လက်ရှိ အချိန် မှာတော့ စပိန် လက်ရွေးစင် အသင်း မှာ စီနီယာ ကစားသမား ကောင်းတွေ များစွာ ရှိနေ ခဲ့ သလို အစွမ်း အစ ကောင်းတဲ့ လူငယ် ကစားသမား လေးတွေ လည်း များစွာ ရှိနေ ခဲ့ ကြတာ ကြောင့် နည်းပြ မိုရီနို အတွက် ကစားသမား တွေ ရွေးချယ် ဖို့ အခက် တွေ့နေ ခဲ့ရ ပါတယ် ။

အခုတော့ မနေ့ ညက မော်လ်တာ အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် အတွင်း ဒိုင်နမို ဇာဂရက် အသင်း မှာ ခြေစွမ်း ပြ ကစား နေ ခဲ့တဲ့ လူငယ် တိုက်စစ်မှူး လေး ဒန်နီ အိုလ်မို ဟာ လက်ရွေးစင် အသင်း ရဲ့ အရံခုံ မှာ ပါဝင် ခဲ့ရ သလို ပွဲချိန် 66 မိနစ် မှာ အသင်းဖော် မိုရာတာ ရဲ့ နေရာ မှာ လူစား ဝင် ကစား ခဲ့ရ ပါတယ် ။

အိုလ်မို ဟာ လက်ရွေးစင် အသင်း အတွက် စတင် ပါဝင် ပေးခဲ့ ပြီး 3 မိနစ် အကြာ ပွဲချိန် 69 မိနစ် မှာပဲ ဂိုး စတင် သွင်းယူ ပေးခဲ့ ပြီးနောက် လက်ရွေးစင် အသင်း ကို တစ်ဖက် တစ်လမ်း မှ အကူအညီ ပေးနိုင်သူ ဖြစ်ကြောင်း သက်သေ ပြသွား နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ မန်ချက်စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း တို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်တဲ့ ဒန်နီ အိုလ်မို က သူဟာ 2020 ယူရို ဖလား ပြိုင်ပွဲ မှာ စပိန် လက်ရွေးစင် အသင်း အတွက် ပါဝင် ကစား ပေးနိုင် ဖို့ မျှော်မှန်း ထားကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” လာမယ့် နွေမှာ ယူရို ပြိုင်ပွဲ ထဲ ပါဝင် ကစား နိုင်ဖို့ အတွက် ကျွန်တော် မျှော်လင့် ထား ပါတယ် ။ ဒီအတွက် နေရာ တစ်ခု ပိုင်ဆိုင် နိုင်ဖို့ ကျွန်တော် အလုပ် ဆက်လက် ကြိုးစား သွားမှာ ပါ ။ လက်ရွေးစင် အသင်း ကြီးမှာ ရွေးချယ် ခံရတယ် ဆိုတာ တစ်ကယ့် ကို ဂုဏ်ယူ စရာကြီး ပဲလေ ” လို့ အိုလ်မို က ပြောကြား သွားခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ စပိန် လက်ရွေးစင် နည်းပြ ရောဘတ် မိုရီနို ကလည်း အသက် 21 နှစ် အရွယ် တိုက်စစ် ကစား သမား လေးကို ချီးကျူး စကား ဆိုခဲ့ ပါ သေးတယ် ။ အိုလ်မို က အခုလို နည်းပြ ဖြစ်သူ ရဲ့ ယုံကြည် မှုကို ရရှိ ခြင်းက တစ်ကယ့် ကို ခမ်းနား တဲ့ အရာ တစ်ခု ဖြစ်ကြောင်း ဆို သွားခဲ့ ပါတယ် ။

” နည်းပြ ဖြစ်သူ က ပွဲစဉ် ကို ပျော်ရွှင် ခံစား ဖို့ ကျွန်တော့် ကို ပြောကြား ခဲ့ ပါတယ် ။ ဒါ့အပြင် ကျွန်တော် ဟာ ဒီ နေရာ မှာ ရှိ နေဖို့ အတွက် ထိုက်တန်တယ် လို့လည်း သူက ပြောကြား ခဲ့ ပါတယ် ။ ကျွန်တော် အကောင်းဆုံး ကြိုးစား ခဲ့ပြီး ကံကောင်း စွာပဲ ဂိုး ရရှိ ခဲ့ ပါတယ် ” လို့ အိုလ်မို က ပြောခဲ့ ပါတယ် ။

2008 နဲ့ 2016 အကြား စပိန် လက်ရွေးစင် အသင်း ရဲ့ ပါဝင် ကစား ပေး ခဲ့ကြ တဲ့ ကစားသမား ဟောင်းတွေ ထဲမှာ နိုင်ငံ ဂုဏ်ဆောင် ကစားသမား ကောင်းတွေ များစွာ ပါဝင် ခဲ့ကြ ပါတယ် ။ အိုလ်မို ကတော့ အဆိုပါ ကစားသမား တွေကို အတုယူ သွားမှာ ဖြစ်ကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့ အနေနဲ့ 2008 ၊ 2012 အတွင်း ယူရို ဖလား တွေကို ဆွတ်ခူး နိုင်ခဲ့ ကြတဲ့ ၊ 2010 မှာ ကမ႓ာ့ ဖလား ဆွတ်ခူး နိုင်ခဲ့ ကြတဲ့ ကစားသမား တွေကို နမူနာ ယူ ကြည့်ရှု ကြရ ပါ့မယ် ။ အင်နီယေစတာ ၊ ဒေးဗစ် ဆေးလ်ဗား ၊ ဇာဗီ ၊ ကာဇိုလာ နဲ့ ဘက်စ်ကွက် တို့ကို ပေါ့ ။ သူတို့ အားလုံး ဟာ အံ့ချီးဖွယ် ကစားသမား ကောင်းတွေ ချည်း ပါပဲ ” လို့ အိုလ်မို က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar