ထွက်ပေါ် လာတဲ့ သတင်း တွေ အရ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ အတွင်း ဝေဖန် မှုတွေ ခံနေ ခဲ့ ရတဲ့ အသင်း ရဲ့ တိုက်စစ် ပိုင်းကို အင်အား ဖြည့်တင်း ဖို့ အတွက် လူငယ် ကစားသမား နှစ်ဦး ကို ပေါင် သန်း 200 အထိ ပေးချေ ခေါ်ယူ သွားဖို့ စီစဉ် နေတယ် လို့ သိရှိ လိုက်ရ ပါတယ် ။

ယူနိုက်တက် တို့ အခုလို ခေါ်ယူ သွာဖို့ ပစ်မှတ် ထားနေ ခဲ့တဲ့ ကစားသမား နှစ်ဦး ကတော့ ဒေါ့မွန် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ ဂျေဒန် ဆန်ချို နဲ့ ဆဲလ်ဘက်ချ် အသင်း ရဲ့ တိုက်စစ်မှူး အားလင်း ဘရုထ် ဟားလန်း တို့ပဲ ဖြစ်ကြ ပါတယ် ။

လက်ရှိ ထွက်ပေါ် နေတဲ့ သတင်း တွေ အရ ဂျေဒန် ဆန်ချို ရဲ့ ပြောင်းရွှေ့ကြေး ဟာ ပေါင် သန်း 100 ဝန်းကျင် ရှိနေ တယ်လို့ သိရှိ ရပြီး ဟားလန်း ရဲ့ ပြောင်းရွှေ့ကြေး ကတော့ ပေါင် 85 သန်း ဝန်းကျင် ကုန်ကျ သွား နိုင်တယ် လို့ သတင်း တွေ ထွက်ပေါ် နေခဲ့ ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် အသင်း ဖက်က ကစားသမား နှစ်ဦး လုံးကို ခေါ်ယူ လို ပါက ပေါင် သန်း 200 ဝန်းကျင် သုံးစွဲ သွား ရမှာ ပဲ ဖြစ်ပါတယ် ။ အထူးသဖြင့် အဆိုပါ ကစားသမား နှစ်ဦး ဟာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား တည်ဆောက် လို နေတဲ့ လူငယ် အသင်း ကို အတော်လေး အင်အား တောင့်တင်း စေနိုင် ပါတယ် ။

ဒေါ့မွန် အသင်း အတွက် စတင် ရောက်ရှိ ကတည်းက ခြေစွမ်း ကောင်းတွေ ဆက်တိုက် ပြသ ထားနိုင် ခဲ့တဲ့ ဆန်ချို ဟာ ဒီ ဘောလုံး ရာသီ မှာတော့ ယခင် တုန်းက လိုမျိုး ဂိုးတွေ များစွာ သွင်းယူ နိုင်ဖို့ အတွက် ဆက်တိုက် ဆိုသလို ရုန်းကန် နေခဲ့ ရ ပါတယ် ။

ဒါ့အပြင် ဆန်ချို ဟာ ဘိုင်ယန် မြူးနစ် အသင်း နဲ့ ရင်ဆိုင် ခဲ့တဲ့ ပွဲစဉ် မှာ ပွဲချိန် 36 မိနစ် မှာပဲ လူစား လဲခံ ခဲ့ရ သလို ပြီးခဲ့တဲ့လ တုန်းက နိုင်ငံ့ လက်ရွေးစင် အသင်း အတွက် ကစား ပေးပြီး နောက် ဂျာမနီ မြေကို ပြန်ရောက် တာ နောက်ကျ ခဲ့တဲ့ အတွက် ဒဏ်တပ် ခံခဲ့ ရပါ သေးတယ် ။ ဒါ့ကြောင့် ကစားသမား ရဲ့ လက်ရှိ အနေအထား ဟာ ကလပ် အသင်း မှာ သိပ်ပြီး ပျော်ရွှင်ဖွယ် ကောင်း မနေ တော့ ပါဘူး ။

အခြား တစ်ဖက် မှာတော့ ဆိုးလ်ရှား ဟာ ယူနိုက်တက် ကို လူငယ် ကစားသမား တွေနဲ့ တည်ဆောက် လိုနေ ပြီး အထူး သဖြင့် ဗြိတိန် နိုင်ငံသား တွေကို ပိုမို အလိုရှိ နေတာ ကြောင့် ကစားသမား ကို လာမယ့် နွေ အပြောင်းအရွှေ့ ထက် ဇန်နဝါရီ အပြောင်း အရွှေ့ မှာ ခေါ်ယူ နိုင်ဖို့ ပိုမို အားခဲ နေခဲ့ ပါတယ် ။

ဟားလန်း ကတော့ မိုလ်ဒီ အသင်းမှာ ကတည်းက ဆိုးလ်ရှား ရဲ့ တပည့် တစ်ဦး ဖြစ်ခဲ့ တာကြောင့် နော်ဝေသား အချင်းချင်း ကောင်းမွန် တဲ့ ဆက်ဆံရေး တစ်ခု ကို ပိုင်ဆိုင် နေခဲ့ ကြ ပါတယ် ။ ဒါ့အပြင် ယူနိုက်တက် အသင်း ဟာ ဒီ ရာသီ အတွင်း ဟားလန်း ရဲ့ ခြေစွမ်းကို မကြာခန ဆိုသလို စောင့်ကြည့် ခဲ့တယ် လို့လဲ သတင်း တွေ ကျယ်လောင် နေခဲ့ ပါတယ် ။

နောက်ဆုံး ထွက်ပေါ် ခဲ့တဲ့ သတင်း အရ တော့ ဆိုးလ်ရှား က သူ့ရဲ့ စီနီယာ ဖြစ်သလို ယုံကြည် အားထား ရတဲ့ ကင်းထောက် ဖြစ်တဲ့ ဆီမွန် ဝဲလ် ကိုတောင် စေလွှတ် ခဲ့ပြီး ဟားလန်းကို စောင့်ကြည့် စေ ခဲ့တယ် လို့ သတင်း တွေ ကျယ်လောင် ခဲ့ပါ သေးတယ် ။

ဒီအတွက် ယူနိုက်တက် ပရိသတ် တွေက ဆိုးလ်ရှား ဟာ လူငယ် ကစားသမား လေးရဲ့ အကြောင်း ကို ကောင်းကောင်း သိရှိ နေသူ ဖြစ် သလို လက်ရှိ လိဂ် ပြိုင်ပွဲ တွေမှာ သာမက ချန်ပီယံ လိဂ် ပြိုင်ပွဲ မှာပါ ဂိုးတွေ တောက်လျောက် သွင်းယူ နေတဲ့ ဟားလန်း အတွက် ကင်းထောက် စေလွှတ် ခြင်းက လုပ်ဖို့ တောင် မလိုတဲ့ အရာ ဖြစ်ကြောင်း ဝေဖန် ခဲ့ကြ ပါ သေးတယ် ။

ဒါပေမယ့် ဥရောပ မြေမှာ တစ်စ ထက် တစ်စ တောက်ပ လာ ခဲ့တဲ့ နော်ဝေ သားကို ခေါ်ယူ နိုင်ရေး အတွက် စပိန် ထိပ်သီး ကလပ် တွေ ဖြစ်ကြ တဲ့ ဘာစီလိုနာ နဲ့ ရီးယဲ မက်ဒရစ် အသင်း တို့ ကပါ စိတ်ဝင်စား နေကြ တာကြောင့် ယူနိုက်တက် တို့ လက်ဦး နိုင်ဖို့ တော့ အတော်လေး အခက် တွေ့နိုင် ပါတယ် ။

#Sports_Myanmar