ချယ်လ်ဆီး အသင်း ရဲ့ ပြင်သစ် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ဟာ ယခုနှစ် ဘောလုံး ရာသီ မှာ ကလပ် အသင်း အတွက် ကစားခွင့် တွေ မရနေပေမယ့် လက်ရွေးစင် အသင်း မှာ ရွေးချယ်ခံ နေရဆဲ ဖြစ်ကာ ၊ အဓိက အထောင် တိုက်စစ်မှူး အနေနဲ့ ပွဲထွက်ခွင့် တွေ ရရှိလို့ နေပါတယ် ။

ပြီးခဲ့တဲ့ ကြာသပတေး နေ့ည က ကစား သွားခဲ့တဲ့ ယူရို ၂၀၂၀ ခြေစစ် အုပ်စု ပွဲစဉ် တပွဲ ဖြစ်တဲ့ မော်လ်ဒိုဗာ လက်ရွေးစင် အသင်း နဲ့ ပွဲစဉ် မှာ ဂျရူး ဟာ ပင်နယ်တီ ကနေ တဆင့် ပြင်သစ် အတွက် အဖိုးတန် အနိုင်ဂိုး ကို သွင်းယူ ခဲ့ပြီး ယူရို ၂၀၂၀ သို့ သွားရောက်ခွင့် ကိုလည်း ရရှိ သွားခဲ့ပြီ ဖြစ်ပါတယ် ။

ဒီဂိုး ကို သွင်းယူ နိုင်ခဲ့တဲ့ ဂျရူး ဟာ ပြင်သစ် လက်ရွေးစင် အသင်း အတွက် နောက်ဆုံး ၃ပွဲဆက် ဂိုးသွင်း ပေးနိုင်ခဲ့တာ ဖြစ်ပါတယ် ။ ကလပ် အသင်း အဆင့် မှာ ပွဲထွက်ခွင့် မရတာ ၂လ ကျော် ကြာမြင့် နေပြီ ဖြစ်ပေမယ့် ဂျရူး ရဲ့ ကြိုးစားမှု နဲ့ ခြေစွမ်းပိုင်း ကတော့ မလျော့ကျသေးဘူး ဆိုတာ လက်ရွေးစင် ပွဲစဉ် တွေက မှတ်တမ်း တွေက ဖော်ပြလျက် ရှိပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ပြင်သစ် လက်ရွေးစင် နည်းပြ ဒီဒီယာ ဒက်စ်ချမ့်စ် က ချယ်လ်ဆီး မှာ ဘာမှ မလုပ်ပေး နိုင်ပေမယ့် ဂျရူး ဟာ ပြင်သစ် လက်ရွေးစင် အသင်း အတွက်တော့ အကျိုးပြု နေဆဲ တိုက်စစ်မှူး တဦး ဖြစ်ကြောင်း နဲ့ အသင်း အပေါ် မှာလည်း အများကြီး သက်ရောက်မှု ရှိတဲ့ စီနီယာ ကစားသမား ဖြစ်တယ် လို့ ချီးကျူး ပြောဆို ခဲ့ပါတယ် ။

ဒက်စ်ချမ့်စ် က ” အိုလီဗီယာ ဟာ ကျွန်တော် တို့ အသင်း အတွက် မရှိမဖြစ် လိုအပ်တဲ့ ကစားသမား လား ? လက်ရှိ သူ ပိုင်ဆိုင် ထားတဲ့ ခြေစွမ်း နဲ့ ကြိုးစားမှု တွေကြောင့် ၊ သူဟာ ကျွန်တော် တို့ အတွက် မရှိမဖြစ် လိုအပ်နေတဲ့ ကစားသမား ဟုတ်သည် ဖြစ်စေ ၊ မဟုတ်သည် ဖြစ်စေ ၊ သူဟာ ကျွန်တော် တို့ အတွက် အရမ်း အရေးပါတဲ့ ၊ အကျိုး ဖြစ်ထွန်း စေတဲ့ ကစားသမား တယောက် အဖြစ် တော့ ရပ်တည် နေပါတယ် ။ ”

” အိုလီဗီယာ ဟာ အသင်း အပေါ် မှာ အရမ်း ကြီးမားတဲ့ သက်ရောက်မှု တွေ ပြုလုပ် ထားနိုင်ပါတယ် ။ သူ့ရဲ့ သွင်းဂိုး က ကျွန်တော် တို့ကို ခြေစစ်ပွဲ အောင်စေတာ မဟုတ်ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ အသင်း ကို အုပ်စုဗိုလ် နေရာ ပြန်ရောက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ် ။ သူ ချယ်လ်ဆီး မှာ မရရှိတဲ့ အရာ တွေကို ပြင်သစ် လက်ရွေးစင် အသင်း မှာ ရရှိနေပါတယ် ။ ”

” အိုလီဗီယာ ဟာ ကျွန်တော် တို့ အသင်း ရဲ့ ပွဲထွက် အမာခံ ၁၁ ယောက် ထဲမှာ ကျန်ရှိနေဆဲပါပဲ ။ ဒါဟာ အခုမှ ဖြစ်လာတာ မဟုတ်သလို ၊ အချိန် အကြာကြီး ရပ်တည် လာခဲ့တာ ဖြစ်ပါတယ် ။ သူ ဂိုးသွင်းဖို့ အခွင့်အရေး နည်းတဲ့ အခါမှာတောင် အသင်းဖော် တွေ အတွက် ဂိုးရအောင် အမြဲ ပံ့ပိုး ပေးနေသူလည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဂျရူး ဟာ လက်ရှိ မှာ ကလပ် အသင်း အတွက် ပွဲထွက်ခွင့် တွေ မရနေတာကြောင့် ၊ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး အသင်း ကနေ တခြား ဥရောပ ထိပ်တန်း ကလပ် တွေဆီကို ပြောင်းရွှေ့ဖို့ အတွက် သတင်းပြေးနေသူ လည်း ဖြစ်ပါတယ် ။

SPORTS MYANMAR