လက်ရှိ ဘာစီလိုနာ နဲ့ စပိန် လက်ရွေးစင် အသင်း တို့ရဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ ဂျာရတ် ပီကေး က မန်ချက်စတာ ယူနိုက်တက် အသင်း မှာ လူငယ် ကစားသမား လေး တစ်ဦး အဖြစ် လေးနှစ် အချိန် ကုန်ဆုံး ခဲ့ရ ခြင်းက သူ့ကို အခုလို ကစားသမားမျိုး ဖြစ်စေ ခဲ့ကြောင်း ဝန်ခံ စကား ပြောကား သွားခဲ့ လိုက် ပါတယ် ။

သူဟာ ယူနိုက်တက် အသင်း မှာ ကစားသမား ကောင်းတွေ အကြား ပညာ သင်ယူရင်း နဲ့ ရရှိ ခဲ့တဲ့ အတွေ့ အကြုံ တွေက နောက်ပိုင်း ဘာစီလိုနာ အသင်း ကို ပြောင်းရွှေ့ ခဲ့တဲ့ အခါ သူ့ကို ပိုမို တိုးတက် ကောင်းမွန် တဲ့ ကစားသမား ဖြစ်စေ ခဲ့ကြောင်း ပီကေး က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် မန်ချက်စတာ ယူနိုက်တက် အသင်း မှာ လေးနှစ် လောက် ကစား ဖို့ အတွက် သူငယ်ချင်း တွေကို စွန့်ခွာ ခဲ့တဲ့ အချိန် က တစ်ကယ့် ကို ခက်ခဲ ခဲ့ ပါတယ် ။ အခြား တစ်ဖက် မှာတော့ အဲ့တာ က ကျွန်တော့် ကို ခမ်းနား တဲ့ အတွေ့ အကြံု တွေကို ရရှိ စေခဲ့ ပါတယ် ”

” ကျွန်တော် အဲ့ဒီ မှာပဲ အတော်လေး ကြီးပြင်း ခဲ့ရ ပါတယ် ။ ကျွန်တော် ပွဲထွက် ကစား ခွင့်တွေ သိပ်ပြီး မရရှိ ခဲ့တာ တောင် ကျွန်တော် မန်ချက်စတာ မှာ ရှိနေ ခဲ့ ရတဲ့ အခိုက်အတန့် တွေ ကြောင့်ပဲ အခု ဖြစ်တည် နေတဲ့ တစ်ရာ တစ်ခု ကို ရောက်ရှိ နိုင်ခဲ့ တယ် ဆိုတာ သေချာ လှ ပါတယ် ”

” ကျွန်တော် အဲ့ဒီမှာ ရှိနေ ခဲ့စဉ် တုန်းက ကမ႓ာ့ အကောင်းဆုံး ခံစစ် ကစားသမား သုံးဦး စာရင်းထဲ ပါဝင် ကြတဲ့ ကစားသမား နှစ်ဦး ( ဖာဒီနန် ၊ ဗီဒစ် ) နဲ့ အတူ ရှိနေ ခဲ့ ရတယ် လေ ။ ဒါပေမယ့် အဲ့ဒီ မှာ ရှိနေ ရတာ နဲ့ ကစားသမား ဘဝ ကို အဲ့ဒီ နေရာ မှ စတင် ပိုင်ဆိုင် ခဲ့ ရတာ က တစ်ကယ့် ကို ခမ်းနား လှတဲ့ အရာ တစ်ခု ပါပဲ ။ ဒီ အတွက် ကျွန်တော် ဂုဏ်ယူ မိ ပါတယ် ” လို့ ပီကေး က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ပီကေး ဟာ စပိန် လက်ရွေးစင် အသင်း ကြီး အတွက် 102 ပွဲ အထိ ကစား ပေး ခဲ့တဲ့ နောက် ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လက်ရွေးစင် ကစားသမား ဘဝ မှ အနား ယူခဲ့ သူပဲ ဖြစ်ပါတယ် ။ အခုတော့ သူဟာ ပြည်တွင်း ဖလား ကစား ရဖို့ အတွက် တောင် နောက်ဆုံး အသက် အရွယ် ကို ရောက်ရှိ နေပြီ ဖြစ်ကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့ ပါတယ် ။

ဒါပေမယ့် အခု အချိန် အထိ တော့ သူ့ ဆီမှာ ကစားသမား ဘဝ မှ အနား ယူဖို့ တိကျ သေချာ တဲ့ အစီအစဉ် တစ်ခု မရှိ သေးကြောင်း ၊ ဒါပေမယ့် ဘာစီလိုနာ က လွဲရင် အခြား အသင်း မှာလည်း ကစားသမား ဘဝ ကို မကုန်ဆုံး စေလို ကြောင်း ပီကေး က ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

 

” လက်ရှိ အချိန် မှာ ကျွန်တော့် ရဲ့ အတွေး တွေက ဒီနှစ် ဟာ ငါ့ရဲ့ နောက်ဆုံး နှစ် ဖြစ်သွား နိုင်တယ် ဆိုတာ ပါပဲ ။ ကျွန်တော် ဟာ တက်စွမ်း နိုင် သလောက် တော့ ကျွန်တော့် စိတ်တွေ ကို ဘောလုံး အား ကစား ထဲ ဆက်လက် ပြီး နှစ်မြှုပ် ထားလို ပါသေးတယ် ”

” ကျွန်တော် ကတော့ ဖြစ်နိုင်မယ် ဆိုရင် အကောင်းဆုံး နည်းလမ်း နဲ့ ကစားသမား ဘဝ ကို နှုတ်ဆက် ချင် ပါတယ် ။ ကျွန်တော် နောက်ထပ် ကစား နိုင်မှာ တစ်နှစ် လား ၊ နှစ်နှစ် လား ၊ ငါးနှစ် လား ဆိုတာ ကိုတော့ မသိသေး ပါဘူး ။ ကျွန်တော် အခု အချိန် ဘာစီလိုနာ မှာပဲ အရမ်း ပျော်ရွှင် နေ ပါတယ် ” လို့ ပီကေး က အဆုံးသတ် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar