မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဟိုဆေး မော်ရင်ဟို ကို ထုတ်ပယ် ပြီး ဆိုးလ်ရှား ကို နည်းပြ သစ် အဖြစ် ခန့်အပ် ခဲ့တဲ့ နောက် အသင်း ရဲ့ တိုက်စစ် မှာ ကစားပုံ လေးလံ တဲ့ တိုက်စစ်မှူး လူကာကူ ထက် မြန်ဆန် သွက်လက် တဲ့ လူငယ် ကစားသမားလေး ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ က ပိုမို နေရာ ရရှိ လာခဲ့ ပါတယ် ။

ဒါ့အပြင် ရာသီ ကုန်ဆုံး ကာနီး ပွဲစဉ် တွေမှာ လူကာကူ ဟာ ပွဲထွက် ကစား ခွင့်ထက် အရံ ကစားသမား အဖြစ် သာ ပါဝင် ခွင့်တွေ များပြား ခဲ့တာ ကြောင့် နွေ အပြောင်း အရွှေ့ မှာ ယူနိုက်တက် မှ ထွက်ခွာ လိမ့်မယ် ဆိုပြီး သတင်း တွေ ကြီးခဲ့ ပါတယ် ။

နောက်ဆုံး တော့ သူဟာ နွေ အပြောင်း အရွှေ့ အတွင်း ကွန်တီ ဦးဆောင် တဲ့ အင်တာ မီလန် အသင်း ဆီကို ပေါင် 74 သန်း ဝန်းကျင် နဲ့ ပြောင်းရွှေ့ သွားခဲ့ ကာ ခြေစွမ်း ကောင်းတွေ ပြန်လည် ပြနိုင် ခဲ့ပြီး ဂိုးတွေ လည်း ဆက်တိုက် သွင်းယူ နိုင်ခဲ့ ပါတယ် ။

Inter Milan’s Belgian forward Romelu Lukaku (R) celebrates with Inter Milan’s Italian head coach Antonio Conte after scoring during the Italian Serie A football match AC Milan vs Inter Milan on September 21, 2019 at the San Siro stadium in Milan. (Photo by Miguel MEDINA / AFP)

အခုတော့ လူကာကူ က ယူနိုက်တက် နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား ဟာ သူ့ကို အသင်း မှာ ဆက်လက် ထိန်းသိမ်း လိုခဲ့ ပေမယ့် သူ ကိုယ်တိုင် က စိန်ခေါ်မှု အသစ် တွေကို ရှာဖွေ ဖို့ အတွက် အသင်း ပြောင်းရွှေ့ လိုခဲ့တာ ဖြစ်ကြောင်း ဖွင့်ဟ ပောကြား သွားခဲ့ လိုက် ပါတယ် ။

” ဆိုးလ်ရှား အပေါ် ကျွန်တော် အရမ်း ပဲ လေးစား သမှု ရှိ ပါတယ် ။ ကျွန်တော် မတ်လ တုန်းက အသင်း ကနေ ထွက်ခွာ ဖို့ အချိန် ကျပြီ လို့ ပြောကြား ခဲ့စဉ် တုန်းက သူဟာ ကျွန်တော့် ရဲ့ ပြော စကား အပေါ် အပြည့်အဝ နားလည် ပေးခဲ့ ပါတယ် ”

” ကျွန်တော် ဟာ အသက် 18 နှစ် အရွယ် ထဲက ပရီးမီးယား လိဂ် မှာ ရှိနေ ခဲ့သူ ပါ ။ အခုတော့ ကျွန်တော် ဟာ အသက် 26 နှစ် ကိုတောင် ရောက်ရှိ နေခဲ့ ပါပြီ ။ ဆိုးလ်ရှား ဟာ ကျွန်တော့် ကို အသင်း မှာ ဆက်လက် ရှိနေ စေလို ခဲ့ ပေမယ့် ကျွန်တော် ကိုယ်တိုင် က စိန်ခေါ်မှုု အသစ်တွေ အတွက် အဆင်သင့် ဖြစ်နေ ခဲ့ ပါတယ် ” လို့ လူကာကူ က ပြောကြား သွားခဲ့ ပါတယ် ။

2017 ခုနှစ် ကတည်းက ချဲလ်ဆီး အသင်း ဆီ သူ့ကို ခေါ်ယူ လိုနေ ခဲ့တဲ့ နည်းပြ ကွန်တီ လက်အောက် မှာ အခုတော့ လူကာကူ ဟာ ပျော်ရွှင်မှု တွေကို ခံစား နေ ပါတယ် ။ သူဟာ အသင်း အတွက် ပွဲစဉ် အတော် များများ မှာ အရေး ပါတဲ့ သွင်းဂိုး တွေကို သွင်းယူ ပေးထား နိုင်ခဲ့ သူပဲ ဖြစ်ပါတယ် ။

” ကျွန်တော် ဟာ အန်တိုနီယို ကွန်တီ နဲ့ သုံးနှစ် အထိ တစ်ကယ့် ကို ကောင်းမွန် လှတဲ့ ဆက်ဆံရေး တွေ ရှိနေ ခဲ့ ပါတယ် ။ ဒါ့ကြောင့် သူဟာ ကျွန်တော့် ဆီက ဘာတွေ ကို မျှော်လင့် နေသလဲ ဆိုတာ ကို ကျွန်တော် ကောင်းကောင်း သိရှိ ပါတယ် ”

” အင်တာ ကို ရောက်ရှိ ခဲ့တဲ့ ပထမဆုံး ရက် သတ္တပါတ် နှစ်ခု အတွင်း မှာ ကျွန်တော် အသင်း နဲ့ အတူ အရမ်း ကို အလုပ် ကြိုးစား ခဲ့ ပါတယ် ။ ကျွန်တော့် အသင်း ဖော်တွေ ခေတ္တ အနားယူ နေခဲ့ ရင်တောင် ကျွန်တော် ကတော့ တစ်ယောက် ထဲ ဆက်လက် လေ့ကျင် နေခဲ့ ပါ သေးတယ် ”

” ကူညီ ပေးခဲ့ သူတွေ ကို တစ်ကယ် ပဲ ကျေးဇူး တင် ပါတယ် ။ ကျွန်တော် အသင်း မှာ အလွယ်တကူ အံဝင် နိုင် ခဲ့တယ် လေ ။ ကျွန်တော် တို့ အသင်း မှာတော့ တိုက်စစ် ကစားသမား နှစ်ဦး နဲ့ ကစား ခဲ့ကြ ပါတယ် ။ ဒီ ပုံစံ ဟာ ကျွန်တော် နဲ့ ကိုက်ညီ တယ်လေ ။ ဘယ်လို ပဲ ဖြစ်နေ ပါစေ ၊ ကျွန်တော် ဟာ ဒီ အသင်း ဖော်တွေ အကြောင်း အရင် ထဲက သိရှိ ထားခဲ့ ပါတယ် ” လို့ လူကာကူ က ပြောကြား သွားခဲ့ လိုက် ပါတယ် ။