* အာဆင်နယ် အသင်း တောင်ပံ ကစားသမား အဲလက်စ် အီဝိုဘီ ဟာ မနေ့ညက ကစားခဲ့တဲ့ အာဖရိကနိုင်ငံများဖလား ၁၆ သင်း ရှုံးထွက်အဆင့်မှာ နိုင်ဂျီးရီးယား အတွက် အဖိုးတန် အနိုင်ဂိုး ကို သွင်းယူ ပေးခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်ကို ပို့ဆောင် ပေးခဲ့ပါတယ် ။

* အာဆင်နယ် အမျိုးသမီး အသင်းမှ မီဒမ်မာ ၊ ဗန်ဒီဒွန့် ၊ ဗီနမ်ဒယ် ၊ ဘလက်ဝေါ့ ၊ ဂျေးရုဒ် တို့ ပါဝင်တဲ့ နယ်သာလန် အမျိုးသမီး လက်ရွေးစင် အသင်းဟာ ယနေ့ည မြန်မာ စံတော်ချိန် ၉ : ၃၀ မှာ ကမ္ဘာ့ဖလား ဖိုင်နယ် အဖြစ် အမေရိကန် အမျိုးသမီး အသင်း နဲ့ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ် ။

* အာဆင်နယ် အမျိုးသမီး ကွင်းလယ်လူ ဘက်တနီမိဒ် ဟာ မနေ့ညက ကစားခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလား တတိယ နေရာလုပွဲမှာ အင်္ဂလန် အမျိုးသမီး အသင်း အတွက် ပွဲချိန် မိနစ် ၅၀ အထိ ပါဝင် ကစားပေး ခဲ့ပါတယ် ။ အဆိုပါပွဲ မှာ အင်္ဂလန် အမျိုးသမီး အသင်းဟာ ဆွီဒင် အမျိုးသမီး အသင်းကို နှစ်ဂိုး တစ်ဂိုး နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်းဟာ နွေရာသီ ပထမဆုံး ရာသီကြို ခြေစမ်းပွဲ အဖြစ် မနေ့ညက မီဒေါင်းပါခ့် မှာ ဘိုးလ်ဟမ်းဝုဒ် အသင်း နဲ့ ယှဉ်ပြိုင် ကစားခဲ့ပါတယ်။ယူ-၂၃ နည်းပြ စတိဗ်ဘိုးလ် ဦးဆောင်လာတဲ့ အာဆင်နယ် အသင်းဟာ လူငယ် ကစားသမားတွေနဲ့သာ ယှဉ်ပြိုင် ကစားခဲ့တာပါ ။ အဆိုပါ ခြေစမ်းပွဲဟာ တစ်ဖက် သုံးဂိုးစီ သရေ ကျသွားခဲ့ပြီး အာဆင်နယ် အသင်းအတွက် ဂိုးတွေကိုတော့ စမစ် က တစ်ဂိုး ၊ တိုင်ရီဂျွန်ဂျူးစ် က နှစ်ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

* Mirror သတင်းစာ ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်းဟာ ခရစ္စတယ်ပဲလေစ့် တောင်ပံ ကစားသမား ဇာဟာရဲ့ ပြောင်းရွှေ့ ကြေး ပမာဏ များပြား လွန်းတာကြောင့် ဖရေစာ ဘက် မြှားဦး ပြန်လှည့် လာပြီလို့ သိရပါတယ် ။

* အာဆင်နယ် နဲ့ နယူးကာဆယ် အသင်းတို့ဟာ လာဇီယို အသင်း ရဲ့ အယ်ဘေးနီးယား လက်ရွေးစင် ဂိုးသမား စထရာကိုရှာ ( Strakosha ) ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ Tuttomercatoweb က ဖော်ပြ လိုက်ပါတယ် ။ လာဇီယို အသင်း ကတော့ သူတို့ ဂိုးသမား အတွက် ယူရို သန်း ၄၀ အလို ရှိနေပါတယ် ။

* အာဆင်နယ် အသင်းဟာ မနေ့က ရာသီကြို လေ့ကျင့်ခန်း အစီအစဉ် ပြန်လည် စတင် နေပြီး ကစားသမားသစ် မာတီနယ်လီ လည်း ပါဝင် လေ့ကျင့်ခန်း ဆင်းခဲ့ပါတယ် ။

* အာဆင်နယ် အသင်း ဟာ ခရစ္စတယ် ပဲလေစ့် တောင်ပံ ကစားသမား ဇာဟာ ကို ခေါ်ယူနိုင်ဖို့ အတွက် ပြောင်းရွှေ့ ကြေး အပြင် ချိန်ဘာ ၊ ဂျက်ကက်ဆန် ၊ အယ်နီနီ တို့ကို အလိုက်ပေး ကမ်းလှမ်းဖို့ ပြင်ဆင် နေတယ်လို့ သတင်းတွေ ထွက်ပေါ် လာပါတယ် ။

* အာဆင်နယ် တိုက်စစ်မှူး လာကာဇက် က လာမယ့် ရာသီမှာ ချန်ပီယံဆု ရယူဖို့ထက် ချန်ပီယံလိဂ် ဝင်ခွင့်ပြန်လည် ရယူ နိုင်ဖို့ကို ဦးစားပေး လုပ်ဆောင် ရမှာ ဖြစ်ကြောင်း Four Four Two နဲ့ အင်တာဗျူးမှာ ပြောကြား လိုက်ပါတယ် ။

့* အာဆင်နယ် ကွင်းလယ်လူ အယ်နီနီ ပါဝင် ကစားနေတဲ့ အီဂျစ် အသင်းဟာ အာဖရိက နိုင်ငံများ ဖလား ၁၆ သင်း ရှုံးထွက် အဆင့်မှာ တောင်အာဖရိက အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် သွားခဲ့ပြီး ပြိုင်ပွဲကနေ လှည့်ပြန် ခဲ့ရပါပြီ ။

* တူရကီ သတင်းထောက် ဖိတ်ဒိုဂန် ရဲ့ အဆိုအရ ဖီနာဘာချီ အသင်း ဥက္ကဌ အလီကော့စ် ဟာ အိုဇေးလ် ကို ခေါ်ယူဖို့ အတွက် သူ့ရဲ့ လစာ နဲ့ အငှား စရိတ်ကို ပေးချေ နိုင်မယ့် စပွန်ဆာ ရှာဖွေနေကြောင်း ပြောကြား သွားခဲ့ပါတယ် ။

* ဘိုလ်းဟမ်းဝုဒ် နဲ့ ပွဲမှ အာဆင်နယ် အသင်း လူငယ် ကစားသမားများရဲ့ ratingများ ———————————————————- ကာလ်ဟိန်း ( ၄ ) ၊ ဆွမ်ဆန် ( ၄ ) ၊ ဒိုမီိနစ် သွမ်ဆန် (၅) ၊ မတ်သရူး စမစ် ( ၈ ) ၊မတ်ဂင်းနစ် ( ၄ ) ၊ မက်ဒလေ ( ၆ ) ၊ နသန်တော်မီ ( ၄ ) ၊ ရော်ဘီဘာတန် ( ၅ ) ၊ ဘာလိုဂန် ( ၅ ) ၊ ဂျိမ်းစ်အိုလာရင်ကာ ( ၅ ) ၊ ထရေးကွိုင်လီ ( ၄ ) ။

လူစားဝင်ကစားသမားများ – ဂျိမ်းစ်ဟီလ်ဆင် ( ၅ ) ၊ ဟယ်ရီကလပ်ခ် ( ၆ ) ၊ ဘန်ကော့ရယ် ( ၅ ) ၊ အယ်ဖီး မက်သရူး ( ၅ ) ၊ အမာချီ ( ၇ ) ၊ တိုင်ရီဂျွန်ဂျူးစ် ( ၉ ) ၊ အိုဂန်ဘို ( ၅ ) ၊ မက်သရူး ဒန်းနစ် ( ၅ ) ၊ အဇီစ် ( ၇ ) ၊ ဂရင်းဝုဒ် ( ၆ ) ၊ အိုလိုဝူ ( ၅ ) ၊ အယ်ဘီယိုစု ( ၅ ) ။

SPORTS MYANMAR