မန်ချက် စတာ ယူနိုက်တက် အသင်း ဟာ အင်တာ ကို အငှားချ ထားတဲ့ အလက်ဆစ် ဆန်းချက် ကို အပြီး သတ် ရောင်းထုတ် လို နေပြီး နော်ဝေ တိုက်စစ်မှုးလေး အာလင်း ဟာလန်း အတွက် ဘဏ္ဍာငွေ ကို ဖြည့်ဆည်း ဖို့ ကြံရွယ် နေတယ်လို့ သိရ ပါတယ် ။ နည်းပြ ဆိုးရှား ဟာ သူ့ရဲ့ ကိုယ်ပိုင် ကင်းထောက်တွေ ကို ဟာလန်း ရဲ့ ခြေစွမ်း ကို လေ့လာ ဖို့ စေလွှတ် ထားတယ်လို့ လည်း ကြားသိ ရ ပါတယ် ။

ယူဗင်တပ် အသင်း ကတော့ အေစီမီလန် ဂိုး သမား ဒွန်နာ ရမ်မာ ကို ရာသီ အကုန်မှာ ခေါ်ယူ ဖို့ စိတ်ဝင်စား နေတယ်လို့ လည်း သိရ ပါတယ် ။

အိုင်ယက်စ် အသင်း ရဲ့ CEO ဗန်ဒါဆား ဟာ ကလပ် အသင်း နဲ့ ၂၀၂၃ ခုနှစ် အထိ စာချုပ် သက်တမ်း တိုးမြှင့် ချုပ်ဆို လိုက်ပြီ လို့ ကြားသိ ရ ပါတယ် ။

အသက်လက်တီကို မက်ဒရစ် ကတော့ ဘာစီလိုနာ မှာ နေရာ ပျောက် နေတဲ့ ကွင်းလယ်လူ အိုင်ဗန် ရာကီတစ် ကို ဇန်နဝါရီ မှာ ပေါင် ၃၅ သန်း နဲ့ ကမ်းလှမ်း ဖို့ စီစဉ် နေတယ်လို့ သိရ ပါတယ် ။

ဘာစီလိုနာ အသင်း ကတော့ အာဆင်နယ် လူငယ် တိုက်စစ်မှုးလေး မာတင်နယ်လီ ကို မျက်စိ ကျနေတယ် လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ဗြိတိန် အခြေစိုက် BT Sport ဟာ ချန်ပီယံ လိဂ် နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ ထုတ်လွှင့်ခွင့် ကို ၂၀၂၄ ခုနှစ် အထိ ကာလရှည် ဝယ်ယူဖို့ ပြင်ဆင် နေပြီး တန်ဖိုး အားဖြင့် ပေါင် ၁.၂ ဘီလီယံ ပေးချေ ဖို့ ရှိတယ်လို့ သိရ ပါတယ် ။

LA Galaxy အသင်း အကြီး အကဲ ဂွီလာမို ဘားရိုစ့် က ဇလာတန် အီဘရာဟီမိုဗစ် ဟာ အေစီမီလန် ( သို့ ) နာပိုလီ တစ်သင်းသင်း မှာ ကစားရင်း အနားယူ လိမ့်မယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။ အတ္တလန်တာ အသင်း ဥက္ကဌ ကတော့ သူတို့ အသင်း ဟာ ဇလာတန် ကို ပေးချေ ဖို့ မတတ် နိုင်ပါဘူး လို့ ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီး အသင်း ကတော့ UEFA ရဲ့ သူတို့ အသင်းအပေါ် ဘဏ္ဍာရေး စည်းမျဉ်း နဲ့ ကိုက်ညီမှု ရှိမရှိ စစ်ဆေးမယ့် အစီအစဉ် ကို ကန့်ကွက် ကြောင်း အယူခံတင်သွင်း ခဲ့ ပေမယ့် အယူခံ ကို ပယ်ချ ခဲ့တယ် လို့ သိရှိရ ပါတယ် ။

အီတလီ က ကလပ် အသင်းတွေ ဟာ အာဆင်နယ် နောက်ခံလူ ဟတ်တာ ဘယ်လာရင် ကို ခေါ်ယူဖို့ အတွက် စောင့်ကြည့် နေကြတယ် လို့ သတင်းတွေ ထွက်ပေါ် လာပါတယ် ။

ရီးရဲ ကွင်းလယ်လူ ဟာမက် ရိုဒရီဂွက် ကတော့ လေ့ကျင့်ရေး ကွင်းမှာ ရရှိတဲ့ ဒူးဒဏ်ရာကြောင့် ကိုလံဘီယာ လူစာရင်း ကနေ နှုတ်ထွက် သွားခဲ့တယ် လို့ သိရ ပါတယ် ။

နာပိုလီ အသင်း ကတော့ ကွင်းလယ်လူ အလန် ကို ဇန်နဝါရီမှာ ရောင်းထုတ် ပြီး အာဆင်နယ် ကွင်းလယ်လူ တော်ရီးယား ကို ခေါ်ယူ ဖို့ စီစဉ် နေတယ်လို့ သိရ ပါတယ် ။

မန်စီးတီး နည်းပြ ဂွာဒီယိုလာ ဟာ ဇန်နဝါရီ မှာ လက်စတာ ခံစစ်မှုး ဆိုရန်ကူ ကို ခေါ်ယူ ဖို့ စိတ်ဝင်စား နေတယ်လို့ သိရ ပါတယ် ။

အီတလီ နဲ့ ကမ္ဘာ့ ဖလား ရယူခဲ့သူ နည်းပြကြီး မာဆယ်လို လစ်ပီ ကတော့ ဆရီးယား အသင်း ကို ရှုံးနိမ့် ခဲ့တဲ့ ပွဲ အပြီးမှာ တရုတ် လက်ရွေးစင် နည်းပြ ရာထူး ကနေ နှုတ်ထွက် သွားခဲ့ တယ်လို့ ကြားသိရ ပါတယ် ။

SPORTS MYANMAR