အင်္ဂလန် လက်ရွေးစင် အသင်း ဟာ ယမန်နေ့ ညက ကစား ခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ် ပွဲ မှာ မွန်တီ နီဂရိုး အသင်း ကို 7 – 0 ရလဒ် နဲ့ အပြတ် အသတ် အနိုင် ကစားပြီး ခြေစစ် ပွဲ အောင်မြင် သွားခဲ့ ပြီ ဖြစ် ပါတယ် ။ ဒီပွဲ ဟာ အင်္ဂလန် လက်ရွေးစင် အသင်း သမိုင်း တစ်လျောက် ၁၀၀၀ မြောက် နိုင်ငံတကာ ပွဲ ဖြစ်ခဲ့ပြီး တိုက်စစ်မှုး ဟယ်ရီကိန်း က ဟက်ထရစ် သွင်းယူ ပေးခဲ့ ပါတယ် ။

အင်္ဂလန် ဟာ အုပ်စု အေ အတွင်း 7 ပွဲ ကစားပြီး ချိန် မှာ ၁၈ မှတ် ရရှိ ထားပြီး ၁ ပွဲ အလိုမှာ တင် ခြေစစ်ပွဲ အောင်မြင် ခဲ့ ပါတယ် ။ အင်္ဂလန် ဟာ ချက် အသင်း ကို သာ ရှုံးနိမ့် ခဲ့ပြီး တိုက်စစ်ပိုင်း က ၃၃ ဂိုး အထိ သွင်းယူ ထားခဲ့ ပါတယ် ။ ဒါဟာ ဥရောပ ဇုံ ခြေစစ်ပွဲ ၀င် အသင်းတွေ အနက် အများဆုံး သွင်းယူ ထားနိုင်ခဲ့ တာလည်း ဖြစ်ခဲ့ ပါတယ် ။

ဒါပေမယ့် ယမန်နေ့ ညက ပွဲ မှာ တော့ ပွဲ အစီအစဉ် သုံးသပ်သူ တွေ ဟာ အင်္ဂလန် ရဲ့ ခံစစ်ပိုင်း ကို ဝေဖန်မှု တွေ ရှိခဲ့ ပါတယ် ။ 7 ပွဲ မှာ ၆ ဂိုးသာ ပေးထားရ ပေမယ့် အက်ရှ်လေကိုးလ် ၊ လီဒစ်ဆင် နဲ့ ရွိုင်ကင်း တို့ က အင်္ဂလန် ရဲ့ ခံစစ်ပိုင်း ကို အားမရခဲ့ဘဲ ယူရို ၂၀၂၀ မှာ ချန်ပီယံ ဖြစ်လိုပါက ဒီခံစစ် ကို ပြင်ဆင် ရမယ်လို့ သတိပေး သွားခဲ့ ကြပါတယ် ။

“အင်္ဂလန် တိုက်စစ် က ကြောက်ခမန်း လိလိ ပါပဲ ။ ဒါပေမယ့် ခံစစ် ပိုင်းက အာရုံ စူးစိုက်မှု လျော့နေ ပါတယ် ။ တကယ်လို့ ပြိုင်ဘက် က မွန်တီနီဂရိုးသာ မဟုတ်ဘဲ ဘယ်ဂျီယံ ၊ ပြင်သစ် တို့ သာ ဆိုရင် အင်္ဂလန်တို့ နောင်တ တွေ တသီကြီး ရသွား မှာပါ”

“အင်္ဂလန် ရဲ့ ခြေစွမ်းက ပိုပြီး ကောင်းလာ ပါပြီ ။ ဒါပေမယ့် ပြိုင်ပွဲကြီးတွေ မှာ ဗိုလ်စွဲချင် တယ် ဆိုရင်တော့ နောက်တန်း ကို သေချာ ပြင်ဆင် ဖို့ လိုပါလိမ့်မယ် ။ အမှားသေးသေး လေးတွေ က လည်း ပေးဆပ်မှု အကြီးကြီးတွေ ဖြစ်တတ် တာမို့ပါ” လို့ ရွိုင်ကင်း က BT Sports က တဆင့် သုံးသပ် သွားခဲ့ ပါတယ် ။

အင်္ဂလန် အတွက် ပွဲပေါင်းများစွာ ကစား ခဲ့တဲ့ ဘယ်နောက်ခံလူ ဟောင်း အက်ရှ်လေကိုးလ် ကလည်း ရွိုင်ကင်း ရဲ့ အဆိုကို ထောက်ခံ ခဲ့ကာ နည်းပြ ဆောက်ဂိတ် အနေနဲ့ ပုံမှန် ပွဲထုတ် နိုင်တဲ့ ခံစစ်အတွဲ ကို ရှာဖွေ မတွေ့ သေးဘူး ဖြစ်နေတယ်လို့ ဆိုသွားခဲ့ ပါတယ် ။

“သူ့ရဲ့ နောက်တန်း ၄ ယောက် ကို ဆောက်ဂိတ် ခုထိ မရွေးရသေးဘူး လို့ ထင် ပါတယ် ။ ဒါက ပြိုင်ပွဲကြီး ကို ရောက်လာ တဲ့ အချိန် မှာ အင်္ဂလန် အတွက် ဒုက္ခ ဖြစ်စေနိုင် ပါတယ် ။ တကယ်လို့ ကျွန်တော့ အမြင်ကို ပြောခွင့် ရမယ်ဆိုရင်တော့ တိုင်ရွန်မင်းစ် ( ဗီလာ နောက်ခံလူ ) ကို ရွေးချင် ပါတယ်”

“မင်းစ် ဟာ ဘောလုံး ကို ဦးနှောက်သုံး ကစားနိုင် သလို ယုံကြည်မှု လည်း ပြည့်ဝ ပါတယ် ။ လက်ရွေးစင် အတွေ့ အကြုံ မရှိသေးပေမယ့် သူ့ကြည့်ရတာ လူသစ် နဲ့ မတူသလို ပါပဲ ။ ဒီနေ့ ပွဲမှာ သူ မကစားရလို့ ကျွန်တော် စိတ်မကောင်း ဖြစ်မိ ပါတယ်” လို့ အက်ရှ်လေကိုး က ဆိုသွားခဲ့ ပါတယ် ။

အာဆင်နယ် ခံစစ်မှုးဟောင်း လီဒစ်ဆင် ကလည်း မန်စီးတီး ခံစစ်မှုး ဂျွန်စတုန်း ရဲ့ အနေအထား ဟာ ကျဆင်း နေပြီး ဟယ်ရီ မက်ဂွဲယား နဲ့ တွဲဖက်မယ့် ခံစစ် သမား တစ်ဦး လိုအပ် နေပြီဖြစ်ကြောင်း ၊ အက်ရှ်လေကိုးလ် ညွှန်းဆို တဲ့ တိုင်ရွန်မင်းစ် ကို ထောက်ခံ သွားခဲ့ ပါတယ် ။

 

 

“ဒီပွဲမှ မဟုတ်ပါဘူး ။ ကွင်းလယ် ကနေ ဂိုးပေးရမယ့် အခွင့် အရေးတွေ ကို အစပြုခဲ့တယ် ၊ တည်ကန် ဘောတွေ ကို တားရာမှာ အားနည်း နေတယ် ၊ အခု ပွဲမှာ လည်း ထောင့်ကန်ဘော တွေ ဟာ ပြဿနာ ဖြစ်ခဲ့ ပါတယ်”

“စတုန်း ရဲ့ အာရုံစူးစိုက်မှု ဟာ ၁၀၀% မရှိဘူး လို့ ထင် ပါတယ် ။ သူ့ကြောင့် ခံစစ်မှုး ၂ ဦး ရဲ့ အကြားမှာ ဟာကွက်တွေ ပေါ်နေပြီး တကယ့် ပြိုင်ပွဲကြီးတွေ မှာ ဒုက္ခ ဖြစ်လာနိုင် ပါတယ် ။ စတုန်းဟာ ကစား သမား ကောင်းပါ ၊ ဒါပေမယ့် လက်ရှိ မှာတော့ သူ နည်းနည်း လမ်းပျောက် နေသလို ပါပဲ ။ တိုင်ရွန်မင်းစ် ကို စမ်းသုံးကြည့်ဖို့ ကျွန်တော် လည်း ထောက်ခံ ပါတယ်” လို့ ဒစ်ဆင် က ပြောဆို သွားခဲ့ ပါတယ် ။

SPORTS MYANMAR