ချယ်လ်ဆီး အသင်း ရဲ့ ကွင်းလယ်လူ ဂျော်ဂျင်ဟို ဟာ ယခုနှစ် ဘောလုံး ရာသီ ၊ နည်းပြသစ် ဖရန့် လမ်းပတ် လက်အောက် မှာ ပုံမှန် ပွဲထွက်ခွင့် တွေ ရနေကာ ၊ ယခင်နှစ် က များစွာ ခြေစွမ်း တိုးတက် လာခဲ့ပြီး ချယ်လ်ဆီး ပရိသတ် တွေရဲ့ အချစ်တော် ကစားသမား တဦ အဖြစ် ရပ်တည် လာခဲ့ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ က နည်းပြဟောင်း ဆာရီ လက်အောက် မှာ ဂျော်ဂျင်ဟို ဟာ သာမန် ထက် ပိုတဲ့ ခြေစွမ်း တွေ ထုတ်မပြ နိုင်ခဲ့ပါဘူး ။

ထို့ အတွက်ကြောင့် ဝေဖန်မှု များစွာ နဲ့ ရင်ဆိုင် ခဲ့ရသလို ၊ ဆာရီ ဂျူဗင်တပ် သို့ ပြောင်းရွှေ့ ခဲ့ရာမှာလည်း ဂျော်ဂျင်ဟို တယောက် ရဲ့ ဆာရီ နောက်ကို လိုက်နိုင်တယ် လို့ သတင်းတွေ လည်း ထွက်ပေါ် ခဲ့ဖူးပါတယ် ။ အဆုံးမှာ ဂျော်ဂျင်ဟို ဟာ ချယ်လ်ဆီး မှာပဲ ဆက်လက် နေထိုင် ခဲ့ကာ ၊ ပုံမှန် ပွဲထွက်ခွင့် အတွက် အကောင်းဆုံး ကြိုးစား တိုက်ပွဲ ဝင်ခဲ့ပါတယ် ။

လမ်းပတ် ဟာ ချယ်လ်ဆီး နည်းပြသစ် ဖြစ်လာတာနဲ့ တပြိုင်နက် ဂျော်ဂျင်ဟို ရဲ့ အရည်အသွေး ကို သေသေချာချာ နားလည် သဘောပေါက် တာကြောင့် မှန်ကန် တဲ့ နေရာ မှာ မှန်ကန် တဲ့ ပုံစံ နဲ့ ကစား စေခဲ့ပါတယ် ။ ဂျော်ဂျင်ဟို ကိုယ်တိုင် ကလည်း လုပ်အားနှုန်း ကောင်းကောင်း နဲ့ ကစား နိုင်ခဲ့တာကြောင့် လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ ပွဲထွက်ခွင့် တနေရာ ကို ခြွင်းချက် မရှိ ရယူ နိုင်ခဲ့ပါတယ် ။

လမ်းပတ် ကတော့ မကြာခဏ ဆိုသလို ၊ ဂျော်ဂျင်ဟို ရဲ့ ဘောလုံး စကေး နဲ့ အသင်း အပေါ် ဦးဆောင်နိုင်မှု ၊ မောင်းနှင်နိုင်မှု တွေ အပေါ် ချီးကျူးလေ့ ရှိပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ တရားဝင် မဂ္ဂဇင်း နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာတော့ ဂျော်ဂျင်ဟို က ဒု အသင်းခေါင်းဆောင် ရာထူး နဲ့ ပတ်သက်ပြီး ဝမ်းသာ မိပေမယ့် ၊ သူ့ရဲ့ ကြိုးစားမှု တွေကတော့ လျော့ကျ သွားမှာ မဟုတ်ဘူး လို့ ဆိုခဲ့ပါတယ် ။

ဂျော်ဂျင်ဟို က ” ချယ်လ်ဆီး မှာ ကစားတာ ကျွန်တော် အရမ်း ပျော်ရွှင် နေပါပြီ ။ ဒု အသင်း ခေါင်းဆောင် ရာထူး ကိုလည်း ကျွန်တော် နှစ်သက် မိပါတယ် ။ ဒါဟာ ကျွန်တော့ အတွက် တာဝန်ယူမှု တခု ပိုတိုးလာ စေပြီး ၊ အသင်းဖော် တွေကို မတူညီတဲ့ နည်းလမ်း တခု နဲ့ ကူညီခွင့် ရလာတာ ဖြစ်ပါတယ် ။ နောက်ပြီး ဒီ ရာထူး ဟာ ကစားသမား ဘဝ မှာ ကျွန်တော် မရခဲ့ဖူးတဲ့ အရာ ဖြစ်ပါတယ် ။ ဒါပေမယ့် ဒီ ရာထူး ဟာ ကျွန်တော့ ရဲ့ သဘောထား ကိုတော့ ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး ။ ”

” ဒီ ရာထူး ကြောင့်လည်း ကျွန်တော့ ကို ထူးထူးခြားခြား ပြောင်းလဲ သွားစေတယ် လို့ ကျွန်တော် မထင်မိပါဘူး ။ ဒီလို အသင်း ကို မောင်းနှင် ၊ ဦးဆောင် တဲ့ အနေအထား တွေဟာ ကျွန်တော့ အတွက် ပုံမှန် အလုပ် တခု လိုပါပဲ ။ ဒါပေမယ့် ဒီရာထူး ကြောင့် ကျွန်တော့ ကို ပရိသတ် တွေ ပိုပြီး သတိထား မိတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။ ကျွန်တော် ကစားခွင့် ရတဲ့ အခါတိုင်း အသင်းဖော် တွေနဲ့ အသင်း အတွက် အတတ်နိုင်ဆုံး ကူညီပေးလေ့ ရှိပါတယ် ။ ”

” ပရိသတ် တွေ ကျွန်တော့ အပေါ် အကောင်းမြင်တဲ့ သဘောထား ကို ပြောင်းလဲလာတာ ကျွန်တော် သတိထားမိပါတယ် ။ ဒါကြောင့်မို့ ကျွန်တော် ပိုပြီး ပျော်ရွှင် နေတာပါ ။ ပရိသတ် တွေဟာ ကျွန်တော့ ကို မတူညီတဲ့ ၊ ပြိုင်ဆိုင်လိုစိတ် ပြင်းထန် တဲ့ ကစားသမား တဦး အနေနဲ့ လက်ခံ လာကြပါပြီ ။ ဒါကြောင့် ဒီလို ပရိသတ် တွေရဲ့ အားပေးမှု ကို ရလာတာ ကျွန်တော့ အတွက် စိတ်အား တက်စရာ တခု လည်း ဖြစ်ပါတယ် ။

” ဒါဟာ ကျွန်တော့ အတွက်တော့ ဆုလာဘ် တခုခု ကို ရလိုက်သလိုပါပဲ ။ ကိုယ့်လုပ်ပြခဲ့တဲ့ အရာတွေ ကို ပရိသတ် တွေက အသိအမှတ် ပြန်ပြု ပေးတဲ့ သဘောပါ ။ တခြား ဘယ်အရာ တွေကမှ ဒီ အခိုက်အတန့် တွေထက် ကျွန်တော့ ကို ပိုပြီး ပျော်ရွှင်အောင် မလုပ်ပေးနိုင်ပါဘူး ။ ပရိသတ် တွေဟာ ကျွန်တော့ ကို ချယ်လ်ဆီး အတွက် ကစားပေးနေတဲ့ ဂျော်ဂျင်ဟို လို့ မြင်လာကြတာ ကျွန်တော့ အတွက် ပီတိ ဖြစ်စရာပါ ။ သူတို့ရဲ့ အားပေးမှု ရရှိနေလို့ ကျွန်တော် အရမ်း ပျော်ရွှင် ရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR