ယနေ့ နံနက်အစောပိုင်းမှာ ကစားသွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲ အုပ်စုအဆင့် ပွဲစဉ်မှာ စပိန် အသင်းက မော်တာ အသင်းကို ရ-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ဒီပွဲမှာ အထူးခြေစွမ်းပြသခဲ့တာကတော့ စပိန်အသင်းရဲ့ဗီလာရီးရဲတိုက်စစ်မှူး ဂါရတ်မိုရီနိုပဲဖြစ်ပါတယ်။

ကလပ် အသင်းအတွက် ခြေစွမ်းပြနေခဲ့တဲ့ ဂါရတ်မိုရီနိုဟာ အခုပွဲစဉ်မှာလည်း ကိုယ်တိုင်ဂိုးသွင်းယူနိုင် ခဲ့သလို မိုရာတာ၊ ကာဇိုလာ တို့ရဲ့ ဂိုးတွေကိုလည်း ဖန်တီးပေးနိုင် ခဲ့ပါတယ်။ဒီပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ကာဇိုလာအတွက်တော့ လေးနှစ် အတွင်းမှာ နိုင်ငံ အသင်းအတွက် ပထမဆုံး ဂိုးကို ပြန်ရခဲ့တာဖြစ်ပါတယ်။

အသက် ၃၄ နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ကာဇိုလာဟာ အာဆင်နယ် အသင်းမှာ ရှိနေစဉ် ခြေစွမ်းကောင်းပြသနိုင်ခဲ့ပေမယ့် ဒဏ်ရာပြသနာတွေကြောင့် အတော်လေးရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမယ့် ဗီလာရီးရဲလ် အသင်းကို တကျော့ပြန်ရောက်လာချိန်မှာတော့ငယ်မူငယ်သွေးပြန်ရနေပြီး ခြေစွမ်းကောင်းတွေပြန်ရနေခဲ့လို့ စပိန်လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံထားခဲ့ရတာဖြစ်ပါတယ်။

ကြောက်စရာကောင်းတဲ့ ဒဏ်ရာတွေကို ၃ နှစ်လောက် အလူးအလဲ ခံစားခဲ့ရအပြီး အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တဲ့ ကာဇိုလာအပေါ် စပိန် နည်းပြကြီး ရောဘတ်မိုရီနိုက – ” ကာဇိုလာ တယောက်ပြန်ရနေတာကတော့ သူ့ရဲ့ ပုံစံကောင်း ဖြစ်ပါတယ်။

ဆိုးရွားတဲ့ ဒဏ်ရာပြသနာတွေကို ၃နှစ်လောက် ခံစားခဲ့ရအပြီးမှာ သူကျော်ဖြတ်ထားနိုင်ခဲ့ပုံက တကယ့်ကို ခြွင်းချက် မရှိ အကောင်းဆုံးပါပဲ။သူ၊ အယ်ဘီယိုနဲ့ရာမို့စ်တို့လို ကစားသမား တွေ မပါဝင် နိုင် ချိန်မှာ ဆိုရင် စပိန် အသင်းဟာ ပြိုင်ပွဲကြီးတွေရဲ့ ဆီမီးဖိုင်နယ် တွေ၊ ဖိုင်နယ်ပွဲတွေကို အနိုင်ရဖို့ဆိုတာမလွယ်ပါဘူး။

သူတို့ မျိုးဆက် ဟာ ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေရထားကြပြီးပြီဖြစ်ပြီးဒီကစားသမား ၃ဦးပေါင်းရဲ့ အသင်းအပေါ်ပါဝင်ပတ်သက်မှုက တွက်လို့တောင် မရပါဘူး။သူတို့ရဲ့ အရည်အသွေး၊ အတွေ့အကြုံတွေ မပါပဲ ပြိုင်ပွဲကြီးတွေမှာအောင်မြင်မှု ရဖို့ မလွယ်ပါဘူး။သူတို့ဟာ ကိုယ်တိုင် ခြေစွမ်းပြကစား နိုင်ရုံမကပဲ အသင်းဖော်တွေကိုပါ ဒီခြေစွမ်းကို ကူးစက်ပေးပါတယ် ” လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

မော်တာ အသင်းကို ဂိုးပြတ်ချေမှုန်း နိုင်ခဲ့တဲ့ အပေါ် စပိန်နည်းပြကြီး ရောဘတ် မိုရီနိုက – ” နိုင်ငံ တကာ အဆင့် မှာအသင်းကြီးတွေ နဲ့ အသင်းငယ်လေးတွေကြားကကွာဟချက်က ကျဉ်းမြောင်းလာနေပါပြီ။ အတော်လေးကို ညီတူညီမျှ အနေအထားကို ရောက်နေပါပြီ။

ကျွန်တော်တို့ ဟာ ဒီလို ဂိုးပြတ်ရလဒ်ကို လွယ်လွယ်ကူကူမရနိုင်ဘူးဆိုတာကို သိနားလည် လို့ ပွဲအစကတည်းက ကစားကွက် တည်ဆောက်ရာ မှာ ၊ အဆုံးသတ်ကန်သွင်းမှုတွေမှာ အတော်လေးကြိုးစားအားထုတ်သွားခဲ့ပါတယ်။ဒီနေ့ ပွဲလို ကစားပုံမျိုးနဲ့ ဂိုးတွေ အများကြီးသွင်းနိုင်တာကို ကျွန်တော်တို့ကတော့ အမြဲတမ်းကို ကြိုဆိုနေပါတယ်။

ကျွန်တော့် အသင်းသားတွေ အတွက် ကမ္ဘာပေါ်မှာ အလွယ်ကူဆုံး အရာလိုဖြစ်နေတာကတော့ ပွဲတပွဲမှာ ၃ဂိုး ၄ဂိုးလောက် သွင်းယူတာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သူတို့ဟာကစားအားကိုချလိုက်ကြပါတယ်။ဒါပေမယ့် ဒီပွဲမှာတော့ ရဂိုးအထိသွင်းယူခဲ့ပြီး ၁၀ ဂိုးလောက်အထိသွင်းယူနိုင်ခဲ့သေးတာဖြစ်ပါတယ်။

ဒါဟာ ကျွန်တော့် အသင်းသားတွေရဲ့ ကောင်းမွန်တဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာအနေအထားကို ပြသနေတဲ့ အရာတွေလည်းဖြစ်ပါတယ်။သူတို့နဲ့ ခွဲနေခဲ့တာ ရက်သတ္တပတ် တွေ ကြာနေပြီဖြစ်ပေမယ့် ကျွန်တော်နောက်ဆုံးပြောခဲ့တာတွေကို သူတို့က အမှတ်ရနေ ဆဲဖြစ်ပါတယ်။

သူတို့ရဲ့ အဟုန်တွေက တိုးတက် ကြီးထွားနေတာဖြစ်ပြီး ဒါဟာ တကယ်ကို ကောင်းပါတယ်။ပူရ်တော်ရက်စ်နဲ့ ဒန်နီရယ်အော်မိုတို့ က လူစားဝင်လာပြီး ပထမဆုံးဘောလုံးထိချက်တွေကနေ ဂိုးတွေသွင်းနိုင်ခဲ့တာကတော့ တကယ့်ကိုလှပတဲ့သမိုင်း ဝင်ကိစ္စပဲဖြစ်ပါတယ်။လူစားဝင်လာတဲ့ ကစားသမား၂ဦးက သူတို့ရဲ့ အဖွင့်ပွဲတွေအခုလိုဂိုးတွေမသွင်းနိုင်ခဲ့တာဟာဆယ်စုနှစ်တွေချီပြီးကြာနေပါပြီ ” လို့ပြောခဲ့ပါတယ်။

SM