ အတွက်ကိုကျော်ဖြတ်သွားနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ် လိုက်ပါတယ်။

ဝင်ဘာလေကွင်း ကြီးမှာ ကစားခဲ့တဲ့ အခုပွဲစဉ်ဟာ အင်္ဂလန်အတွက် နိုင်ငံတကာ ပွဲ တထောင်ပြည့်ပွဲစဉ်ဖြစ်ပြီး ပွဲချိန် ပထမပိုင်းမှာ ပဲ ဟယ်ရီကိန်းက ဟတ်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဂိုးတွေ အပါအဝင် ဟယ်ရီကိန်းရဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုးဟာ ၃၁ဂိုးအထိရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်။

ဒါကြောင့်သူဟာ အလန်ရှီးယား၊ တွန်ဖင်နေး၊ လော့ဖ်ဟောက်စ် တို့လို ဂန္တဝင်ကြီး တွေရဲ့ သွင်းဂိုးအရေအတွက်တွေကို ကျော်လွှားနိုင်ခဲ့ပြီး အိုဝင်( ၄၀ဂိုး ) နောက်မှာ ရပ်တည်သွားနိုင်ခဲ့ပါတယ်။လက်ရှိ အင်္ဂလန် အသင်းရဲ့ သမိုင်းမှာဂိုးအများဆုံးဝိန်းရူနီကတော့ စုစုပေါင်း ၅၃ ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။

ဒါကြောင့် လည်း ဟယ်ရီကိန်းဟာ ဝိန်းရူနီရဲ့ စံချိန်ကို ချိုးနိုင်ဖို့ နောက်ထပ် အနည်းဆုံး ၂၃ ဂိုးလောက်သွင်းယူနိုင်ဖို့ လိုသေးတာဖြစ်ပါတယ်။ဒါပေမယ့် ဟယ်ရီကိန်းက အသက်၂၆နှစ်အရွယ်သာရှိသေးလို့ ဂိုးအများဆုံးကစားသမားနေရာကိုရသွားနိုင်သေးတယ်လို့ ဆောက်ဂိတ်က ယုံကြည်နေတာဖြစ်ပါတယ်။

Sky Sports နဲ့ အင်တာဗျူးမှာ ဆောက်ဂိတ်က – ” ဂန္တဝင်ကြီးတွေကို ကျော်ပြီး သူ့နာမည်ကိုပြောနိုင်တော့မှာဖြစ်လို့ ကိန်း အတွက်တကယ်ကောင်းပါတယ်။တကယ့်ကို ချစ်ခင်နှစ်သက်စရာ ညတည လည်းဖြစ်ပါတယ်။ကိန်းဟာဟပြိုင်ဘက်ကို သနားညှာတာတတ်တဲ့ ကစားသမားမျိုးမဟုတိပါဘူး။

အင်္ဂလန် ရဲ့ ဂိုးအများဆုံး ကစား သမား ဖြစ်လာနိုင်ဖို့ သူ့မှာ အရည်အသွေးရှိသလို အချိန်လည်း ရှိပါတယ်။တကယ်လို့ သာ အရာရာတိုင်းက သူ့အတွက် အဆင်ပြေပြေ အံဝင်ခွင်ကျ ဖြစ်သွားရင်တော့ သူဟာ ဒါကို ကျိန်းသေလုပ်နိုင်မယ်ဆိုတာ ကျွန်တော် ပြောရဲပါတယ် ” လို့ပြောခဲ့ပါတယ်။

တိုက်စစ် အစွမ်းကြောင့်ဂိုးပြတ်နိုင်ပွဲရခဲ့ပေမယ့် ခံစစ်ပိုင်းက လိုအပ်ချက်တွေ အမှားတွေအပေါ် ဆောက်ဂိတ်က – ”
ဘုရားသခင်ရဲ့ ကောင်းချီးကို ကျွန်တော်တို့ ရထားပါတယ်။ ကိန်း၊ ရတ်ဖို့ဒ်၊စတာလင်တို့ အပြင် နောက်ထပ် လူငယ်လေးတွေက ထပ်ရောက်လာမှာဖြစ်လို့ အ့ံမခန်းတိုက်စစ်အစွမ်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ကျွန်တော်တို့ အနေနဲ့ ဂိုးတွေ သွင်းယူနိုင်တယ်လို့ အမြဲတမ်းတွေးနေတတ်ကြပါတယ်။ပြိုင်ဘက်တွေကိုအမြဲတမ်းပြသနာတွေဖြစ်စေနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့အသင်းအနေနဲ့ ပြိုင်ပွဲကြီးတွေ မှာ အတော်လေးကို ရေပန်းအစားဆုံးအသင်းတသင်းဖြစ်ဖို့အတွက် တိုက်စစ်၊ ခံစစ် ပုံစံကောင်းပြသဖို့လိုပါတယ် ” လို့သတိပေးခဲ့တာဖြစ်ပါတယ်။

ယူရို ၂၀၁၈ ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ရောက်ခဲ့တဲ့ အသင်းထက်ပိုပြီးတောင့်တင်းတဲ့ အင်္ဂလန် အသင်း ကိုပိုင်ဆိုင်နေပြီလားလို့ မေးမြန်းရာမှာတော့ ဆောက်ဂိတ်က- ” နှိုင်းယှဉ်ပြီးပြောဖို့ မလွယ်ပါဘူး။ကျွန်တော်တို့ဟာလူငယ်တွေနဲ့ အလုပ်တွေဆက်လုပ်နေရဆဲဖြစ်ပါတယ်။အတော်လေး ကျေနပ်စရာတိုက်စစ် အစုအဖွဲ့မျိုးရထားပေမယ့် သင်ယူစရာတွေ လည်းအများကြီးရှိပါသေးတယ်။ခံစစ်ပိုင်းပိုကောင်းအောင်လုပ်ဆောင်သွားရဦးမှာလည်းဖြစ်ပါတယ်။ဒါပေမယ့် အနာဂတ်ကတော့ အရမ်းအရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR