နယူးကာဆယ္ အသင္း ဥကၠဌ မုိက္အက္ရွ္ေလ ဟာ လစ္လပ္ ေနတဲ့ နည္းျပ ရာထူး အတြက္ လီဗာပူး အသင္း ဂႏၲဝင္ ကစားသမား စတီဗင္ ဂ်ာရတ္ ကုိ ေခၚယူဖုိ႕ ခ်ဥ္းကပ္ ခဲ့ေပမယ့္ ပယ္ခ် ခံခဲ့ရတယ္လုိ႔ သတင္းေတြ ထြက္ေပၚ လာခဲ့ပါတယ္ ။

နယူးကာဆယ္ အသင္းဟာ နည္းျပ ျဖစ္သူ ဘင္နီတက္ဇ္ ကုိ စာခ်ဳပ္ သက္တမ္းတုိးဖုိ႔ ကမ္းလွမ္း ခဲ့ေပမယ့္ သေဘာတူညီမႈ မရရွိတာေၾကာင့္ တရားဝင္ လမ္းခြဲခဲ့တာပါ ။ နယူးကာဆယ္ အသင္း နည္းျပသစ္ အျဖစ္ ယခုလက္ရွိ အခ်ိန္မွာ ဂ်ာရတ္ နဲ႔ ဗီအဲရာ တုိ႔ ေရပန္းစား ေနပါတယ္ ။

ဂ်ာရတ္ ဟာ ယခု လက္ရွိ အခ်ိန္မွာ စေကာ့တလန္ ကလပ္ ရိန္းဂ်ား အသင္း ရဲ႕ နည္းျပ အျဖစ္ တာဝန္ ယူထားျပီး နယူးကာဆယ္ အသင္းရဲ႕ နည္းျပ ရာထူး အျဖစ္ ကမ္းလွမ္း ခံခဲ့ရေပမယ့္ ပယ္ခ် ခဲ့တယ္လုိ႔ Mirror သတင္းစာ က ေဖာ္ျပ လုိက္ပါတယ္ ။

နယူးကာဆယ္ အသင္း ကုိ ဒူဘုိင္း အေျခစုိက္ လုပ္ငန္းရွင္ တစ္ဦး ျဖစ္တဲ့ အယ္နီဟာရန္ က ဝယ္ယူဖုိ႔ စီစဥ္ ေနျပီး အေျပာင္းအေရႊ႕ အသုံးစရိတ္ အမ်ားၾကီး စုိက္ထုတ္ေပးကာ ထိပ္တန္း အသင္းၾကီး တစ္သင္း ျဖစ္လာေအာင္ တည္ေဆာက္ဖုိ႔ ရည္ရြယ္ေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚ ေနပါတယ္ ။

အသက္ ၃၉ ႏွစ္ အရြယ္ ရွိျပီ ျဖစ္တဲ့ စတီဗင္ဂ်ာရတ္ ဟာ ရိန္းဂ်ား အသင္းကုိ အရင္တုန္းကလုိ ေအာင္ျမင္မႈမ်ဳိး ျပန္လည္ ရရွိေအာင္ စြမ္းေဆာင္ေပးဖုိ႔ ဆႏၵ ရွိေနျပီး ဆဲလ္တစ္ အသင္းရဲ႕ လႊမ္းမုိးမူကုိ ရပ္တန္႔ဖုိ႔ ၾကိဳးစား အားထုတ္ သြားမယ္လုိ႔ သိရပါတယ္ ။

စတီဗင္ ဂ်ာရတ္ ဟာ ယခု လက္ရွိ အခ်ိန္မွာ ယူရုိပါလိဂ္ ေျခစစ္ပြဲ အတြက္ ရိန္းဂ်ား အသင္း နဲ႔ အတူ ရာသီၾကိဳ ေလ့က်င့္ခန္း အစီအစဥ္ စတင္လုပ္ေဆာင္ ေနျပီလည္း ျဖစ္ပါတယ္ ။ ရိန္းဂ်ား အသင္းဟာ ယူရုိပါလိဂ္ ေျခစစ္ပြဲ အျဖစ္ စိိန္႔ဂ်ဳိးဆပ္ ေဘာလုံး အသင္း နဲ႔ ယွဥ္ျပိဳင္ ကစားရမွာပါ ။

ဂ်ာရတ္ ဟာ ျပီးခဲ့တဲ့ ရာသီကမွ ရိန္းဂ်ား အသင္း ရဲ႕ နည္းျပ အျဖစ္ စတင္ တာဝန္ ယူခဲ့တာ ျဖစ္ျပီး သူ႔ရဲ႕ ပထမဆုံး ရာသီမွာ စေကာ့တလန္ ပရီးမီးယားလိဂ္မွာ ဒုတိယ ေနရာ ရရွိေအာင္ စြမ္းေဆာင္ ေပးခဲ့ပါတယ္ ။

နယူးကာဆယ္ အသင္းဟာ လစ္လပ္ေနတဲ့ နည္းျပ ရာထူး အတြက္ ဘယ္အသင္းကုိမွ နည္းျပ ေနျခင္း မရွိေသးတဲ့ ေမာ္ရင္ဟုိ နဲ႔ အာဆင္ဝင္းဂါး တုိ႔ကုိ ပစ္မွတ္ ထားေနတယ္လုိ႔ သတင္းေတြ ထြက္ေပၚ ခဲ့ေပမယ့္ ကာယံကံရွင္ ႏွစ္ဦး စလုံးကေတာ့ ျငင္းဆန္ ထားပါတယ္ ။

SPORTS MYANMAR

Unicode

ပရီးမီးယားလိဂ် အသင်း တစ်သင်းရဲ့ နည်းပြ ရာထူးကို လက်ခံဖို့ ငြင်းဆန်ခဲ့တဲ့ #စတီဗင်ဂျာရတ်
=============================

နယူးကာဆယ် အသင်း ဥက္ကဌ မိုက်အက်ရှ်လေ ဟာ လစ်လပ် နေတဲ့ နည်းပြ ရာထူး အတွက် လီဗာပူး အသင်း ဂန္တဝင် ကစားသမား စတီဗင် ဂျာရတ် ကို ခေါ်ယူဖို့ ချဉ်းကပ် ခဲ့ပေမယ့် ပယ်ချ ခံခဲ့ရတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ် ။

နယူးကာဆယ် အသင်းဟာ နည်းပြ ဖြစ်သူ ဘင်နီတက်ဇ် ကို စာချုပ် သက်တမ်းတိုးဖို့ ကမ်းလှမ်း ခဲ့ပေမယ့် သဘောတူညီမှု မရရှိတာကြောင့် တရားဝင် လမ်းခွဲခဲ့တာပါ ။ နယူးကာဆယ် အသင်း နည်းပြသစ် အဖြစ် ယခုလက်ရှိ အချိန်မှာ ဂျာရတ် နဲ့ ဗီအဲရာ တို့ ရေပန်းစား နေပါတယ် ။

ဂျာရတ် ဟာ ယခု လက်ရှိ အချိန်မှာ စကော့တလန် ကလပ် ရိန်းဂျား အသင်း ရဲ့ နည်းပြ အဖြစ် တာဝန် ယူထားပြီး နယူးကာဆယ် အသင်းရဲ့ နည်းပြ ရာထူး အဖြစ် ကမ်းလှမ်း ခံခဲ့ရပေမယ့် ပယ်ချ ခဲ့တယ်လို့ Mirror သတင်းစာ က ဖော်ပြ လိုက်ပါတယ် ။

နယူးကာဆယ် အသင်း ကို ဒူဘိုင်း အခြေစိုက် လုပ်ငန်းရှင် တစ်ဦး ဖြစ်တဲ့ အယ်နီဟာရန် က ဝယ်ယူဖို့ စီစဉ် နေပြီး အပြောင်းအရွှေ့ အသုံးစရိတ် အများကြီး စိုက်ထုတ်ပေးကာ ထိပ်တန်း အသင်းကြီး တစ်သင်း ဖြစ်လာအောင် တည်ဆောက်ဖို့ ရည်ရွယ်နေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ စတီဗင်ဂျာရတ် ဟာ ရိန်းဂျား အသင်းကို အရင်တုန်းကလို အောင်မြင်မှုမျိုး ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးဖို့ ဆန္ဒ ရှိနေပြီး ဆဲလ်တစ် အသင်းရဲ့ လွှမ်းမိုးမူကို ရပ်တန့်ဖို့ ကြိုးစား အားထုတ် သွားမယ်လို့ သိရပါတယ် ။

စတီဗင် ဂျာရတ် ဟာ ယခု လက်ရှိ အချိန်မှာ ယူရိုပါလိဂ် ခြေစစ်ပွဲ အတွက် ရိန်းဂျား အသင်း နဲ့ အတူ ရာသီကြို လေ့ကျင့်ခန်း အစီအစဉ် စတင်လုပ်ဆောင် နေပြီလည်း ဖြစ်ပါတယ် ။ ရိန်းဂျား အသင်းဟာ ယူရိုပါလိဂ် ခြေစစ်ပွဲ အဖြစ် စိိန့်ဂျိုးဆပ် ဘောလုံး အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာပါ ။

ဂျာရတ် ဟာ ပြီးခဲ့တဲ့ ရာသီကမှ ရိန်းဂျား အသင်း ရဲ့ နည်းပြ အဖြစ် စတင် တာဝန် ယူခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ရာသီမှာ စကော့တလန် ပရီးမီးယားလိဂ်မှာ ဒုတိယ နေရာ ရရှိအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။

နယူးကာဆယ် အသင်းဟာ လစ်လပ်နေတဲ့ နည်းပြ ရာထူး အတွက် ဘယ်အသင်းကိုမှ နည်းပြ နေခြင်း မရှိသေးတဲ့ မော်ရင်ဟို နဲ့ အာဆင်ဝင်းဂါး တို့ကို ပစ်မှတ် ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပေမယ့် ကာယံကံရှင် နှစ်ဦး စလုံးကတော့ ငြင်းဆန် ထားပါတယ် ။

SPORTS MYANMAR