ယနေ့ နံနက် ပိုင်းမှာ ကစား သွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စု အဆင့် ပွဲစဉ်မှာ ပေါ်တူဂီ အသင်းက လစ်သူယေးနီးယား အသင်းကို ၆-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာပေါ်တူဂီအတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တာကတော့ ရော်နယ်ဒိုဖြစ်ပြီး ဟတ်ထရစ်သွင်းယူပေးနိုင်ခဲ့ပါတယ်။

ရော်နယ် ဒိုဟာ ဂျူဗီ အသင်းအတွက် နောက်ဆုံး ကစားပေးထား ခဲ့တဲ့ ပွဲစဉ် ၂ ပွဲဆက် တိုက် ပွဲမပြီးခင်မှာပဲ လူစားလဲခြင်း ခံထား ခဲ့ရသူဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့ ကြံ့ခိုင်မှု အနေအထားအပေါ် သံသယဝင်ခဲ့ကြပြီး ပေါ်တူဂီ အသင်းရဲ့ ပွဲထွက် လူစာရင်းမှာပါဝင်လာနိုင်ဖို့ရှိမရှိ မသေမချာဖြစ်ခဲ့ပါသေးတယ်။

ဂျူဗီ အသင်းရဲ့ နည်းပြကြီး ဆာရီဟာ ရော်နယ်ဒိုကို အခုအပတ် အတွင်း ကစားခဲ့တဲ့ အေစီမီလန် အသင်းနဲ့ ပွဲစဉ်နဲ့ ပြီးခဲ့တဲ့အပတ်ကြားရက်အတွင်း ကစားခဲ့တဲ့ လိုကိုမိုတစ်မော်စကို အသင်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ဒဏ်ရာပြသနာရှိနေတဲ့ အကြောင်းပြချက်နဲ့ အတူပွဲမပြီးခင်မှာ လူစား လဲထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရော်နယ်ဒိုဟာ အခုပွဲမှာ ပွဲချိန် ၈၃ မိနစ်အထိ ပါဝင်ကစားပေးခဲ့ပြီး ခြေစွမ်းကောင်းပြသနိုင်ခဲ့သလို သွင်းဂိုး၃ဂိုးပါသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အဆိုပါ ပွဲချိန်တလျှောက်မှာ မောပန်း နွယ်နယ်နေတဲ့ ပုံစံမျိုးမှာရှိမနေခဲ့တာလည်းဖြစ်ပါတယ်။လူစားလဲ လိုက်ချိန်မှာ ရော်နယ်ဒို ဘယ်လိုခံစားနေရလဲလို့ မေးမြန်းရာမှာတော့ ပေါ်တူဂီ နည်းပြ ဆန်းတို့စ်က –

” သူက အဆင်ပြေပြေပါပဲ။ကျွန်တော့်အနေနဲ့လည်း ဒီအတွက် ဘာသံသယမှ မရှိပါဘူး။ ပွဲမတိုင်မီတုန်းကလည်း ကျွန်တော်ဒါကို ပြောထားခဲ့ပါသေးတယ်။အခြားသူတွေက သူ့အပေါ်သံယဝင်ခဲ့ရင်တောင်ကျွန်တော်ကတော့မဝင်ပါဘူး ဗျာ ” လို့ပြောခဲ့ပါတယ်။

ဒီပွဲမှာ ဟတ်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့်ပေါ်တူဂီ လက်ရွေးစင် အသင်းအတွက် ရော်နယ်ဒိုရဲ့ သွင်းဂိုး အရေအတွက်ဟာ ၉၈ ဂိုးအထိ ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။အသက်အရွယ်ရလာနေပြီဖြစ်ပေမယ့် သွင်းဂိုးတွေရပ်တန့်မသွားသေးတဲ့ ရော်နယ်ဒို နဲ့ ပတ်သက်ပြီး အသင်းဖော်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က –

” ကျွန်တော်တို့ အသင်းမှာ ရှိနေတာကတော့ စိတ်အားထက်သန်မှု အရမ်းကောင်းတဲ့ ရော်နယ်ဒိိုလိုကစားသမား ဖြစ်ပါတယ်။သူဟာအသင်းအတွက် အမြဲတမ်းအကောင်းဆုံးပေးဆပ်ပါတယ်။ဒီပွဲမှာဆို သူ၃ဂိုးသွင်းယူပေးခဲ့ပြီး ဒါဟာသူ့အတွက်တော့ သာမန်ကိစ္စတခုပါပဲ ” လို့ပြောခဲ့ပါတယ်။ပထမပိုင်းမှာသွင်းဂိုး၂ ဂိုးသာရခဲ့တဲ့ဘအပေါ် နည်းပြကြီ ဆန်းတို့စ်က – ” ကစားသမားတွေက အစီအစဉ် ချမှတ်ထားတဲ့ အတိုင်းကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာဆိုရင် အတော်လေးကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ဒါပေမယ့် ဂိုးတွေတော့ ပိုသွင်းယူနိုင်ခဲ့သင့်တာဖြစ်ပါတယ်။

စတုတ္ထဂိုးရသွားအပြီးမှာတော့ ကျွန်တော်တို့ဟာ နောက်လာမယ့် ပွဲအတွက် ကစားအားချန်ပြီး အနားယူကစားသွားနိုင်ခဲ့ပါတယ်။လူဇင်ဘတ်နဲ့ ပွဲမှာလည်းကျွန်တော်တို့ ဒီလိုပုံစံနဲ့ပဲကစားသွားမှာဖြစ်ပါတယ်။ဒါပေမယ့် ပြင်ဆင်ချိန် ရ၂ နာရီလောက်ပဲ ရတာဖြစ်လို့စောင့်ကြည့်ရပါဦးမယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR