* ပြီးခဲ့တဲ့ အပတ် က မှ ချယ်လ်ဆီး အသင်း ရဲ့ တရားဝင် နည်းပြသစ် ဖြစ်လာတဲ့ ဖရန့် လမ်းပတ် ဟာ ၄င်းရဲ့ နည်းပြ အဖွဲ့ဝင် အဖြစ် ဒါဘီ မှာ လက်တွဲ ခဲ့တဲ့ အဖွဲ့ဝင် ၂ဦး ဖြစ်တဲ့ ဂျိုဒီ မောရစ် နဲ့ ခရစ်ဂျုံးစ် တို့ကို ခေါ်ယူ ခဲ့ပြီးတဲ့နောက် အခု အခါ မှာ ပြီးခဲ့တဲ့ ရာသီ က ဒါဘီ အသင်း မှာ ရာသီဝက် လာကစား ခဲ့တဲ့ ချယ်လ်ဆီး ဘယ်နောက်ခံလူ ဟောင်း အက်ရှ်လေကိုးလ် ကိုပါ နည်းပြ အဖွဲ့ဝင် ထဲ ထည့်သွင်းဖို့ စဉ်းစား နေကြောင်း Daily Mirror ရဲ့ ဖော်ပြချက် တခု အရ သိရပါတယ် ။

* မနေ့ကပဲ ချယ်လ်ဆီး အသင်း ရဲ့ ပိုလန် လူငယ် ဂိုးသမား မာစင် ဘော်လ်ကာ က ပီအက်စ်ဂျီ အသင်း ကို အလွတ် ပြောင်းရွှေ့ကြေး နဲ့ အတူ ၂နှစ် စာချုပ် နဲ့ ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ် ။ ဘော်လ်ကာ ဟာ ချယ်လ်ဆီး အသင်း မှာ ပွဲထွက်ခွင့် ဆက်လက် သည်းခံ နိုင်ခဲ့ခြင်း မရှိခဲ့တာကြောင့် စာချုပ် သက်တမ်း မတိုးပဲ အသင်း ပြောင်းခဲ့တာ ဖြစ်ပါတယ် ။

* လီဗာပူး အသင်း ရဲ့ လူငယ် တောင်ပံ ကစားသမား ဟယ်ရီ ဝီလ်ဆင် က သူဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ဒါဘီ အသင်း မှာ ဖရန့် လမ်းပတ် ရဲ့ ယုံကြည်မှု အပြည့် ပေးမှု ကြောင့် တကယ့် ပွဲစဉ် တွေ ကစားရာမှာ ရှိန်နေခြင်း မရှိ ၊ ကြောက်ရွံ့ နေခြင်း မရှိ သလို ၊ ခြေစွမ်းပိုင်း လည်း အများကြီး တိုးတက် လာခဲ့ကြောင်း လီဗာပူး အသင်း နဲ့ တရားဝင် ဝက်ဘ်ဆိုက် နဲ့ အင်တာဗျူး မှာ ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။

* The Guardians ရဲ့ ဖော်ပြချက် အရ အဲဗာတန် အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ၊ လက်ရှိ အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂို ကော်စတာ ကို ခေါ်ယူဖို့ ကြိုးစား နေပြီး ကော်စတာ သာ အဲဗာတန် သို့ ပြောင်းလာမယ် ဆိုရင် ချယ်လ်ဆီး အသင်း ရဲ့ နောက်ခံလူ ဇူးမား ကို နောက်ထပ် အငှား စာချုပ် ( သို့မဟုတ် ) အပြီးသတ် ခေါ်ယူဖို့ အခွင့်အလမ်း ပိုများ လာမယ် လို့ ယူဆ နေကြပါတယ် ။ ဇူးမား ဟာ ဒီယေဂို ကော်စတာ နဲ့ အရမ်း ခင်မင် ရင်းနှီးသူ ဖြစ်ပြီး ကော်စတာ ကို လေးစား အားကျ တဲ့ အကြောင်း ၄င်းရဲ့ တွစ်တာ အကောင့် ကနေ လည်း မကြာခဏ ဖော်ပြ လေ့ ရှိပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်စတီယန် ပူလီဆစ် ဟာ ယနေ့ မနက်က ပဲ ကျင်းပ ပြီးစီး သွားခဲ့တဲ့ ကွန်ကာကပ်ဖ် ဖလား ( Gold Cup ) ရဲ့ ပြိုင်ပွဲ တလျှောက် အကောင်းဆုံး လူငယ် ကစားသမား ဆု ကို ရရှိ ခဲ့ကြောင်း သိရပါတယ် ။

* ဘရစ္စတိုးလ် စီးတီး အသင်း နည်းပြ လီဂျွန်ဆင် က ၄င်းတို့ အနေနဲ့ နောက်ထပ် ချယ်လ်ဆီး အသင်း ရဲ့ လူငယ် ကွင်းလယ်လူ ကေစီ ပါလ်မာ ကို ခေါ်ယူဖို့ ကြိုးစား ခဲ့ပေမယ့် ကစားသမား ကိုယ်တိုင် က ဖရန့် လမ်းပတ် ရဲ့ ရာသီကြို ခရီးစဉ် မှာ အကောင်းဆုံး ကြိုးစား ပြီး အသင်းကြီး မှာ နေရာ ရဖို့ တိုက်ပွဲ ဝင်လိုစိတ် ရှိသေးတာကြောင့် မခေါ်ယူ ဖြစ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြား ခဲ့ပါတယ် ။ ချန်ပီယံရှစ် ကလပ် ဘရစ္စတိုးလ် စီးတီး ဟာ ယခုနှစ် အပြောင်းအရွှေ့ အတွင်း မှာ ချယ်လ်ဆီး အသင်း ရဲ့ လူငယ် နောက်ခံလူ ၂ဦး ဖြစ်တဲ့ ဂျေး ဒါဆေးလ်ဗား နဲ့ တိုမက်စ် ကာလက်စ် တို့ကို အပြီးသတ် ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။

* ချယ်လ်ဆီး အသင်း ရဲ့ ဘရာဇီး လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား နေသန် ဟာ ဘရာဇီး ကလပ် အက်သလက်တီကို မင်နဲရိုး အသင်း သို့ နောက်ထပ် အငှား ၆လ ထပ်ကစား တော့မယ် လို့ ချယ်လ်ဆီး အသင်း က တရားဝင် ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ် ။ နေသန် ဟာ ပြီးခဲ့တဲ့ ရာသီ တဝက်လောက် ထိ မင်နဲရိုး မှာ နေရာ ရဖို့ ရုန်းကန် ခဲ့ရပေမယ့် နောက်ပိုင်း ပွဲစဉ် တွေမှာ ကစားခွင့် တချို့ ပြန်လည် ရရှိ ခဲ့ပါတယ် ။

* ပြီးခဲ့တဲ့ စနေနေ့ ည က ကစား သွားခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ ဖလား တတိယ လုပွဲ မှာ ဆွီဒင် အမျိုးသမီး အသင်း ဟာ အင်္ဂလန် အမျိုးသမီး အသင်း ကို ၂ – ၁ နဲ့ အနိုင် ရရှိ ခဲ့ကာ ကြေးတံဆိပ် ကို ဆွတ်ခူး သွားခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ ဆွီဒင် အမျိုးသမီး ကစားသမား ၂ဦး ဖြစ်တဲ့ ဂိုးသမား လင်ဒါဟယ်လ် နဲ့ ဘယ်နောက်ခံလူ အဲရစ်ဆင် တို့ ပွဲချိန် ပြည့် ပါဝင်ခဲ့သလို အင်္ဂလန် အမျိုးသမီး အသင်း မှာလည်း ချယ်လ်ဆီး အသင်း အမျိုးသမီး ဂိုးသမား တယ်လ်ဖို့ဒ် ၊ ကွင်းလယ် တိုက်စစ် ကစားသမား ဖရန် ကာဘီ တို့ ပွဲချိန်ပြည့် ပါဝင်ခဲ့ပြီး ကာဘီ ဟာ ပွဲချိန် ၃၁ မိနစ် မှာ အင်္ဂလန် အတွက် ချေပဂိုး သွင်းယူ ပေးခဲ့ပါတယ် ။ နောက်ထပ် ချယ်လ်ဆီး အသင်း ရဲ့ အင်္ဂလန် အမျိုးသမီး ကွင်းလယ် တိုက်စစ် ကစားသမား ကယ်ရန် ကာနီ ကတော့ ၇၄ မိနစ် မှာ လူစားဝင် ကစားခွင့် ရရှိ ခဲ့ပါတယ် ။

LEEDS, ENGLAND – MAY 15: Frank Lampard, Manager of Derby County celebrates victory following the Sky Bet Championship Play-off semi final second leg match between Leeds United and Derby County at Elland Road on May 15, 2019 in Leeds, England. (Photo by Alex Livesey/Getty Images)

* ပြီးခဲ့တဲ့ စနေနေ့ က ကစားသွား ခဲ့တဲ့ အာဖရိက နိုင်ငံများ ဖလား ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ် မှာ နိုင်ဂျီးရီးယား လက်ရွေးစင် အသင်း ဟာ ကင်မရွန်း လက်ရွေးစင် အသင်း ကို ၃ – ၂ နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ် သို့ တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ် ။ ထိုပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ နိုင်ဂျီးရီးယား ခံစစ်မှူး ကမ်းနက် အိုမြူရို ပွဲချိန်ပြည့် ပါဝင် ကစားခဲ့သလို နိုင်ဂျီးရီးယား အသင်း ရဲ့ အဖွင့်ဂိုး ကိုလည်း ဖန်တီး ပေးနိုင်ခဲ့ပါတယ် ။

* ယနေ့ မနက် က ကစား သွားခဲ့တဲ့ ကွန်ကာကပ်ဖ် ဖလား ဗိုလ်လုပွဲ မှာ မက္ကဆီကို လက်ရွေးစင် အသင်း ဟာ အမေရိကန် လက်ရွေးစင် အသင်း ကို ၁ – ၀ နဲ့ အနိုင်ရကာ ၈ကြိမ် မြောက် အဖြစ် ဗိုလ်စွဲ သွားခဲ့ပြီ ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ရဲ့ အမေရိကန် လက်ရွေးစင် ကစားသမား ၂ဦး ဖြစ်တဲ့ တောင်ပံ ကစားသမား ခရစ်စတီယန် ပူလီဆစ် နဲ့ ခံစစ်မှူး မတ် မီယေဇဂါ တို့ ပွဲချိန်ပြည့် ကစားပေး ခဲ့ပါတယ် ။

SPORTS MYANMAR