လီဗာပူး ကွင်းလယ်လူဟောင်း ဖြစ်သူ ဂျေဆင် မက်အာတီးယား က မန်ချက်စတာစီးတီး အသင်း အနေနဲ့ အမှတ်ပေးဖလား ကို ကာကွယ် နိုင်ဖို့ အခြေအနေ ကောင်းစေရန် လာမည့် ဆောင်းရာသီမှာ ၎င်းတို့ရဲ့ ခံစစ်ကို အားဖြည့်ဖို့ လိုအပ် တယ်လို့ ပြောသွား ခဲ့ပြီး ပက်ဂွာဒီယိုလာ အနေနဲ့ ပစ်မှတ်ထား သင့်တဲ့ ကစားသမား ၂ ဦးကို ထောက်ပြ ခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ နိုင်ငံတကာ ပွဲစဉ်တွေ မတိုင်မီ ပရီးမီးယားလိဂ် ဖလား ပြိုင်ဘက် လီဗာပူး ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့် ခဲ့တာကြောင့် ယာဂန်ကလော့ရဲ့ အသင်းနဲ့ ၉ မှတ် ပြတ်သွား ခဲ့တဲ့ အပြင် လက်စတာ နဲ့ ချဲလ်ဆီး တို့ရဲ့ အောက်ကို ရောက်သွား ခဲ့ကာ အဆင့် ၄ နေရာထိ ဆင်းပေး လို်က်ရ ပါတယ်။

မက်အာတီးယား ကတော့ ဂွာဒီယိုလာ အနေနဲ့ အေမရစ် လာပေါ့ဒ်ကို ဒဏ်ရာကြောင့် ကာလရှည် လက်လွှတ် ထားခဲ့ ရတဲ့ အပြင် ခံစစ်ပိုင်း ရွေးချယ်မှုတွေ တိုးလာ စေဖို့ အတွက် ဇန်နဝါရီမှာ ငွေကြေး သုံးစွဲ သွားရမယ်လို့ ဆိုလိုက်ပြီး နာပိုလီ နောက်ခံလူ ကာလီဒူ ကူလီဘာလီ နဲ့ အင်တာမီလန် နောက်ခံလူ မီလန် စကင်ညာ တို့ဟာ စပိန် နည်းပြ အတွက် မှန်ကန် သင့်တော်တဲ့ သူတွေ ဖြစ်တယ်လို့ ယုံကြည် နေပါတယ်။

မက်အာတီးယား က “ပြီးခဲ့တဲ့ တစ်ပတ်က မန်ချက်စတာ စီးတီး အသင်းကို အန်ဖီးမှာ အနိုင် ယူခဲ့တာကြောင့် လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ် ဖလား ကို လက်လှမ်း မှီနေပြီလို့ လူတော်တော် များများ ယူဆ နေကြ ပါတ်ယ။ ဒါပေမယ့် ဖလား ပြိုင်ပွဲဟာ မပြီးသေးဘဲ လီဗာပူး အတွက် အန္တရာယ် ရှိနေ ပါသေးတယ်။

စီးတီးဟာ မယုံကြည် နိုု်င်စရာ ဆက်တိုက် နိုင်ပွဲတွေ ရယူပြီး ဒီလို ရမှတ် ကွာဟမှု ကနေ ပြန်လာ နိုင်ဖို့ အတွက် ရည်ရွယ် နေပါတယ်။ အကယ်၍ မန်စီးတီးဟာ အရှိန်အဟုန် ကောင်းကောင်း နဲ့ နိုင်ပွဲတွေ ဆက်တိုက် ရယူ နိုင်ခဲ့မယ် ဆိုရင် ဒီလို ၉ မှတ် နဲ့ ဦးဆောင် နေမှုဟာ သိပ်ပြီး ခိုင်မာမှု မရှိ နိုင်ပါဘူး။

အမှန်ပါပဲ။ သူတို့ နောက်တန်းမှာ ပြသနာတွေ ရှိနေပြီး ပြင်ဆင် သွားဖို့ လိုအပ် ပါတယ်။ သူတို့ အနေနဲ့ နောက်ထပ် ရမှတ်တွေ မဆုံးရှံုးပဲ ဇန်နဝါရီ အပြောင်းအရွေ့ ကာလ အစကို ရောက်သွားဖို့ လိုအပ် ပါတယ်။ အဲဒီနောက် ပက်ဂွာဒီယိုလာ ဟာ နောက်ထပ် ဗဟို ခံစစ်မှုး တစ်ဦး ခေါ်ယူဖို့ လုပ်သွား မှာပါ။

အေမရစ် လာပေါ့ဒ်ဟာ အနည်းဆုံး ဖေဖော်ဝါရီ လ အထိ အနားယူ သွားရဖို့ ရှိနေပြီး ဖာနန်ဒင်ညို ကို ဗဟို ခံစစ်မှာ အသုံးပြု နေရတဲ့ အခြေအနေကြောင့် ပက် အတွက် အခြား ရွေးချယ် စရာ မရှိတဲ့ ပုံပါပဲ။ နီကိုလပ် အော်တာမန်ဒီ နဲ့ ဂျွန်စတုန်း တို့ဟာ လုံလောက်တဲ့ ကောင်းမွန်မှု မရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။

ကျွန်တော်ဟာ နာပိုလီ နောက်ခံလူ ကာလီဒူ ကူလီဘာလီ ရဲ့ အမာခံ ပရိတ်သတ် တစ်ဦးပါ။ ဒါပေမယ့် သူ့ကို လူတော်တော် များများ ကလည်း နှစ်သက် ကြပါတယ်။ ဒ့ါကြောင့် သူ့ကို ခေါ်ယူ နိုင်ဖို့ အတွက် ငွေကြေး ကတော့ အတော် ကုန်ကျမှာ ဖြစ်ပါတယ်။

နာပိုလီ ဘက်က တောင်းဆိုတာ အရမ်းကို များနေမယ် ဆိုရင်တော့ ပက် အနေနဲ့ အင်တာက မီလန် စကင်ညာ လို ကစားသမား ကို တစ်ချက် ကြည့်သင့် ပါတယ်။ သူကလည်း ချီးကျူးမှုတွေ အများကြီး ခံနေရတဲ့ သူပါ။ ဘာပဲဖြစ်ဖြစ် ပက် အနေနဲ့ တစ်စုံတစ်ခု လုပ်သွား ရမှာပါ။ ဘာလို့လဲ ဆိုတော့ ခင်ဗျားသာ စီးတီး ပရိတ်သတ် တစ်ဦး ဆိုရင် ဒီခံစစ်ဟာ အရမ်းကို ပွဲကျပ်တဲ့ ဆောင်းရာသီ ကာလကို ကောင်းကောင်း ဖြတ်ကျော် နိုင်ဖို့ လုံလောက်တဲ့ ကောင်းမွန်မှု မရှိလို့ ဖြစ်ပါတယ်။” လို့ ပြောသွား ပါတယ်။

SM