နယ်သာလန် လက်ရွေးစင် အသင်းရဲ့ နည်းပြကြီး ရော်နယ်ကိုးမန်းက ဒီပေးဟာ ယူနိုက်တက် အသင်း မှာ ရှိနေစဉ်က အတော်လေး ငယ်ရွယ် လွန် ခဲ့ပြီး အခုချိန်မှာ တော့ ပရီးမီးယားလိဂ်ကို တကျော့ပြန် သွားရောက် ကစားဖို့ အသင့်ဖြစ်နေလောက်ပြီလို့ ဆိုလိုက်ပါတယ်။

ဒီပေး ဟာ ၂၀၁၅ နွေရာသီမှာ PSV အသင်းကနေ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ၃၄ သန်းနဲ့ ရောက်ရှိ လာခဲ့ပေမယ့် တည်ငြိမ်တဲ့ ခြေစွမ်းကောင်းကို ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖစ်ပါတယ်။ဒါကြောင့်လည်း ၂၀၁၇ ဆောင်းရာသီစျေးကွက်အတွင်းမှာ လိုင်ယွန်အသင်းကို ယူရို ၁၆သန်းတည်းနဲ့ ပြန်လည် ရောင်းထုတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ဒီပေး ဟာ ပြင်သစ် မြေကို ရောက်လာ အပြီး မှာတော့ ပုံစံကောင်းကို ဆက်တိုက်ပြသနေပြီ တိုက်စစ်ရဲ့ အဓိက ကစား သမား တဦးအဖြစ်ရှိနေပြီဖြစ်ပါတယ်။သူဟာ ဒီရာသီမှာလည်း ခြေစွမ်းကောင်းပြသနေပြီး လီဂူး ပွဲစဉ် ၁၀ ပွဲကစားအပြီးမှာ သွင်းဂိုး ရဂိုးနဲ့ ဖန်တီးမှု ၁ကြိမ်စွမ်းဆောင်ပေးထားပါတယ်။

ဒီပေးရဲ့လတ်တလောခြေစွမ်းကို ယူနိုက်တက် အသင်း ပရိသတ် တွေက အတော်လေး ကြိုက်နှစ်သက်နေပြီး သူ့ကိုပြန်ခေါ်ပေးဖို့ တာဝန်ရှိသူတွေကို မကြာခဏဆိုသလို တောင်းဆိုမှုတွေ လူမှုကွန်ယက်တွေထက်မှာ အတော်လေး ကျယ်လောင်နေခဲ့တာဖြစ်ပါတယ်။သူ့ကို ခေါ်ယူဖို့ ယူနိုက်တက် အပြင် စပါး အသင်ူကလည်း ချိတ်ဆက်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီပေးရဲ့ နယ်သာလန် အသင်းဟာ ယနေ့ ညညဉ့်နက်ပိုင်းမှာတော့ ယူရို၂၀၂၀ ခြေစစ်ပွဲ အုပ်စုအဆင့်ရဲ့ ပွဲကျပ်တပွဲ အဖြစ် မြောက်အိုင်ယာလန်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီပွဲအကြို မီဒီယာတွေ့ဆုံပွဲမှာ ရော်နယ်ကိုးမန်းက –

” ဒီပေးဟာ ထိပ်တန်း အဆင့် ကစား သမား တဦးလို့ ကျွန်တော်ထင်ပါတယ်။ယူနိုက်တက် အသင်းမှာ ရှိနေစဉ်တုန်းကတော့ သူ့ရဲ့ အသက် အရွယ်ဟာ အတော်လေးကို ငယ်လွန်းကောင်ငယ်လွန်း နေခဲ့ပုံပါပဲ။အခုချိန်မှာတော့ သူဟာ အတွေ့အကြုံတွေလည်းပိုရနေပါပြီ။

ကလပ် အသင်းမှာ သူပြသခဲ့တာတွေ နိုင်ငံ အသင်းအတွက် သူလုပ်ဆောင်ပေးခဲ့တာတွေကလည်း ကြီးကျယ်ခန်းနားပါတယ်။သူလို ကစားသမား မျိုးကျွန်တော်တို့နိုင်ငံ လက်ရွေးစင် အသင်းမှာ ရှိနေတာအတော်လေးကိုကျေနပ်စရာကောင်းပါတယ် ” လို့ပြောခဲ့ပါတယ်။

ဒီပေး ဟာ လက်ရှိအချိန်မှာ ပေါင်ဒဏ်ရာကြောင့် မြောက်အိုင်ယာလန်နဲ့ အရေးကြီး ပွဲစဉ်ကို ပါဝင်နိုင်ဖို့မသေချာသေးတာဖြစ်ပါတယ်။ဒီပေးရဲ့ ဒဏ်ရာအခြေအနေ နဲ့ပတ်သက်ပြီး ရော်နယ် ကိုးမန်းက –

” ကျွန်တော်တို့ဟာ မနက်ဖြန် နံနက်ပိုင်းမှာ ပွဲအတွက် လူစာရင်းကို ဆုံးဖြတ်ချက် ချမှာဖြစ်ပြီး ဒီအတွက် စောင့်ဆိုင်းသွားရမှာဖြစ်ပါတယ်။ယမန်နေ့တုန်းကတော့သူဟာ လေ့ကျင့်မှု အချို့ကိုပြုလုပ်သွားခဲ့ပြီး ဒီနေ့ မှာလည်း လေ့ကျင့်မှု တွေပြုလုပ်ပါလိမ့်မယ်။

အဲ့ဒီနောက်မှာ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချရဦးမှာဖြစ်ပါတယ်။ ပွဲမှာ ပါဝင် ကစား တဲ့ သူတိုင်းရဲ့ကြံ့ခိုင်မှုအနေအထားကို ရာနှုန်းပြည့်ထက် ပိုပြီး လိုအပ်တာက လတ်တလော အခြေအနေ ပဲ ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

နယ်သာလန် အသင်းဟာ ပထမအကျော့ပွဲစဉ်မှာ မြောက်အိုင်ယာယန်ကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပြိုင်ဘက်အသင်းရဲ့ ကစားပုံက ကြည့်ရမှာတောင်ကြောက်စရာကောင်းတယ်လို့ ရော်နယ်ကိုးမန်းက ဝေဖန်ထားခဲ့တာဖြစ်ပါတယ်။ဒီအတွက်ကြောင့် မြောက်အိုင်ယာလန်နည်းပြကြီး အိုလ်နေးက ပြန်ပြီးတုန့်ပြန်သွားခဲ့ပါသေးတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရော်နယိကိုးမန်းက – ” အဲ့ဒီတုန်းက ပွဲအပြီးကျွန်တော် တကယ် စိတ်ဆိုးဒေါသထွက်ခဲ့မိပါတယ်။သူတို့အသင်းဟာတမိနစ်ပြီး တမိနစ် အချိန်ဆွဲနေပေမယ့် ကွင်းလယ်ဒိုင်က ဘာမှမလုပ်ခဲ့လို့ ကျွန်တော်ဒေါသထွက်တာဖြစ်ပါတယ်။

သူတို့ဟာ ကစားရခက်တဲ့ အသင်းတသင်းဖြစ်ပြီး သူတို့အသင်းရဲ့ ကောင်းမွန်တဲ့ ကစားပုံကြောင့်တော့ ကျွန်တော်စိတ်မတိုပါဘူး။သူတို့နည်းပြကြီးရဲ့ပြောစကားကိုလည်းလက်ခံပါတယ်။ကျွန်တော့်အနေနဲ့ တောင်းပန်ဖို့ လိုအပ်ရင်တောင်းပန်မှာပါ ” လို့ပြောသွားခဲ့ပါတယ်။

SM