နာပိုလီ နောက်ခံလူ ကာလီဒူ ကူလီဘာလီ ဟာ ပရီးမီးယားလိဂ် ရဲ့ နာမည်ကြီး ကလပ် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်ပါတယ်။ ESPN FC ရဲ့ အစီအစဉ် တင်ဆက်သူ ဖြစ်သူ အလီအန်ဒရို မိုရီနို က နာပိုလီ စတား ကူလီဘာလီ အနေနဲ့ လာမည့် နွေရာသီ အပြောင်းအရွေ့ မတိုင်မီ အထိ မန်ယူနို်က်တက်ကို မသွားသင့် သေးဘူးလို့ ဆိုလိုက် ပါတယ်။

ကူလီဘာလီ ဟာ လက်ရှိမှာ နာပိုလီ အသင်း ဥက္ကဋ္ဌ နဲ့ အဆင်မပြေ ဖြစ်နေတဲ့ သူတွေ ထဲက တစ်ဦး ဖြစ်ပြီး ဆီနီဂေါ စတားကို အရင်ကထက် လျော့နည်းတဲ့ စျေးဖြစ်တဲ့ ပေါင် ၆၉ သန်း နဲ့ ခေါ်ယူလို့ နိုင်တယ် သိရပါတယ်။ ဒါပေမယ့် မိုရီနို က အသက် ၂၈ နှစ် အရွယ် ကစားသမား အနေနဲ့ ရာသီကုန်ထိ နာပိုလီ မှာသာ ဆက်နေရန် အကြံပေး လိုက်ပြီး အကြောင်း ကတော့ ၎င်းကို နွေရာသီ မှာ ခေါ်ယူချင်တဲ့ ကလပ်တွေ ပိုများလာမှာ ဖြစ်တာကြောင့် လစာ ပိုတောင်းလို့ ရနို်င်တဲ့ အခွင့်အရေး ရနိုင်မှာ ဖြစ်တယ်လို့ သုံးသပ် သွားပါတယ်။

မိုရီနို က “ကျွန်တော် ကတော့ ကာလီဒူ ကူလီဘာလီ အနေနဲ့ လာမည့် ဆောင်းရာသီမှာ အသင်း ပြောင်းရွေ့ တာထက် လာမည့် နွေရာသီမှာ အသင်း ပြောင်းခဲ့မယ် ဆိုရင် သူ့အတွက် ခံစားခွင့် ပိုမို ရရှိ နိုင်မယ်လို့ ထင်ပါတယ်။ ကျွန်တော့် အမြင် ကာလီဒူ အနေနဲ့ သူ့ကို ကမ်းလှမ်း လာမယ့် အသင်း အချို့ကို အနည်းငယ်ကို စောင့်ဆိုင်း သွားခဲ့မယ် ဆိုရင်…demand ရှိလာမှာ ဖြစ်တဲ့ အတွက် စျေးက တက်သွားမှာ ဖြစ်တယ်လို့ ယုံကြည် ပါတယ်။

ရာသီကုန်ထိ နာပိုလီ မှာ ဆက်နေတာဟာ သူ့အတွက် ပိုမို ကောင်းမွန် ပါလိမ့်မယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရမယ့် အချိန် မရောက် သေးပါဘူး။ အပြင်မှာ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ ထပ်ရှိ အုံးမယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုသွား ပါတယ်။

အပြောင်းအရွေ့ ရေးရာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်တဲ့ ဒန်ကန်ကက်စ်တယ် ကတော့ ယူနိုက်တက် ဟာ RB လိုက်ပ်ဇစ် တိုက်စစ်မှုး တီမိုဗက်နာ ကို ဇန်နဝါရီ မှာ ခေါ်ယူ နိုင်ဖို့ အတွက် ပြီးခဲ့တဲ့ စနေနေ့က ဂျာမနီကို ကင်းထောက် ချခဲ့တယ်လို့ ထုတ်ဖော် ခဲ့ပါတယ်။

ကက်စ်တယ်က “မန်ယူနို်က်တက် ဟာ ပြီးခဲ့တဲ့ ဟာသာဘာလင်နဲ့ ပွဲမှာ သူတို့ရဲ့ Head of global scouting ဖြစ်သူ မာဆယ်ဘောက်ကို ဂျာမနီ စေလွှတ် ခဲ့မယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်။ အထူးသဖြင့် ဒီပွဲမှာ ဗက်နာရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ အတွက်ပေါ့။ ဒီပွဲမှာ ဗက်နာဟာ လိုက်ပ်ဇစ် အတွက် ချေပဂိုးကို ၃၈ မိနစ်မှာ ပင်နယ်တီ ကနေ သွင်းပေး ခဲ့ပါတယ်။ ပွဲပြီးခါနီး မှာလည်း သူဟာ အသင်း အနိုင် သေချာ သွားစေမယ့် နောက်ထပ် ဂိုးတစ်ဂိုး ရယူပေးခဲ့ပြီး အထူး ခြေစွမ်းပြ ခဲ့ပါတယ်။

ဆုံးဖြတ်ချက် ကိုတော့ ဗက်နာ ဘက်က ချရမှာ ဖြစ်ပြီး သူတို့ အနေနဲ့ မန်ယူနိုက်တက် ဟာ သူ့အတွက် လီဗာပူးထက် ပိုကောင်းတဲ့ နေရာ ဆိုပြီး ဆွဲဆောင် နိုင်မလား? ဇန်နဝါရီ မှာ လိုက်ပ်ဇစ် ဟာ ဗက်နာကို ထွက်ခွာခွင့် ပေးဖို့ သူတို့ ဆွဲဆောင် နိုင်မလား ဆိုတာ ကိုတော့ စောင့်ကြည့် သွားရ မှာပါ။” လို့ ဆိုသွား ပါတယ်။

SM