လီဗာပူး အသင်းဟာ သူတို့ အသင်းကို ထိပ်တန်း အဆင့် ပြန်ရောက်အောင် ဆွဲတင် ပေးခဲ့တဲ့ ကလော့ ကို ဆုပြန်ပေးတဲ့ အနေနဲ့ ဘရန်ဒန် ရော်ဂျာ ထံကနေ သူတို့ နည်းပြ လက်ရှိ ငှားနေတဲ့ အိမ်ကို ပေါင် ၃.၇၅ သန်းနဲ့ အပြီးသတ် ၀ယ်ယူလိုက်ပြီး ဂျာမန် နည်းပြကို ကို အလကား နေစေ ခဲ့တယ်လို့ Daily Mail က ဖော်ပြ ထားပါတယ်။

ဗန်ဒိုက်ဟာ သူ့ရဲ့ လီဗာပူး အသင်းဖော် ဂိုးမက်ဇ် ကို လှောင်ပြောင် ခဲ့တဲ့ အင်္ဂလန် ပရိတ်သတ် အချို့ကို ဝေဖန် သွားခဲ့ပြီး အားလုံး ဂိုးမက်ဇ် ကို တစ်ဦးတည်း လွှတ်ပေး ထားရန် တောင်းဆို လိုက်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း မာတင်ကီအွန်က အလက်ဇန်းဒါးအာနိုး ဟာ အင်္ဂလန် ရဲ့ ကွင်းလယ်မှာ ကစား နိုင်စွမ်း ရှိတယ်လို့ ဆိုလိုက်ပြီး ဆောက်ဂိတ် အနေနဲ့ လီဗာပူး ညာနောက်ခံလူကို ဟယ်ရီဝင့်ရဲ့ နံပါတ် ၆ နေရာမှာ အစားထိုး ကစား စေသင့်တယ်လို့ ဆိုခဲ့ ပါတယ်။

FORBES မဂ္ဂဇင်းရဲ့ ဖော်ပြချက် အရ လီဗာပူး အသင်းရဲ့ လက်ရှိ တန်ကြေးဟာ ပေါင် ၁.၇ ဘီလီယံ ရှိနေပြီလို့ သိရပါတယ်။ FSG ဟာ လီဗာပူးကို ၀ယ်ယူစဉ်က ပေါင်သန်း ၃၀၀ သာ သုံးစွဲ ခဲ့ရ ပါတယ်။

အန်ဖီး ဂန္တဝင် ကစားသမားကြီး စတီဗင် ဂျာရတ် က ပြီးခဲ့တဲ့ ရာသီက လီဗာပူး အတွက် သွင်းဂိုးတွေ အများအပြား ဖန်တီး ပေးခဲ့သလို ဒီရာသီ မှာလည်း အသင်း အတွက် အဓိက အရေးပါတဲ့ ကဏ္ဍ မှာ ပါ၀င်လျက် ရှိနေတဲ့ အလက်ဇန်းဒါးအာနိုး နဲ့ အန်ဒီ ရောဘတ်ဆန် တို့ရဲ့ အတွဲကို ‘ကမ္ဘာ့အဆင့်’ ဆိုတဲ့ မှတ်ချက်နဲ့ ချီးကျူး သွားခဲ့ ပါတယ်။

ဂိုးမက်ဇ် လှောင်ပြောင် ခံရတာနဲ့ ပက်သက်ပြီး အင်္ဂလန် အသင်းခေါင်းဆောင် ဟယ်ရီကိန်း က “သူ့ကို ဘာကြောင့် လှောင်ပြောင် သလဲ ဆိုတာကို ကျွန်တော် လုံးဝ နားမလည် ဖြစ်နေပါတယ်။ ကျွန်တော် ဒါကို စဉ်းစားလို့ကို မရပါဘူး။ ဒါပေမယ့် ဘယ်ကစားသမားမှ လှောင်ပြောင်မှုကို မခံထိုက်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ စီးတီး လီဗာပူး နဲ့ အခြား ကလပ်တွေ အတွက် club football ဟာ ဘယ်လောက် အရေးပါသလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် လက်ရွေးစင် အဆင့်မှာတော့ ကျွန်တော်တို့ အားလုံးဟာ အင်္ဂလန် fans တွေပါ။ အရေးကြီးဆုံး အရာ ကတော့ ဂျိုးဟာ အရမ်း ကောင်းတဲ့လူ ဆိုတာ ပါပဲ။”

ဘိုရပ်ရှား ဒေ့ါမွန် အသင်းဟာ လီဗာပူး နဲ့ မန်ယူနိုက်တက် အသင်းတို့ ခေါ်ယူရန် စိတ်ဝင်စား နေတဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား ဂျေဒွန်ဆန်ချိုကို ပေါင် သန်း ၁၂၀ (ယူရို သန်း ၁၄၀) နဲ့ စျေး သတ်မှတ် လိုက်တယ်လို့ သိရ ပါတယ်။

အန်ဖီး ဂန္တဝင် တိုက်စစ်မှုး ဖြစ်သူ ရော်ဘီဖောင်လာ က ယာဂန်ကလော့ဟာ လီဗာပူး အသင်းကို ဆာအဲလက်စ် ဖာဂူဆန် လက်ထက် မန်ချက်စတာ ယူနိုက်တက် အသင်း ပိုင်ဆိုင် ခဲ့တဲ့ အမြင့်ဆုံး နေရာကို ပြန်လည် ရယူ နိုင်အောင် ကူညီ ပေးနေတယ်လို့ ဆိုသွား ပါတယ်။

လီဗာပူး အတွက် နောက်ပိုင်း ပွဲတွေမှာ ဂိုးတွေ သွင်းယူ ပေးနေသလို ပြီးခဲ့တဲ့ မွန်တီနီဂရိုး နဲ့ ပွဲမှာလည်း အင်္ဂလန် အတွက် လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် နောက်ပိုင်း ဂိုးသွင်း နိုင်ခဲ့တဲ့ အောက်စလိတ် ချိန်ဘာလိန် က သူ့အနေနဲ့ အင်္ဂလန် အတွက် ဘဝသစ် ပြန်လည် စတင် နေသလို ခံစား မိနေကြောင်း ၀န်ခံ သွားပါတယ်။

နည်းပြ ဂါရက်ဆောက်ဂိတ် က မွန်တီနီဂရိုး နဲ့ ပွဲမှာ စတားလင်း နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စ အတွက် အင်္ဂလန် ပရိတ်သတ် အချို့ရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ ရတဲ့ ဂိုးမက်ဇ် ကို သူနဲ့ အခြား အင်္ဂလန် ကစားသမား တွေဟာ အဆိုပါ ညမှာ အချိန်တော်တော်ကြာ ၎င်းနဲ့ အတူ ရှိကာ နှစ်သိမ့် ပေးခဲ့တယ်လို့ အတည်ပြု ခဲ့ပါတယ်။

ဘော်ဘီဒန်ကန် က သူ့အနေနဲ့ ဖီအိုရင်တီးနား အသင်းကို ပိုက်ဆံကြောင့် ထွက်ခွာ သွားခဲ့တာ မဟုတ်ဘဲ လီဗာပူးရဲ့ front three ၊ အလားအလာ ကောင်းနေတဲ့ ဘရုးစတား တို့ကြောင့် အသင်းကြီးမှာ နေရာ ရနိုင်တဲ့ အခြေအနေတွေကြောင့် စီးရီးအေ ကို ပြောင်းဖို့ ဆုံးဖြတ် ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် သွားပါတယ်။

SM