လီဗာပူး ဟာ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမ အကျော့မှာ လီယွန်နယ် မက်ဆီ ရဲ့ ဒုက္ခပေးမှု နဲ့အတူ ဘာစီလိုနာ အသင်းကို ၃-၀ နဲ့ ရှံုးနိမ့် ခဲ့ပါတယ်။ ဂျော်ဒန် ဟန်ဒါဆန်က သူ့ရဲ့ လီဗာပူး အသင်းဖော် နှစ်ဦးဟာ ဒုတိယ အကျော့ အန်ဖီးမှာ ကစား ရတဲ့ အချိန်မှာ ဘာစီလိုနာကို ၃-၀ နဲ့ ရှံုးနိမ့် ခဲ့မှု ကနေ ပြန်လာ နိုင်စွမ်း ရှိတယ် ဆိုတာကို အတော့်ကို ယုံကြည် နေခဲ့ကြ တယ်လို့ ထုတ်ဖော် သွား ပါတယ်။

လီဗာပူး အသင်းဟာ နူးကမ့် မှာ အကောင်းဆုံး ကစား နိုင်ခဲ့ပြီး အိမ်ရှင် အသင်းကို ခြေစွမ်း အသာစီး ရခဲ့ပေမယ့် ဒီလို ဂိုးပြတ် ရှံုးနိမ့် သွားခဲ့တာ ဖြစ်ပြီး ပွဲအပြီး မှာတော့ မာဆေးဆိုက် ကလပ်ရဲ့ အသင်းသား တွေဟာ အဝတ်လဲခန်း ထဲမှာ အတော့်ကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ ကြပါတယ်။

ဒါ့အပြင် မန်စီးတီး ဟာ ပရီးမီးယားလိဂ် မှာ ဗိုလ်စွဲ နို်င်ဖို့ အခြေအနေ ကောင်းမှာ ရှိနေတာ ကြောင့်လည်း လီဗာပူး ဟာ ဖလား လက်မဲ့ ရာသီ နဲ့ ကြံုတွေ့ ရမယ့် အခြေအနေ ဖြစ်သွား ခဲ့ပါတယ်။ ပထမအကျော့မှာ ဒီလို ဂိုးပြတ် ရှံုးနိမ့် ခဲ့တဲ့ အတွက် လူတော်တော် များများ နဲ့ ကတော့ လီဗာပူး တို့ ပြိုင်ပွဲ ကနေ ထွက်ရ တော့မယ်လို့ ယူဆ ထားခဲ့ ကြပေမယ့်လည်း ဟန်ဒါဆန် က ကွင်းလယ်လူ ဂျီနီ ၀ုိင်နယ်ဒန် နဲ့ ဆာဒီယို မာနေး တို့ဟာ သူတို့ အသင်း အန်ဖီးမှာ ပြန်လာ နိုင်စွမ်း ရှိတယ် ဆိုပြီး ၎င်းကို ပြောခဲ့ကြောင်း ဆိုသွား ပါတယ်။

ဟန်ဒါဆန်က “ဘာစီလိုနာ ကို နူးကမ့်မှာ ၃-၀ နဲ့ ရှံုးနိမ့် ခဲ့ပြီးနောက် အဝတ်လဲခန်း ထဲမှာ ရှိနေတုန်း ကောင်လေးတွေ ‘ငါတို့ ကစားတာ သူတို့ထက် ပိုကောင်း ခဲ့တယ်’ ဆိုပြီး ပြောခဲ့တာကို ကျွန်တော် မှတ်မိ နေပါသးတယ်။ ကျွန်တော်တို့ဟာ သူတို့ထက် ဒီပွဲမှာ ပိုကောင်း ခဲ့တယ် ဆိုတာကို အားလုံး ခံစားလို့ ရပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ရခဲ့ပြီး ဒါတွေကို အသုံးချကာ ဂိုးသွင်း နိုင်ခဲ့ သင့်ပါတယ်။ ကြီးမားတဲ့ အခွင့် အရေးတွေ ရခဲ့ တာပါ။

ရလဒ်သာ ၃-၀ မဖြစ် ခဲ့ဘူး ဆိုရင် ကျွန်တော်တို့ အခွင့်အရေး ရှိနိုင် သေးတယ်လို့ ယုံကြည် နေမှာ ဖြစ်ပြီး ဒီလို ရလဒ်ကြောင့် ကျွန်တော်တို့ အနည်းငယ် မယုံမရဲ ဖြစ်သွား ခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစား ရမယ့် ပွဲမတိုင်မီ ဂျီနီက ‘ငါတို့ ပြန်လာ နိုင်တယ်’ ‘ငါတို့ ပြန်လာ နိုင်မှာ’ ဆိုပြီး ရေခဲအိတ် ကပ်နေရင်း ပြောခဲ့မှုကို ကျွန်တော် အမြဲတမ်း မှတ်မိ နေပါတယ်။

အဲဒီနောက် ဆာဒီယိုက ‘အမှန်ပဲ။ ငါတို့ ပြန်လာအောင် လုပ်နိုင်တယ်’ ဆိုပြီး ထပ်ပြော ခဲ့ပါတယ်။ ဒါဟာ နူးကမ့် မှာ ကျွန်တော်တို့ စွမ်းဆောင်ပြ ခဲ့တာ ကနေ ရလာခဲ့တဲ့ ခံစားချက် ဖြစ်ပါတယ်။ ဒါဟာ နူးကမ့် မှာ မမြင်တွေ့ ရတာ ကြာနေပြီ ဖြစ်တဲ့ အဝေးကွင်း အသင်း တစ်သင်းရဲ့ အကောင်းဆုံး ခြေစွမ်းတွေ ထဲက တစ်ခု ပါပဲ။ ကျွန်တော် ဒီလို ပြောရဲ ပါတယ်။

ဒါပေမယ့် ပြောရမယ် ဆိုရင် လူတွေဟာ ရလဒ်ကိုပဲ ကြည့်နေမှာ ဖြစ်ကာ ဘာစီလိုနာ တို့ ၃-၀ နဲ့ နိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ သူတို့ ဒီလို လုပ်ပြ နေကြပဲ ဆိုပြီး ပြောကြမှာပါ။ သူတို့ နှစ်ဦးဟာ ထူးဆန်းတဲ့ ပုံစံနဲ့ သူတို့ အသင်း ဒီလို စွမ်းဆောင်ရည်ကို ဆက်လက် ပြသပြီး ခံစစ်ကို ပိုမို ပီပြင်စွာ ကစား နိုင်ခဲ့မယ် ဆိုရင် ဒုတိယ အကျော့ အန်ဖီးမှာ အခွင့်အရေး ရှိလာမယ် ဆိုတာကို သိနေ ခဲ့ကြပြီး ဒါဟာ ကျွန်တော်တို့ကို ယုံကြည်မှု အနည်းငယ် ရစေ ခဲ့တယ်လို့ ထင်ပါတယ်။” လို့ ပြောသွား ပါတယ်။

၀ုိင်နယ်ဒန် ဟာ ယုံကြည်မှု ပြင်းထန် ပေမယ့်လည်း နယ်သာလန် ကွင်းလယ်လူဟာ အဆိုပါ ပွဲမှာ အရန်ခုံ ကနေ ပွဲစတင် ခဲ့ရပြီး ဟန်ဒါဆန် ကတော့ ဒုတိယ အကျော့ အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပြန်လာ ပါ၀င် လာခဲ့ပါတယ်။ ဒါပေမယ့် နယ်သာလန် ကွင်းလယ်လူဟာ အန်ဒီရောဘတ်ဆန် ဒဏ်ရာ ရခဲ့တာကြောင့် ဒုတိယပိုင်း ၄၅ မိနစ်ကို ကစားခွင့် ရခဲ့ပြီး လီဗာပူးကို ဖိုင်နယ် တက်ရောက် စေခဲ့ရာမှာ သွင်းဂိုး ၂ ဂိုးနဲ့ အတူ အဓိက အခန်းကဏ္ဍ ကနေ ပါ၀င် ခဲ့ပါတယ်။

ဒီဗို့အိုရီဂီ ဟာ အသင်း အတွက် ပထမဂိုး နဲ့ နောက်ဆုံး ဂိုးကို သွင်းယူ ပေးခဲ့ပြီး အန်ဖီးမှာ ၄-၀ နဲ့ အနိုင်ယူကာ အကောင်းဆုံး comeback နဲ့ အတူ နှစ်ကျော့ပေါင်း ၄-၃ နဲ့ ဖိုင်နယ်ကို တက်ရောက် နိုင်ခဲ့ ပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ဇွန်လ ၁ ရက်နေ့ မက်ဒရစ် မှာ ကျင်းပခဲ့တဲ့ ဖိုင်နယ် မှာတော့ တော့တင်ဟမ်ကို ၂-၀ နဲ့ နိုင်ကာ ချန်ပီယံလိဂ် ဖလားကို ၆ ကြိမ်မြောက် သိမ်းပိုက် သွားနိုင် ခဲ့ပါတယ်။

SM