ဝေးလ် တောင်ပံ ကစား သမားလေး ဒန်နီ ရယ် ဂျိမ်းစ် ဟာ ယခု ရာသီ မစတင် ခင် က မန်ချက် စတာ ယူနိုက်တက် ဆီကို ဆွမ်းဆိ ကနေ ပြောင်းရွှေ့ လာခဲ့ ပါတယ် ။ ဂျိမ်းစ် အတွက် ယူနိုက်တက် တို့ ပေးခဲ့ရတဲ့ စျေးက ပေါင် ၁၅ သန်း ဖြစ်ပြီး ပွဲစဉ် ၁၂ အပြီး မှာတော့ ဒီခေါ်ယူမှု ဟာ မှန်ကန် တဲ့ လုပ်ရပ် တစ်ခု အဖြစ် ပြောဆို မှုတွေ ရှိလာ ခဲ့ ပါတော့တယ် ။ အမှန် တကယ် မှာလည်း ဂျိမ်းစ် ဟာ အိုးထရက်ဖိုဒ့် မှာ တောက်ပ ခဲ့ပြီး အားထား ရတဲ့ ပွဲထွက် သူ တစ်ဦး ဖြစ်လာ ခဲ့ ပါတယ် ။

ဂျိမ်းစ် ဟာ သူ့ရဲ့ လျှင်မြန်မှု ကို အသုံးချ ပြီး ဆိုးရှား ရဲ့ တန်ပြန် တိုက်စစ် ဗျုဟာ မှာ အရေးပါသူ ဖြစ်လာ ခဲ့ ပါတယ် ။ ဒါ့အပြင် ဂျိမ်းစ် ဟာ နောက်ကို လည်း ဆင်းကူ သလို ညာခြေ ကန်ချက် တွေကလည်း အားပါး မြန်ဆန် တာကြောင့် ယူနိုက်တက် အတွက် ၃ ဂိုး သွင်းယူ ပေးထား ခဲ့ပြီ ဖြစ် ပါတယ် ။

ဒါပေမယ့် နောက်ပိုင်း ပွဲစဉ် တွေ မှာ ဒန်နီရယ် ဂျိမ်းစ် ဆီက နောက်ထပ် အရည် အသွေး ကောင်း တစ်ခု ကို မြင်တွေ့ ခဲ့ရ ပါတယ် ။ အဲ့ဒါ ကတော့ အဝေးဘော ပေးပို့မှု ပါပဲ ။ ဂျိမ်းစ် ဟာ လီဗာပူး နဲ့ ကစား ခဲ့တဲ့ ပွဲမှာ တန်ပြန် တိုက်စစ် က တဆင့် မားကပ် ရက်ဖိုဒ့် ရဲ့ ဂိုးကို ဖန်တီးပေး ခဲ့ ပါတယ် ။

ဒါ့ အပြင် နောဝှစ်ချ် နဲ့ ကစား ခဲ့တဲ့ ပွဲ မှာ လည်း ကွင်း တစ်ဝက် ခန့် ကနေ ရက်ဖိုဒ့် ရဲ့ ပြေးလမ်း ကြောင်း ထဲ ကို ဘောလုံး ပို့ပေး ခဲ့ပြီး ပင်နယ်တီ မဝင်ထားတဲ့ အင်္ဂလန် တိုက်စစ် မှုး ဟာ ဒီ အခွင့် အရေး ကို အပိုင် အသုံးချ နိုင် ခဲ့ ပါတယ် ။

ဂျိမ်းစ် ဟာ နောဝှစ်ချ် နဲ့ပွဲ မှာ ရက်ဖိုဒ့် ကို ဖန်တီး ခဲ့ သလိုမျိုး မာရှယ် ကို ထပ်မံ ဖန်တီးပေး ခဲ့ ပေမယ့် နောဝှစ်ချ် ဂိုး သမား ကရူးစ် က ကာကွယ် သွားနိုင် ခဲ့ ပါတယ် ။ ဘရိုက်တန် ကို အနိုင် ရခဲ့တဲ့ တနင်္ဂနွေနေ့ တုန်း ကလည်း ဒီလိုမျိုး တန်ပြန် တိုက်စ် ကနေ အဝေးဘော တစ်လုံး ကို ဖန်တီးပေး ခဲ့ ပါတယ် ။

အရင် တုန်းက ယူနိုက်တက် မှာ ဒီလိုမျိုး အဝေးဘော ပေးပို့ ဖန်တီးမှု ကောင်းမွန်သူ ဟာ ပေါလ် ပေါ့ဘာ တစ်ဦးသာ ရှိခဲ့ ပါတယ် ။ ပေါ့ဘာ ရဲ့ တိကျ မြန်ဆန် တဲ့ အဝေးဘော တွေ ဟာ ပြေးနှုန်း ကောင်းတဲ့ ရက်ဖိုဒ့် အတွက် အကောင်းဆုံးသော အားဖြည့်မှု တွေ ဖြစ်စေခဲ့ ပြီး မနှစ် က ရာသီ မှာ ပေါ့ဘာ ရဲ့ ဖန်တီးမှုတွေ ကနေ ရက်ဖိုဒ့် ဂိုးသွင်းယူနိုင်ခဲ့တာတွေ ရှိခဲ့ ပါတယ် ။

ဒီရာသီ မှာတော့ ပေါ့ဘာ ရဲ့ ဒဏ်ရာ ရရှိမှု ကြောင့် ယူနိုက်တက် ဘက်မှာ တန်ပြန် တိုက်စစ် ကို အဝေးဘော နဲ့ အမြန်စတင် နိုင်မယ့်သူ မရှိတော့ဘူး လို့ ထင်မှတ် ခဲ့ကြပါတယ် ။ ဒါပေမယ့် အခုလို ဒန်နီရယ် ဂျိမ်းစ် ရဲ့ အဝေးဘော ပေးပို့နိုင်မှု ဟာ ပရိသတ်တွေ အတွက် အားတက် စရာ ဖြစ်ခဲ့ပြီး ပေါ့ဘာ ပြန်ပါလာချိန် မှာ ရှေ့တန်း လူတွေ အတွက် ပိုမို အကျိုး ဖြစ်ထွန်းစေ ဖို့ အလားအလာ တွေ မြင်တွေ့ လာခဲ့ရ ပါတယ် ။

ဂျိမ်းစ် ဟာ ညာတောင်ပံ မှာ အဓိက ကစားသူ ဖြစ်တာ ကြောင့် သူ့ရဲ့ ဓားလွယ်ခုတ် အဝေးဘော ပေးပို့မှုတွေ ဟာ ရက်ဖိုဒ့် အတွက် ပေါ့ဘာ ရဲ့ ပေးပို့မှုတွေ ထက် တောင် ပိုလို့ အဆင်ပြေ စေခဲ့ ပါတယ် ။ ပေါ့ဘာ ဟာ ကွင်းလယ် ကနေ ပို့ပေးတာ ဖြစ်လို့ ရက်ဖိုဒ့် ဟာ ဘောလုံး ကို ကျောပေး ပြေးရတဲ့ အတွက် အကွာအဝေး ချိန်ဆမှု နဲ့ ပြိုင်ဘက် နောက်တန်း ကို အကဲခတ်ရမှုတွေ မှာ အခက်အခဲ အချို့ ရှိခဲ့ ပါတယ် ။

ဂျိမ်းစ် ရဲ့ တောင်ပံ ကနေ လာတဲ့ အဝေးဘော မှာတော့ ဘောလုံးဟာ ရက်ဖိုဒ့် ရဲ့ ပြေးလမ်းကြောင်း ထဲ ကို ၄၅ ဒီဂရီ စောင့်ပြီး ၀င်လာတာ ဖြစ်လို့ ပြေးနေရင်း ဘောလုံး ကို မြင်နိုင်ပါတယ် ။ ဒါဟာ ကျောပေးပြေးရတာ ထက် ပိုပြီး ချိန်ဆ လို့ ကောင်းသလို အခွင့်အရေး ပေးလာပါက တစ်ခါတည်း ကန်သွင်းလို့တောင် ရနိုင်တဲ့ အနေ အထား ကို ဖြစ်စေ နိုင် ပါတယ် ။

ဒီလို ပြောလို့ ဂျိမ်းစ် ဟာ ပေါ့ဘာ ထက် ပိုကောင်းတဲ့ ကစား သမား ဖြစ်သွားတာ မဟုတ်ပါဘူး ။ ပေါ့ဘာ ရဲ့ ဘောလုံး အရည် အသွေး ဟာ ထိပ်တန်း အဆင့် မှာ ရှိနေတယ် ဆိုတာ အားလုံး သိကြပြီး ဖြစ်ပါလိမ့်မယ် ။ ဒါပေမယ့် ဂျိမ်းစ် ဆီကနေ အခုလို ကောင်းမွန်တဲ့ ပေးပို့မှုတွေ မြင်တွေ့ ရတာက တန်ပြန် တိုက်စစ် ကို အဓိက ကစားတဲ့ ဆိုးရှား ရဲ့ ကစားကွက် အတွက် နောက်ထပ် အထောက် အပံ့တွေ ဖြစ်လာ ဖို့ မျှော်လင့် နိုင်မှာ တော့ အသေအချာ ပါပဲ ။

အခု အချိန် အထိ ဂျိမ်းစ် ဟာ ပရီးမီးယားလိဂ် မှာ ၃ ဂိုး သွင်းပြီး ၂ ဂိုး ဖန်တီးပေး ထားခဲ့ ပါပြီ ။ သူ့ အတွက် ပေးရတဲ့ တန်ဖိုး က ပေါင် ၁၅ သန်း တည်းပါ ။ ဒီခေတ် မှာ ဒီစျေးနဲ့ အလယ်အလတ် အသင်းက လူကိုတောင် ခေါ်လို့ မရတော့ ပါဘူး ။ ယူနိုက်တက် အတွက် တကယ်ကို ထိုက်တန်တဲ့ ခေါ်ယူမှု ဖြစ်လာမှာ သေချာ ပါတယ်

SPORTS MYANMAR