ဘောလုံး သမား ဖြစ်ချင်သူတွေ ကို ဘယ်နေရာ မှာ ကစားချင်လဲလို့ လိုက်မေးကြည့် လိုက်ပါ ။ အများစု က တိုက်စစ် နေရာတွေ မှာ ကစားချင်တယ် လို့ ဖြေကြပါလိမ့်မယ် ။ ဘာလို့လည်း ဆိုတော့ ဂိုးသွင်းချင် ကြလို့ ပါပဲ ။ ဘောလုံး ပွဲ တစ်ပွဲမှာ ဂိုးသွင်း ရတာ ဟာ ခံစားလို့ အကောင်းဆုံး ဖြစ်သလို ပွဲရလဒ် အတွက်လည်း အဓိက အကျဆုံး ပါပဲ ။ ဒါပေမယ့် တိုက်စစ်မှုး တစ်ယောက် ဖြစ်ဖို့ ဘယ်လို အရည်အသွေး တွေ လိုအပ်တယ် ဆိုတာ ရော သိကြပါရဲ့လား . . .

ဒီကဏ္ဍ အတွက် ရွေးချယ် လိုက်သူ ကတော့ ဇလာတန် အီဘရာဟီမိုဗစ် ပါပဲ ။ ဆွီဒင် တိုက်စစ်မှုးကြီး ဟာ အထောင်တိုက်စစ်မှုး နေရာ ကနေ ရောက်လေရာ ကလပ်တိုင်းမှာ ဂိုးတွေ တသီကြီး သွင်းပေးခဲ့ဖူး ပါတယ် ။ အသက် 37 နှစ် ရှိနေပြီ ဖြစ်တဲ့ ဇလာတန် ဟာ ကစား သမား ဘဝ တစ်လျောက် မြောက်များစွာသော ကစား သမားကောင်းတွေ ၊ နည်းပြကောင်းတွေ နဲ့ ဆုံခဲ့ဖူး ပါတယ် ။ ဒါကြောင့် တိုက်စစ်မှုးကောင်း တစ်ယောက် ဟာ ဘယ်လို စွမ်းဆောင်မှုမျိုးတွေ လိုအပ်တယ်ဆိုတာကို ဇလာတန် က ကောင်းကောင်းကြီး ပြောပြနိုင်မှာပါ . .

ကဲ . . . ဇလာတန် ပြောပြမယ့် အထောင်တိုက်စစ်မှုးကောင်း တစ်ယောက် ရဲ့ အရည်အသွေးတွေ ဆိုတာ ဘာတွေလဲ နားထောင် ကြည့်လိုက် ကြရအောင် . . .

No.1 – Holding up the ball ( ဘောလုံးကို ကာပြီး ထိန်းထားခြင်း )
“အဓိက ကတော့ ကိုယ့်ဆီကို ဘောလုံး ရောက်လာချိန် မှာ အဲ့ဒီ ဘောလုံး ကို မဆုံးရှုံး ဖို့ ပါပဲ ။ တကယ်လို့် တစ်ယောက် တည်းဖြစ်နေတယ် ဆိုရင် ကျွန်တော့ရဲ့ ကျော ၊ လက် ၊ ခွန်အား နဲ့ ဟန်ချက် တွေ ကို သုံးပြီး ဘောလုံး မဆုံးရလေအောင် ပြိုင်ဘက် နောက်တန်းတွေ ကို ထိန်းကာထား ပါတယ်”

“ဒါက အရေးကြီးပါတယ် ။ ဘာလို့လည်း ဆိုတော့ ကိုယ်က ဘောလုံး ကို ထိန်းထားနိုင်မယ်ဆိုရင် အသင်းဖော် တွေ ကို တိုက်စစ်မှာ လာ ပူးပေါင်းဖို့ အခွင့်အရေး ဖြစ်စေလို့ ပါပဲ ။ ကျန်တဲ့ ကစား သမားတွေ ခွင်ထဲ ကို ရောက်လာတဲ့ အထိ ကျွန်တော် ထိန်းထား ရမှာပါ”

“တကယ်လို့ တစ်စုံ တစ်ယောက် က နေရာ ကောင်းကို ရောက်သွားမယ် ဆိုရင် ဘောလုံး ကို သူ့ဆီ ထိုးပေး လိုက် ပါတယ် ၊ သူက ဂိုးသွင်း မယ် ဒါမှ မဟုတ် ဂိုးသွင်းဖို့ ပြေးတက်လာမယ့် ကျွန်တော့ ကို ပြန် ထိုးပေးချင် ပေးမယ်ပေါ့ ။ ဒါမျိုး က ဘယ်အချိန် မှာ ဘာလုပ်ရမယ် ဆိုတာကို မှန်မှန် ကန်ကန် ဆုံးဖြတ် နိုင်ဖို့ လိုပါတယ်”

Jun 2, 2019; Carson, CA, USA; LA Galaxy forward Zlatan Ibrahimovic (9) controls the ball in front of New England Revolution defender Jalil Anibaba (3) in the first half at StubHub Center. Mandatory Credit: Kirby Lee-USA TODAY Sports

No.2 – Positioning yourself ( နေရာယူကောင်းခြင်း )
“ဘောလုံး ရနိုင်တဲ့ နေရာကို ရောက်နိုင်ဖို့ အမြဲ ကြိုးစား ပါတယ် ။ တစ်ခါ တစ်လေ နောက်ပြန် ဆုတ်ရတာမျိုး လည်း ရှိပါတယ် ၊ တစ်ခါ တလေ အသင်းဖော် တွေ နေရာလွတ် ရဖို့ ခံစစ် သမားတွေ ကို ကိုယ့်နောက်ကို လိုက်လာ အောင် ဆွယ်ရတာမျိုးလည်း ရှိပါတယ်”

“တိုက်စစ်မှုးကောင်း တစ်ယောက် ဟာ အနစ်နာ ခံသင့်တဲ့ အခါမှာ အနစ်နာ ခံတတ်ရပါတယ် ။ နောက်တန်းတွေ ကိုယ့်နောက်ကို လိုက်လာတဲ့ အခါမှာ တောင်ပံက ဒါမှမဟုတ် ကွင်းလယ်ကနေ တက်လာတဲ့ အသင်းဖော် အတွက် ဂိုးသွင်းခွင့်တွေ ပေါ်လာနိုင် ပါတယ် ။ ကိုယ့်အတွက် ဘောလုံး ထိခွင့် မရှိဘူးဆိုတာ သိသိ နဲ့ တောင် ဒီလို အနစ်နာခံ စတေးမှုမျိုး ကို လုပ်နိုင် ရပါမယ်”

No.3 – Meeting crosses ( ဖြတ်တင်ဘော ကို အသုံးချမှု )
“ဖြတ်တင်ဘောတွေ ကို ရဖို့ အဓိက အချက်ကတော့ နောက်တန်းတွေ ထက် ဦးဆောင် ရွှေ့နိုင်ဖို့ ပါပဲ ။ ဒါမှ ကိုယ်လိုသလောက် နေရာလွတ်ကို ဖန်တီးနိုင်မှာပါ ။ ဒီနေရာမှာ ဒေးဗစ် ထရာဇီဂေး က အရမ်းကောင်းပါတယ် ။ သူ့လောက် နေရာယူ ကောင်းပြီး ဦးအောင် ထွက်တတ်တဲ့ တိုက်စစ်မှုးမျိုးကို မတွေ့ဖူးပါဘူး”

“ဖြတ်တင်ဘော ၊ တည်ကန်ဘောတွေ ကို အသုံးချနိုင်ဖို့ ဆိုတာ ဉာဏ်ကောင်းဖို့ လည်းလို ပါတယ် ။ တခါ တလေ မှာ ကိုယ့် အနားက လူတွေ နဲ့ ဘောလုံး ရဲ့ အနေအထား ကို ကြည့်ပြီး နောက်မှ လှုပ်ရှား ရတာမျိုးတွေ လည်း ရှိတတ် ပါတယ် ။ ဒါမျိုး က တကယ်ထူးချွန်တဲ့ တိုက်စစ်မှုးတွေ မှ လုပ်နိုင်တဲ့ အရာမျိုးပါ”

No.4 – Anticipating play ( ကြိုတင် တွက်ဆနိုင်ခြင်း )
“ဘောလုံး ကိုယ့်ခြေထဲ ကို စရောက်လာတာနဲ့ နောက် စက္ကန့် အနည်းငယ် အတွင်း မှာ ပြိုင်ဘက်တွေ ဘာလုပ်မယ် ၊ ကိုယ့် အသင်းဖော်တွေ ဘာလုပ် မယ် ဆိုတာ အမြဲ ခန့်မှန်း တွက်ဆ ရပါတယ် ။ ဒါမျိုး က အမြဲတမ်းတော့ မှန်အောင် မလုပ်နိုင် ခဲ့ ပါဘူး ။ ဒီလို များများ လုပ်နိုင်လေလေ ၊ ပိုတော် ပိုကောင်းတဲ့ ကစား သမား ဖြစ်လာလေလေ ပါပဲ ။ ဒီ အရည်အသွေး ဟာ ထိပ်တန်း အဆင့် နဲ့ သာမာန် အဆင့် ကစား သမားတွေ ကို ခွဲခြားပေးတဲ့ အရာပါ”

No.5 – Battling center-backs ( ခံစစ်မှုးများနှင့် ရင်ဆိုင်နိုင်ခြင်း )
“ခံစစ် သမား အများစု ဟာ ကိုယ့်ကို တွန်းတာတွေ ၊ ဆွဲတာတွေ လုပ်တတ် ပါတယ် ။ အချို့က ကိုယ့်လောက် မတော်လို့ လုပ်မိလုပ်ရာ လုပ်ကြတာ ဖြစ်ပြီး အချို့ ကတော့ ပါးပါး နပ်နပ် နဲ့ ရည်ရွယ်ချက် ရှိရှိ လုပ်ကြတာပါ ။ ဒါကို ကြံ့ကြံ့ခံ ထားနိုင် ဖို့ ကလည်း အရေးကြီးပါတယ် ။ ကျွန်တော် ကတော့ ခံစစ်မှုးတွေ ထဲမှာ ပေါ်လို မာဒီနီ နဲ့ နက်စ်တာ တို့ကို အလေးစားဆုံး ပါပဲ”

Los Angeles Galaxy forward Zlatan Ibrahimovic (9) goes up for a header against Real Salt Lake defender Justen Glad (15) during the first half of Major League Soccer match at StubHub Center in Carson, Calif. on Saturday June 9,2018. (Photo by Raul Romero Jr, Contributing Photographer)

No.6 – Coping with abuse ( နှိပ်စက် ထိုးနှက်မှု ကို တောင့်ခံကျော်လွှားနိုင်ခြင်း )
“ခံစစ်သမား တွေ ဟာ ကိုယ့်ကို ကာယပိုင်း အရ ရော ခြေတွေ လက်တွေကို သုံးပြီးတော့ ရော အထိနာ အောင် ထိုးနှက် နိုင်ပါတယ် ။ တစ်ချို့ ဆိုရင် မထိ တထိတွေ ပြောတတ်ပြီး ညစ်ညစ် ပတ်ပတ် နဲ့ ခပ်ရိုင်းရိုင်း ပြောတတ်တဲ့ သူတွေလည်း ရှိ ပါတယ် ။ ဒါတွေကို စိတ်ထဲ မှတ်ထားပြီး တုန့်ပြန်မယ် ဆိုရင်တော့ ကိုယ့် အတွက် အကျိုးမရှိတာပဲ ဖြစ်လာမှာပါ ။ သူတို့ကို အကောင်းဆုံး လက်တုန့်ပြန်နည်းကတော့ ဂိုးသွင်းပစ်လိုက် တာပါပဲ”

SPORTS MYANMAR