ချယ်လ်ဆီး အသင်း ဟာ လာမယ့် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် မရှိတဲ့ အတွက် အသင်း ရဲ့ အကယ်ဒမီ ထွက် လူငယ် ကစားသမား တွေနဲ့ ပြီးခဲ့တဲ့ ရာသီ က အငှား ချထား ခဲ့တဲ့ ကစားသမား တွေကို နေရာပေး ၊ ပွဲထုတ် ဖို့ လိုလာပြီ ဖြစ်ပါတယ် ။ လောလောဆယ် မှာ အသင်း ရဲ့ အဓိက တောင်ပံ ကစားသမား အီဒင် ဟာဇတ် ကို ရီးရဲလ် မက်ဒရစ် သို့ ရောင်းချ ထားရတာ ဖြစ်လို့ ချယ်လ်ဆီး အတွက် တောင်ပံ တိုက်စစ် ထိုးဖောက်မှု အား အနည်း နဲ့ အများ လျော့နည်း နိုင်ပါတယ် ။

ပြီးခဲ့တဲ့ အပတ် အတွင်း ကမှ ချယ်လ်ဆီး အသင်း ဟာ ၄င်းတို့ အသင်း ရဲ့ မန်နေဂျာသစ် ရာထူး နေရာ အတွက် ဂန္တဝင် ကွင်းလယ်လူ ဟောင်း ၊ ဒါဘီ နည်းပြ ဖရန့် လမ်းပတ် ကို ၃နှစ် စာချုပ် နဲ့ ခန့်အပ် ခဲ့ပါတယ် ။ အခု အခါ မှာတော့ လမ်းပတ် ဟာ လူငယ် ကစားသမား တွေ အတော် များများ ပါဝင် နေတဲ့ ကစားသမား စာရင်း နဲ့ အိုင်ယာလန် နိုင်ငံ မှာ ရာသီကြို ပြင်ဆင်မှု တွေ ပြုလုပ်လျက် ရှိနေပါတယ် ။

လမ်းပတ် ကိုယ်တိုင် ကလည်း မကြာသေးခင် ကမှ ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ လာမယ့် ဘောလုံး ရာသီ မှာ အသင်း က ဘယ် ကစားသမား ဆို ပွဲကစားခွင့် အတွက် အခွင့်အရေး ပေးထားတဲ့ အတွက် လာမယ့် ရာသီကြို ခရီးစဉ် ကနေ တည်ငြိမ် တဲ့ ခြေစွမ်း ပြသ နိုင်တဲ့ ကစားသမား တွေ ချယ်လ်ဆီး စီနီယာ အသင်း မှာ နေရာ ရမယ် လို့ အတိအလင်း ထုတ်ဖော် ပြောဆို ခဲ့ပါတယ် ။

ယခု အိုင်ယာလန် သို့ ခရီးစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ လက်ရှိ အသင်း ခေါင်းဆောင် ဆီဆာ အက်ဇ်ပီလီကွီတာ လည်း လိုက်ပါ သွားသလို ချယ်လ်ဆီး တီဗွီ နဲ့ အင်တာဗျူး မှာလည်း ၄င်းတို့လို စီနီယာ ကစားသမား တွေဟာ လာမယ့် ဘောလုံး ရာသီ မှာ အကယ်ဒမီ နဲ့ အငှား က ပြန်လာတဲ့ လူငယ် ကစားသမား တွေကို ပထမ အသင်း မှာ အတူ ကစား နိုင်ဖို့ လက်တွဲ ခေါ်မှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ် ။

အက်ဇ်ပီ က ” ကျွန်တော် တို့မှာ လူငယ် ကစားသမား တွေ အများအပြား ရှိနေပါတယ် ။ အတော်များများ လည်း အခု ရာသီကြို ခရီးစဉ် မှာ လိုက်ပါလာကြပါတယ် ။ ဒီ ခြေစမ်း ပွဲစဉ် တွေမှာ သူတို့ဟာ နည်းပြ စိတ်ကျေနပ် လောက်တဲ့ ခြေစွမ်းမျိုး ပြသ နိုင်ဖို့ အခွင့်အရေး ရှိနေပါတယ် ။ ကျွန်တော် ဟာ ချယ်လ်ဆီး အသင်း ရဲ့ စီနီယာ ကစားသမား တဦး ဖြစ်သလို ကျွန်တော် တို့လို ကစားသမား တွေက လူငယ် ကစားသမား တွေကို ဦးဆောင်မှု ပြုလုပ် နိုင်ဖို့ လိုပါတယ် ။ ”

” လူငယ် ခြေတက် ကစားသမား တွေကို ဘယ်လို ခြေစွမ်း အဆင့်အတန်း မျိုး ရောက်အောင် လမ်းညွှန် ပေးသွားမှာ ဖြစ်သလို တကယ့် ပွဲစဉ် တွေမှာ ဘယ်လို ပုံစံမျိုး ကြိုးစား အားထုတ် ရမယ် ဆိုတာ တွေကိုလည်း အကြံပေး သွားမှာ ဖြစ်ပါတယ် ။ နောက်ပြီး ကျွန်တော် တို့ ကိုယ်တိုင် လည်း လူငယ် ကစားသမား တွေနဲ့ အချိတ်အဆက် မိအောင် ကြိုးစား ကစား သွားဖို့ လိုပါတယ် ။ ပထမ အသင်း ကို ရောက်လာဖို့ ကျွန်တော် တို့ဟာ လူငယ် ကစားသမား တွေကို လက်တွဲ ခေါ်ဖို့ လိုပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် တို့လည်း တချိန်တုန်း က လူငယ် ကစားသမား ဘဝ ကပဲ တက်လာ ခဲ့တဲ့ အတွက်ကြောင့်ပါ ။ ”

” ဒါဟာ လွယ်ကူ တဲ့ အလုပ် မဟုတ်ပေမယ့် စီနီယာ နဲ့ လူငယ် ကစားသမား တွေ အချင်းချင်း အချိတ်အဆက် မိမိ နဲ့ တညီတညွတ် တည်း ကစား နိုင်ဖို့ ကျွန်တော် တို့ အကောင်းဆုံး ကြိုးစား သွားမှာပါ ။ ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ ဘယ်လောက် အထိ ကောင်းလဲ ဆိုတာ လူတိုင်း သိပါတယ် ။ အခု အခါမှာတော့ ဒီ လူငယ် ကစားသမား တွေ အနေနဲ့ အသင်းကြီး မှာ ကစားနိုင်ဖို့ အခွင့်အရေး ကောင်း တွေ ရရှိ နေပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ချယ်လ်ဆီး အသင်း ဟာ လာမယ့် ရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် အဖြစ် မန်ချက်စတာ ယူနိုက်တက် ကို အဝေးကွင်း မှာ သွားရောက် ကစား ရမှာ ဖြစ်ပါတယ် ။ ဆက်လက်ပြီး အက်ဇ်ပီလီကွီတာ က ၄င်း အနေနဲ့ လာမယ့် ရာသီသစ် စတင် ဖို့ စောင့်မျှော် နေသလို ၊ ချယ်လ်ဆီး အသင်း ကိုလည်း တိုက်စစ်ဆန်ဆန် နဲ့ ပရိသတ် တွေ အကြိုက် ဖျော်ဖြေမှု ပေးနိုင်မယ့် အသင်း ဖြစ်စေချင်ကြောင်း ဆိုခဲ့ပါတယ် ။

အက်ဇ်ပီလီကွီတာ က ” လာမယ့် ဘောလုံး ရာသီသစ် ကို ကျွန်တော် စောင့်မျှော် နေပါတယ် ။ ပြီးခဲ့တဲ့ မေလ က အထိ ကျွန်တော် တို့ဟာ ယူရိုပါလိဂ် ချန်ပီယံဖြစ်ဖို့ တောက်လျှောက် ကစား လာခဲ့ရတဲ့ အတွက် အနားယူဖို့ အချိန် အနည်းငယ် လိုအပ် ခဲ့ပါတယ် ။ ဆုဖလား တလုံး နဲ့ ပြီးခဲ့တဲ့ ရာသီ ကို အဆုံးသတ် နိုင်ခဲ့တာ အရမ်း ကောင်းသလို အခု အခါ မှာ ကျွန်တော် တို့ဟာ ရာသီသစ် အတွက် အသင့် ဖြစ်နေပါပြီ ။ ”

” ရာသီကြို ခရီးစဉ် တွေဟာ ကျွန်တော် တို့ အတွက် အရမ်း အားစိုက် ရပေမယ့် ဒါတွေဟာ လာမယ့် ရာသီသစ် မှာ ကြံ့ခိုင်မှု အပြည့် နဲ့ ကစားနိုင်ဖို့ အခြေခံ အုတ်မြစ် တခု ဖြစ်စေပါတယ် ။ ကျွန်တော် တို့ဟာ တကယ့် ပွဲစဉ် တွေမှာ အင်တိုက် အားတိုက် တိုက်စစ်ဆင် ကစား သွားမှာ ဖြစ်သလို ပွဲကို လွှမ်းမိုး နိုင်အောင် ကစားဖို့ ကြိုးစား သွားမှာပါ ။ မန်နေဂျာ က ကျွန်တော် တို့ကို ဘယ်လို ကစားစေချင် သလဲ ဆိုတာ ရှင်းပြ ထားပြီး ဖြစ်သလို အခု လက်ရှိ လေ့ကျင့်ရေး အစီအစဉ် တွေ အားလုံး ကိုလည်း ကျွန်တော် တို့ သဘောကျ နှစ်သက်မှု ရှိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR