ပေါ်တူဂီ လက်ရွေးစင် အသင်း ဆီ ရောက်ရှိ နေတဲ့ စပို့တင်း လစ္စဘွန်း အသင်း ရဲ့ ကွင်းလယ် ဖန်တီးရှင်း ဘရူနို ဖာနန်ဒက်စ် က သူ့မှာ ဖြည့်ဆည်း ရမယ့် အိပ်မက် တွေ ရှိနေ သေးကြောင်း ၊ စိတ်ဝင်စား နေတဲ့ အသင်း များစွာ ရှိနေ ကြ ပေမယ့် အလျင် လိုမှု မရှိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပြီးခဲ့တဲ့ စက်တင်ဘာ လ တုန်းက စပို့တင်း လစ္စဘွန်း အသင်း ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဖရီဒီရီကို ဗာရန်ဒက်စ်က တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ သူတို့ ရဲ့ ကစားသမား ကို ယူရို 65 သန်း + အမှတ်ပေး ဖလား ဘောနပ်စ် ငွေနဲ့ ကမ်းလှမ်းခဲ့ ပေမယ့် မခေါ်ယူ နိုင် ခဲ့တဲ့ အကြောင်း ဖွင့်ဟ ခဲ့ပါ သေးတယ် ။

အသက် 25 နှစ် ရှိပြီ ဖြစ်တဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ကလပ် အသင်း အတွက် အထူး ခြေစွမ်း ကောင်း ပြသရင်း တောက်ပ နိုင်ခဲ့ သလို ဒီ ရာသီမှာ လည်း ကောင်းမွန် တဲ့ စွမ်းဆောင်ရည် တွေကို ဆက်လက် ပြသ ထားနိုင် ခဲ့ ပါတယ် ။

သူဟာ ဒီ ရာသီ အသင်း အတွက် လိဂ် ပွဲစဉ် 10 ပွဲ ကစား ပေးထား ခဲ့ပြီး ကိုယ်တိုင် 5 ဂိုး သွင်းယူ အသင်းဖော် တွေ အတွက် 5 ဂိုး ဖန်တီး ပေးထား နိုင်ခဲ့ သူပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ပြိုင်ပွဲစုံ 15 ပွဲ ကစား ပေးထား ခဲ့ရာ မှာ 9 ဂိုး အထိ သွင်းယူ ပေးထား နိုင်ခဲ့ ပါတယ် ။

အခုတော့ ပေါ်တူဂီ လက်ရွေးစင် က ထွက်ပေါ် နေတဲ့ အပြောင်း အရွှေ့ ကောလ ဟာလ သတင်း တွေ အကြောင်း ၊ သူ့ရဲ့ အနာဂတ် အကြောင်း တွေ အပေါ် စိုးရိမ်စိတ် လုံးဝ မရှိကြောင်း လစ်သူယေးနီးယား အသင်း ကို 6 – 0 နဲ့ အနိုင် ယူနိုင် ခဲ့တဲ့ ပွဲစဉ် အပြီး ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ထွက်ပေါ် နေခဲ့တဲ့ အပြောင်း အရွှေ့ ကောလ ဟာလ သတင်း တွေနဲ့ ပတ်သက် လို့ ကျွန်တော် စိုးရိမ်စိတ် လုံးဝ မရှိ ပါဘူး ။ 2016 ခုနှစ် ကတည်းက ကျွန်တော် အသင်း ကနေ ထွက်ခွာ ဖြစ်မယ် ဆိုတာ နဲ့ ပတ်သက်လို့ ကောလ ဟာလ သတင်း တွေ ထွက်ပေါ် ခဲ့ ဖူးတယ် လေ ”

” ကျွန်တော် အဆင်ပြေ ပါတယ် ။ ကျွန်တော့် အလုပ် တွေကို စွမ်းနိုင် သမျှ အကောင်းဆုံး ကြိုးစား လုပ်ဆောင် နေ ပါတယ် ။ ကျွန်တော့် ဆီမှာ ဖြည့်ဆည်း ရမယ့် အိပ်မက် တွေ ရှိနေ ပါတယ် ။ ဒီ အတွက် အသင်း ကနေ ထွက်ခွာ ဖို့ ကျွန်တော့် ကို ကျွန်တော် တိုက်တွန်း သွားမှာ မဟုတ် ပါဘူး ”

” ကျွန်တော် အခု ဒီမှှာ ချစ်ခင် မြတ်နိုး မှု တွေကို ခံနေ ရ ပါတယ် ။ အကယ်လို့ ကျွန်တော် ထွက်ခွာ သွား ရမယ် ဆိုရင် တောင် ဒီမှာ ချစ်စရာ ကောင်းတဲ့ အမှတ် တရ တွေကို ဒီမှာ ချန်လှပ် သွားလို ပါတယ် ” လို့ ဖာနန်ဒက်စ် က သူ့ရဲ့ ခံယူချက် ကို ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဖာနန်ဒက်စ် ဟာ လစ်သူယေးနီးယား အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် မှာ ဟတ်ထရစ် သွင်းဂိုးနဲ့ အတူ လက်ရွေးစင် အသင်း အတွက် 98 ဂိုး သွင်းယူ ထာနိုင် ခဲ့ပြီ ဖြစ်တဲ့ အသင်းဖော် စီ ရော်နယ်ဒို ကို ချီးကျူး ခဲ့ပါ သေးတယ် ။ ဖာနန်ဒက်စ် ကိုယ်တိုင် ကတော့ လက်ရွေးစင် အသင်း အတွက် 18 ပွဲ အထိ ကစား ပေးနိုင် ခွင့် ပိုင်ဆိုင် ထားခဲ့ ပါပြီ ။

နောက် တစ်ပါတ် မှာတော့ ပေါ်တူဂီ လက်ရွေးစင် အသင်း ဟာ လူဇင်ဘတ် အသင်း နဲ့ ရင်ဆိုင် ကစား သွား ရဖို့ ရှိနေ ပြီး အဆိုပါ ပွဲစဉ် မှာ အနိုင် ရရှိ ခဲ့မယ် ဆိုရင် တော့ ဖာနန်ဒို ဆန်းတို့စ် ဦးဆောင် တဲ့ ပေါ်တူဂီ လက်ရွေးစင် အသင်း ဟာ ခြေစစ်ပွဲ အောင်မြင် သွားမှာ ပဲ ဖြစ်ပါတယ် ။

#Sports_Myanmar